What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 February 2017 16:51

ကွန်ပျူတာဖြင့် အလုပ်လုပ်သူများအတွက် ကျန်းမာရေးသတိပေးချက်များ

ကွန်ပျူတာဖြင့် အလုပ်လုပ်သူများအတွက် ကျန်းမာရေးသတိပေးချက်များ Google.com

ကွန်ပျူတာရှေ့ထိုင်ပြီး အချိန်ကြာ ကြာ စာရိုက်ရသူများမှာ မျက်လုံးကြွက် သားများ အားကုန်ခြင်း၊ အညောင်းမိ၊ ခါးနာခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း၊ လက်ချောင်းများနှင့် လက်ကောက်ဝတ် များနာကျင်ခြင်း စသည့်ဝေဒနာများ ဖြစ်လာစေပါတယ်။

၁. ကွန်ပျူတာကို မိနစ် ၂ဝ လောက် ကြည့်ပြီးတိုင်း အခြားတစ်နေရာသို့ မျက်နှာ မူ၍ ပေ ၂ဝ အကွာရှိ ပစ္စည်းတစ်ခုခုထံ အကြည့်လွှဲပါ။ ဒီနည်းက မျက်လုံးအိမ်ထဲ ရှိမှန်ဘီလူးကို ပြေလျော့စေပါတယ်။

၂. ကွန်ပျူတာကို မိနစ် ၂ဝ လောက် ကြည့်ပြီးတိုင်း မျက်လုံးအိမ်စိုစွတ်စေဖို့ မျက်တောင်အကြိမ် ၂ဝ ခတ်ပေးပါ။ ဒီနည်းက ကွန်ပျူတာစိုက်ကြည့်ခြင်း ကြောင့် မျက်စိခြောက်ခြင်းနှင့် အခြား နောက်ဆက်တွဲ မျက်စိဝေဒနာများမဖြစ် အောင် ထိန်းသိမ်းပေးပါတယ်။

၃. ကွန်ပျူတာခုံမှာ မိနစ် ၂ဝ လောက် ထိုင်ပြီးတိုင်း ခြေလှမ်း ၂ဝ ထလျှောက် ပေးပါ။ ဒီနည်းက ခြေထောက်နဲ့ခန္ဓာကိုယ် အောက်ပိုင်းမှာ သွေးများစုပုံမနေတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလည်ပတ်မှုပြန်လည်မျှတလာစေပါတယ်။

၎. အလုပ်ချိန်ပြီးပြီဆိုရင် လက်ကောက် ဝတ်ကို နာရီလက်တံလည်ပတ်သည့် လားရာအတိုင်း ၁ဝ ကြိမ်စက်ဝိုင်းပုံစံ လှည့်ပေးပါ။ ပြီးရင် နာရီလက်တံ ပြောင်းပြန် ၁ဝ ကြိမ်စက်ဝိုင်းပုံစံလှည့် ပါ။ ဒီနည်းက လက်ချောင်း၊ လက်ဆစ် များနှင့် လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေပါတယ်။

၅. တစ်နေ့တာအတွက် တာဝန်ချိန်ပြီး ဆုံးသွားပါက လည်ပင်းကိုငြိမ်ငြိမ်ထား ပြီး ခေါင်းကို ယာဘက်သို့ ၁ဝ ကြိမ် ဖြည်းဖြည်းချင်းရွှေ့ပါ။ ပြီးရင်ခေါင်းကို အပေါ်-အောက် ၁ဝ ကြိမ်ဖြည်းဖြည်း ချင်းရွှေ့ပါ။ ဒီနည်းက ဇက်ကြောတက် ခြင်း၊ လည်ပင်းအရိုးအဆစ်များညောင်းညာ ခြင်း စသည့်ဝေဒနာများကိုချက်ချင်း သက်သာသွားစေပါတယ်။

Credit: thit htoo lwin

Read times Last modified on Thursday, 16 February 2017 16:55
Rate this item
(0 votes)