What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 15:00

ပင်စိမ်းပင်ကို အသုံးပြုနိုင်သည့်ဆေးနည်း (၁၀) ချက်

မြန်မာနိုင်ငံအနှံအပြားတွင် သဘာဝအလျောက်ပေါက်ရောက်ပြီး အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးပြောပါဆိုလျှင် ပင်စိမ်းပင်ကိုပြောရမှာပါ။မျိုးစေ့မှတဆင့် စိုက်ပျိုးနိုင်ပြီး မြေသြဇာ အထူးတလည်ထည့်စရာမလိုပေ။ 

ပင်စိမ်းပင်၏ အရွက်နှင့်အစေ့ကို ဆေးဖက်ဝင်အနေနဲ့ သုံးစွဲကြပါတယ်။

 

ပင်စိမ်းပင်အမျိုးအစား အမျိုးမျိုးရှိပါတယ်။ အရသာက ပူစပ်ပူစပ်အရသာနဲ့ ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်းအမျိုးမျိုးရှိပါတယ်။

 

မြန်မာဆေးကျမ်းအဆိုအရ ပင်စိမ်းပင်သည် ပူတယ်။စပ်တယ်။ အနည်းငယ်ခါးတယ်။ လေသလိပ်ကို နိုင်ပြီး ဆီးကိုနိင်ပါတယ်။ လေကိုသက်စေပြီး သွေးကိုတတ်စေနိုင်တယ်။ ရင်ကြပ်နာ၊ အစာမကြေ၊ချွဲကျပ်နာတို့ကို နိုင် တယ်။ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာတွေကို ယူပစ်သလိုပျောက်ပါတယ်။ အစာကြေတယ်၊ ခံတွင်းကောင်းတယ်။ အနံ့ပျောက်တယ်။ အသံသာတယ်၊ အသက်ရှည်တယ်လို့သိရပါတယ်။

ပင်စိမ်းပင်ကိုသုံးခြင်းဖြင့် ပျောက်ကင်းနိုင်သော ရောဂါအချို့နှင့်ဆေးနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) နားကိုက်ခြင်း

ပင်စိမ်းရွက်ကို မီးအုံပြီး နားထဲသို့ အရည်နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။

 

(၂) ကလေးကြောပူ ခေါင်းပူထခြင်း

ပင်စိမ်းရွက်နဲ့ ကွမ်းရွက်ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့်အနည်းငယ်ဖြင့် ရောကြိတ်ပြီး တစ်ကိုယ်လုံး ခပ်ပါးပါးလိမ်းပေးပါ။

 

(၃) ခေါင်းတခြမ်းကိုက်ခြင်း
ပင်စိမ်းရွက်သတ္တုရည် လတ်လတ်ဆတ်ဆတ်ညှစ်ယူပြီး နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

 

(၄) ဆီးချုပ်၊ ဆီးအောင့်၊အသည်းရောင်၊အသားဝါ နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နှင့် ရောပြီး အလုံးလေးတွေလုံးထား၍ နေခြောက်လှန်းကာ နံနက်-ညတစ်လုံးစီသောက်ပေးပါရန်၊

 

Medical (ဆေးပစ္စည်း ကိရိယာ ရောင်းချသော ဆိုင်ပေါင်း ၃၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Medical

 

(၅) ငှက်ဖျား

ပင်စိမ်းလတ်လတ်ဆတ်ဆတ်လေး ငါးရွက်လောက်ကို ငရုတ်ကောင်းစေ့အနက်သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ်မှန်မှန်သောက်ပေးပါ။

 

(၆) အရေပြားယားနာ

ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ။ ထိုထောင်းပြီးသား အရွက်ဖြင့် ပွတ်တိုက်ပေးပါ။အုံပေးပါ။

 

(၇) အစာမကြေဝမ်းကိုက်

ပင်စိမ်းရွက်ပြုတ်ရည်ကိုသောက်ပေးပါ။

 

(၈) လည်ချောင်းနာ ၊အသံဝင်

ပင်စိမ်းစေ့ ကိုရေစိမ့်ပြီး ထိုရေကိုသောက်ပေးပါ။

 

(၉) ဗိုက်ကြောပြတ်ခြင်း

ဗိုက်ကြောပြတ်၍ ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့်ဖြူးပြီး ပွတ်သပ်ပေးပါ။

 

(၁၀) ဝက်ခြံ၊တင်းတိပ်၊ ညှင်း၊ အဖြူကွက်

ပင်စိမ်းရွက် သတ္တုရည်ကို လိမ်းပေးပါ။

စသည့် အချက်မျာသည် ပင်စိမ်းပင်၏ ကောင်းကျိုးအချို့သာဖြစ်ပါသည်။ အခြားကောင်းကျိုးများစွာ ရရှိနိုင်တဲ့ ပင်စိမ်းပင်ကို အသုံးတည့်၍ ရောဂါဘယကင်းဝေးနိုင်ကြပါစေ။

Source: pwintssan


(Zawgyi)

=====

ပင္စိမ္းပင္ကို အသုံးျပဳႏိုင္သည့္ေဆးနည္း (၁၀) ခ်က္

 

ျမန္မာႏိုင္ငံအႏွံအျပားတြင္ သဘာဝအေလ်ာက္ေပါက္ေရာက္ၿပီး အလြယ္တကူရွာေဖြေတြ႕ရွိႏိုင္သည့္ ေဆးဖက္ဝင္အပင္တစ္မ်ိဳးေျပာပါဆိုလွ်င္ ပင္စိမ္းပင္ကိုေျပာရမွာပါ။မ်ိဳးေစ့မွတဆင့္ စိုက္ပ်ိဳးႏိုင္ၿပီး ေျမၾသဇာ အထူးတလည္ထည့္စရာမလိုေပ။ ပင္စိမ္းပင္၏ အ႐ြက္ႏွင့္အေစ့ကို ေဆးဖက္ဝင္အေနနဲ႔ သုံးစြဲၾကပါတယ္။  

 

ပင္စိမ္းပင္အမ်ိဳးအစား အမ်ိဳးမ်ိဳးရွိပါတယ္။ အရသာက ပူစပ္ပူစပ္အရသာနဲ႔ ပင္စိမ္းျဖဴ၊ ဟင္းစားပင္စိမ္း၊ ပင္စိမ္းနက္၊ ပင္စိမ္းညိဳ၊ ပင္စိမ္းႀကီး၊ ဗလရွင္ကင္ဟူ၍ ပင္စိမ္းအမ်ိဳးမ်ိဳးရွိပါတယ္။

 

ျမန္မာေဆးက်မ္းအဆိုအရ ပင္စိမ္းပင္သည္ ပူတယ္။စပ္တယ္။ အနည္းငယ္ခါးတယ္။ ေလသလိပ္ကို ႏိုင္ၿပီး ဆီးကိုနိင္ပါတယ္။ ေလကိုသက္ေစၿပီး ေသြးကိုတတ္ေစႏိုင္တယ္။ ရင္ၾကပ္နာ၊ အစာမေၾက၊ခြၽဲက်ပ္နာတို႔ကို ႏိုင္ တယ္။ ေခ်ာင္းဆိုးနာ၊ ပိုးနာ၊ ထိုးက်င္ေသာအနာေတြကို ယူပစ္သလိုေပ်ာက္ပါတယ္။ အစာေၾကတယ္၊ ခံတြင္းေကာင္းတယ္။ အနံ႔ေပ်ာက္တယ္။ အသံသာတယ္၊ အသက္ရွည္တယ္လို႔သိရပါတယ္။

ပင္စိမ္းပင္ကိုသုံးျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္ေသာ ေရာဂါအခ်ိဳ႕ႏွင့္ေဆးနည္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) နားကိုက္ျခင္း

ပင္စိမ္း႐ြက္ကို မီးအုံၿပီး နားထဲသို႔ အရည္ႏွစ္စက္ေလာက္က်ေအာင္ ညႇစ္ထည့္ေပးပါ။

 

(၂) ကေလးေၾကာပူ ေခါင္းပူထျခင္း

ပင္စိမ္း႐ြက္နဲ႔ ကြမ္း႐ြက္ဆတူယူ၍ က်ပ္ခိုးႏွင့္ နႏြင္းမႈန႔္အနည္းငယ္ျဖင့္ ေရာႀကိတ္ၿပီး တစ္ကိုယ္လုံး ခပ္ပါးပါးလိမ္းေပးပါ။

 

(၃) ေခါင္းတျခမ္းကိုက္ျခင္း

ပင္စိမ္း႐ြက္သတၱဳရည္ လတ္လတ္ဆတ္ဆတ္ညႇစ္ယူၿပီး နားထင္ႏွင့္ နဖူးတြင္ လိမ္းေပးပါ။

 

(၄) ဆီးခ်ဳပ္၊ ဆီးေအာင့္၊အသည္းေရာင္၊အသားဝါ = ႏွမ္းေစ့ႏွင့္ ပင္စိမ္းေစ့ကို ဆတူႀကိတ္ၿပီး ထန္းလ်က္ႏွင့္ ေရာၿပီး အလုံးေလးေတြလုံးထား၍ ေနေျခာက္လွန္းကာ နံနက္-ညတစ္လုံးစီေသာက္ေပးပါရန္၊

 

Medical (ေဆးပစၥည္း ကိရိယာ ေရာင္းခ်ေသာ ဆိုင္ေပါင္း ၃၂၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Medical

 

(၅) ငွက္ဖ်ား

ပင္စိမ္းလတ္လတ္ဆတ္ဆတ္ေလး ငါး႐ြက္ေလာက္ကို င႐ုတ္ေကာင္းေစ့အနက္သုံးေစ့၊ တပတ္လွ်င္ ႏွစ္ႀကိမ္မွန္မွန္ေသာက္ေပးပါ။

 

(၆) အေရျပားယားနာ

ပင္စိမ္း႐ြက္ကို သံပုရာရည္ႏွင့္ ေရာၿပီး ညက္ေနေအာင္ ေထာင္းပါ။ ထိုေထာင္းၿပီးသား အ႐ြက္ျဖင့္ ပြတ္တိုက္ေပးပါ။အုံေပးပါ။

 

(၇) အစာမေၾကဝမ္းကိုက္

ပင္စိမ္း႐ြက္ျပဳတ္ရည္ကိုေသာက္ေပးပါ။

 

(၈) လည္ေခ်ာင္းနာ ၊အသံဝင္

ပင္စိမ္းေစ့ ကိုေရစိမ့္ၿပီး ထိုေရကိုေသာက္ေပးပါ။

 

(၉) ဗိုက္ေၾကာျပတ္ျခင္း

ဗိုက္ေၾကာျပတ္၍ ယားယံေနပါက ပင္စိမ္း႐ြက္ေျခာက္မႈန႔္ျဖဴးၿပီး ပြတ္သပ္ေပးပါ။

 

(၁၀) ဝက္ၿခံ၊တင္းတိပ္၊ ညႇင္း၊ အျဖဴကြက္

ပင္စိမ္း႐ြက္ သတၱဳရည္ကို လိမ္းေပးပါ။

စသည့္ အခ်က္မ်ာသည္ ပင္စိမ္းပင္၏ ေကာင္းက်ိဳးအခ်ိဳ႕သာျဖစ္ပါသည္။ အျခားေကာင္းက်ိဳးမ်ားစြာ ရရွိႏိုင္တဲ့ ပင္စိမ္းပင္ကို အသုံးတည့္၍ ေရာဂါဘယကင္းေဝးႏိုင္ၾကပါေစ။

Source: pwintssan

Read times
Rate this item
(0 votes)