What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 March 2020 12:52

ကိုလက်စထရော လျော့ချတဲ့နည်း

ကိုလက်စထရောဆိုတာ သွေးထဲရှိ အဆီတစ်မျိုးဖြစ်ပါတယ်။

ကိုလက်စထရောကို အဆီပရိုတင်းများက ခန္ဓာကိုယ်အတွင်း သယ်ဆောင်ပေးပါတယ်။ ကိုလက်စထရောက ခန္ဓာကိုယ်လိုအပ်နေတဲ့ အဆီတစ်မျိုးဖြစ်ပေမဲ့ လိုအပ်တာထက် ပိုရင်တော့ သွေးကြောပိတ်တာ ၊ နှလုံးထိခိုက်တာ ၊ သွေးကြောများ ဖောင်းပွခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုလက်စထရော မြင့်တက်မှုသည် အမျိုးသားများက အမျိုးသမီးများထက် ပိုဖိုဖြစ်ပွားလေ့ရှိပါတယ်။

 

အဆီနည်းသော အသားများစားခြင်း

ခန္ဓာကိုယ်တွင် ကိုလက်စထရော အဆီအနည်းငယ် လိုအပ်တဲ့အတွက် အသားများကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အဆီများတဲ့ အသားစားသုံးခြင်းဖြင့် မကောင်းတဲ့ကိုလက်စထရော အဆီများကိုရရှိစေပြီး နှလုံးသွေးကြောကျဉ်းတာ နဲ့ နှလုံးကို ထိခိုက်စေပါတယ်။

 

Omega-3s

ခန္ဓာကိုယ်တွင် လိုအပ်သော ပရိုတင်း နဲ့ Omega-3s ဓာတ်များက ငါးအများစုတွင် ပါဝင်တဲ့အတွက်ကြောင့် ငါးများကို စားသုံးပေးခြင်းဖြင့် မကောင်းတဲ့ကိုလက်စထရောအဆီများကို လျော့ချနိုင်ပါတယ်။

 

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးစားခြင်းက ခန္ဓာကိုယ်တွင်းလိုအပ်နေတဲ့ အာဟာရဓာတ်များကို ရရှိနိုင်သလို မကောင်းတဲ့ ကိုလက်စထရော အဆီများကို လည်းလျော့ချနိုင်ပါတယ်။

 

Distributors & Suppliers (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ေဆး၀ါးမ်း

 

လေကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင်းခန်းပြုလုပ်တဲ့နေရာမှာ ပေါ့ပါးသောလေ့ကျင့်ခန်းကို ပုံမှန်ပြူလုပ်ပေးဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင် စေယုံသာမက မကောင်းတဲ့ကိုလက်စထရော အဆီများကိုလည်း လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းကို တစ်ရက် ကို ၃၀ မိနစ် တစ်ပတ် ၅ရက်နှုန်းဖြင့်ပြုလုပ်ပေးပါ။

 

အနားယူတာ

စိတ်ဖီစီးမှုများကြောင့်လည်း ကိုလက်စထရေကို မြင့်တက်စေတဲ့အတွက် စိတ်ဖီစီးများချိန်မှာ လွတ်လပ်တိတ်ဆိတ်သော နေရာများတွင် အနားယူတာ ၊ တရားထိုင်တာ ၊ စိတ်ကိုပေါ့ပါးစေတဲ့ လေ့ကျင့်ခန်းများပြုလုပ်တာ နဲ့ ဝါသနာပါသောအလုပ် တစ်ခုခုကိုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ချနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====

 

ကိုလက္စထေရာ ေလ်ာ့ခ်တဲ့နည္း

 

ကိုလက္စထေရာဆိုတာ ေသြးထဲရွိ္ အဆီတစ္မ်ိဳးျဖစ္ပါတယ္။ ကုိလက္စထေရာကို အဆီပရိုတင္းမ်ားက ခႏၶာကိုယ္အတြင္း သယ္ေဆာင္ေပးပါတယ္။ ကိုလက္စထေရာက ခႏၶာကိုုယ္လိုအပ္ေနတဲ့ အဆီတစ္မ်ိဳးျဖစ္ေပမဲ့ လုိအပ္တာထက္ ပိုရင္ေတာ့ ေသြးေၾကာပိတ္တာ ၊ ႏွလံုးထိခိုက္တာ ၊ ေသြးေၾကာမ်ား ေဖာင္းပြျခင္းမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ကိုလက္စထေရာ ျမင့္တက္မႈသည္ အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ ပိုဖိုျဖစ္ပြားေလ့ရွိပါတယ္။

 

အဆီနည္းေသာ အသားမ်ားစားျခင္

ခႏၶာကိုယ္တြင္ ကိုလက္စထေရာ အဆီအနည္းငယ္ လိုအပ္တဲ့အတြက္ အသားမ်ားကို စားသံုးေပးဖို႔လုိအပ္ပါတယ္။ ဒါေပမဲ့ အဆီမ်ားတဲ့ အသားစားသံုးျခင္းျဖင့္ မေကာင္းတဲ့ကိုလက္စထေရာ အဆီမ်ားကိုရရွိေစၿပီး ႏွလံုးေသြးေၾကာက်ဥ္းတာ နဲ႔ ႏွလံုးကို ထိခိုက္ေစပါတယ္။

 

Omega-3s

ခႏၶာကိုယ္တြင္ လိုအပ္ေသာ ပရိုတင္း နဲ႔ Omega-3s ဓာတ္မ်ားက ငါးအမ်ားစုတြင္ ပါ၀င္တဲ့အတြက္ေၾကာင့္ ငါးမ်ားကို စားသံုးေပးျခင္းျဖင့္ မေကာင္းတဲ့ကိုလက္စထေရာအဆီမ်ားကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ပဲအမ်ိဳးမ်ိဳး

ပဲအမ်ိဳးမ်ိဳးစားျခင္းက ခႏၶာကိုယ္တြင္းလိုအပ္ေနတဲ့ အာဟာရဓာတ္မ်ားကို ရရွိႏိုင္သလို မေကာင္းတဲ့ ကိုလက္စထေရာ အဆီမ်ားကို လည္းေလ်ာ့ခ်ႏုိင္ပါတယ္။

 

Distributors & Suppliers (ေဆးဝါးျဖန္႔ခ်ိေရးလုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for ေဆး၀ါးမ်း

 

ေလက်င့္ခန္းျပဳလုပ္ျခင္း

ေလ့က်င္းခန္းျပဳလုပ္တဲ့ေနရာမွာ ေပါ့ပါးေသာေလ့က်င့္ခန္းကို ပံုမွန္ျပဴလုပ္ေပးဖို႔လိုအပ္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းက ခႏၶာကိုယ္က်န္းမာႀကံ႔ခိုင္ ေစယံုသာမက မေကာင္းတဲ့ကိုလက္စထေရာ အဆီမ်ားကိုလည္း ေလ်ာ့ခ်ႏိုင္ပါတယ္။ ေလ့က်င့္ခန္းကို တစ္ရက္ ကို ၃၀ မိနစ္ တစ္ပတ္ ၅ရက္ႏႈန္းျဖင့္ျပဳလုပ္ေပးပါ။

 

အနားယူတာ

စိတ္ဖီစီးမႈမ်ားေၾကာင့္လည္း ကိုလက္စထေရကို ျမင့္တက္ေစတဲ့အတြက္ စိတ္ဖီစီးမ်ားခ်ိန္မွာ လြတ္လပ္တိတ္ဆိတ္ေသာ ေနရာမ်ားတြင္ အနားယူတာ ၊ တရားထိုင္တာ ၊ စိတ္ကိုေပါ့ပါးေစတဲ့ ေလ့က်င့္ခန္းမ်ားျပဳလုပ္တာ နဲ႔ ၀ါသနာပါေသာအလုပ္ တစ္ခုခုကိုလုပ္ျခင္းျဖင့္ စိတ္ဖိစီးမႈကို ေလ်ာ့ခ်ႏိုင္ပါတယ္။

Written By Health Products Directory

Read times Last modified on Thursday, 05 March 2020 17:44
Rate this item
(0 votes)