What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 August 2017 10:39

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား google.com

လူတော်တော်များများဟာ ရင်ဘတ်ထဲက အောင့်လာတာမျိုးကို ကြုံတာနဲ့ ငါနှလုံးရောဂါများ ခံစားနေရပြီလားလို့ သံသယဖြစ်ပြီး စိုးရိမ်တတ်ကြပါတယ်။ ကြိုတင်ပြီး မစိုးရိမ်ပါနဲ့။ ရင်ဘတ်အောင့်တိုင်း နှလုံးလို့သေချာပေါက်ပြောလို့မရပါဘူး။

ရင်ဘတ်အောင့်တာ ဘယ်လိုပုံစံမျိုးတွေရှိတယ်၊ ဘယ်လိုအောင့်ရင် ဘာရောဂါတွေဖြစ်တတ်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁. နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

- လှုပ်လှုပ်ရှားရှားတွေလုပ်မှပဲ ရင်ဘတ်အောင့်တာပါ။ အဲအခါမှာ နားလိုက်ရင် ချက်ချင်း သက်သာပါတယ်။ အောင်တဲ့ပုံစံက ရင်ဘတ်အလယ် ရင်ညွန့်ထဲမှာ လေးလေးပင်ပင်ကြီးနဲ့ အထဲကနေ ဆွဲညှစ်ထားသလိုအောင့်တာပါ။ ရင်ဘတ်အောင့်တာနဲ့ တပြိုင်တည်းမှာပဲ မေးရိုး လည်ပင်း လက်မောင်း နောက်ကျော စတဲ့နေရာတွေပါ အောင့်နိုင်ပါတယ်။

- လှုပ်ရှားမှအောင့်တာမျိုးမဟုတ်ဘဲ နားနားနေနေနေရင်းနဲ့ကို အောင့်တာပါ။ ထို့ကြောင့် ဒီအဆင့်မှာကျ နားလည်း အောင့်တာ မသက်သာပါဘူး။ အောင့်တဲ့ပုံစံခြင်းကတော့ ဆင်တူပါပဲ။

၂. နှလုံးကြွက်သားပုပ်သောကြောင့် ရင်ဘတ်အောင့်ခြင်း (Myocardial Infarction)

- နှလုံးသွေးကြောကျဉ်းလို့ အောင့်တဲ့ပုံစံနဲ့ဆင်တူပါပဲ။ သို့သော်အောင့်တဲ့အချိန်ပိုကြာတယ်။ ပျို့အန်တာ၊ နှလုံးခုန်မြန်လာတာ၊ နှေးသွားတာ၊ ချွေးစေးတွေပျံလာတာ၊ ဖျားတာတွေပါ တွဲဖြစ်နိုင်တယ်။ ဒီဟာဖြစ်ရင်တော့ ချက်ချင်းဆေးရုံကို ပိုဖို့လိုပါတယ်။

READ - နှလုံးကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာများ

၃. နှလုံးကြွက်သား သို့မဟုတ် နှလုံးအမြှေးပါးရောင်ရမ်းခြင်းကြောင့်အောင့်ခြင်း

- အထဲကနေ ဆူးသို့မဟုတ် ချွန်တဲ့အရာတစ်ခုနဲ့ ထိုးသလိုမျိုးအောင့်မယ်။ အသက်ရှူသွင်းလိုက်ရင် သို့မဟုတ် ချောင်းဆိုးလိုက်ရင် ပိုအောင့်မယ်။ ဒီလိုမျိုးမအောင့်ခင် ရှေ့တစ်ပတ်လောက်မှာ ဖျားတာမျိုးရှိခဲ့နိုင်တယ်။

၎. သွေးကြောမကြီးကွဲသောကြောင့်အောင့်ခြင်း (Aortic dissection)

- ရုတ်တရက်ကြီး ရင်ဘတ်အလယ်မှာ အောင့်မယ်။ နောက် ကျောဘက်ပါအောင့်လာမယ်။ သွေးကြောမကြီး ကွဲတဲ့ အရှည်ပေါ်မှုတည်ပြီး နောက်ကျောတလျှောက်အောင့်မယ်။ ဒီဟာဖြစ်ရင်လည်း ချက်ချင်းဆေးရုံပို့ရပါမယ်။

၅. အစာရေမျိုပြွန်ကွဲသောကြောင့်ရင်ဘတ်အောင့်ခြင်း

- ရင်ဘတ်မအောင့်ခင်မှာ အရမ်းပျို့အန်တာတွေဖြစ်နိုင်တယ်။ ပြီးမှရင်ဘတ်အောင့်မယ်။ အဲ့နောက်မှာ မောတာ၊ ဖျားတာ၊ သတိလစ်သွားတာတွေ ချက်ချင်းဖြစ်လာပြီး ဆေးရုံကို ချက်ချင်းပို့ရမှာပါ။

၆. အဆုတ်ထဲလေဝင်သောကြောင့် ရင်ဘတ်အောင့်ခြင်း (Tension Pneumothorax)

- တီဘီရောဂါရှိတဲ့သူတွေ နာတာရှည် လေပြွန်ရောင်ရောဂါရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်တယ်။ ရင်ဘတ်အောင့်တာနဲ့အတူ အသက်ရှူမဝသလို ခံစားရနိုင်တယ်။

- ရင်ဘတ်အလယ်မှာအောင့်တာမျိုးမဟုတ်ဘဲ ညာဘက်အဆုတ်မှာဖြစ်ရင် ရင်ဘတ်ညာဘက်အခြမ်း ဘယ်ဘက်အဆုတ်မှာဖြစ်ရင် ရင်ဘတ်ဘယ်ဘက်အခြမ်းအောင့်နိုင်တယ်။ ထို့ကြောင့် အသက်ရှူမဝဖြစ်လာရင် ဆေးရုံပို့ဖို့လိုပါတယ်။

၇. ရင်ဘတ်မှာရှိတဲ့ အရိုးနဲ့ကြွက်သားများနာကျင်ကိုက်ခဲခြင်းကြောင့် အောင့်ခြင်း

- ရင်ဘတ်ကို ခိုက်မိခဲ့ရင်ပဲဖြစ်ဖြစ် သို့မဟုတ် တခြားနေရာက ကင်ဆာက အရိုးကိုပျံ့နေတာဖြစ်ဖြစ် ရင်ဘတ်အောင့်နိုင်ပါတယ်။ လှုပ်ရှားပါက သို့မဟုတ် အသက်ရှူသွင်း ချောင်းဆိုးပါက ပိုအောင့်နိုင်ပါတယ်။ နံရိုးပေါ်ကို လက်နဲ့ထောက်လိုက်ရင်ကို ပိုနာပါတယ်။ ခိုက်မိလို့နာတာဆိုရင်တော့ ဒဏ်ကြေဆေးလိမ်းနိုင်ပါတယ်။

READ - နှလုံး ကျန်းမာရေးအတွက် လိုက်နာရန် ထိပ်တန်း အကြံပြုချက် ၁၀ ချက်

Source: ondoctor (ကျန်းမာရေး အမေးအဖြေ)

Read times Last modified on Wednesday, 30 August 2017 10:43
Rate this item
(1 Vote)