What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 July 2017 14:26

လက်သည်းအရောင်ကပြောတဲ့ သင့်ကျန်းမာရေး

လက်သည်းအရောင်ကပြောတဲ့ သင့်ကျန်းမာရေး google.com

လက်သည်းနီတွေကို ဘာအရောင်ပဲဆိုးဆိုး ပြဿနာမရှိပေမယ့် လက်သည်းရဲ့ပင်ကိုယ်မူလအရောင်ကိုက ပြောင်းလဲနေတယ်ဆိုရင်တော့ ပြဿနာရှိပါတယ်။

ကျန်းမာတဲ့ လက်သည်းတွေဟာ ပန်းနုရောင်ရှိကြပြီး အရောင်မညီမျှတာတွေ မရှိပါဘူး။

ထို့ကြောင့် လက်သည်းအရောင်မမှန်ရခြင်းရဲ့ အကြောင်းအရင်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁. အ၀ါရောင်လက်သည်း

လက်သည်းအရောင်ဝါခြင်းဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှုးတွေမှာ Lymphatic လို့ခေါ်တဲ့ အရည်တွေ စုပုံလာခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်းနှင့် အရေပြားပေါ်မှာ အနီအဖုအပိန့်တွေထွက်တတ်တဲ့ အရေပြားရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။

READ - ကျန်းမာသော ဘ၀အတွက် ညဘက်မှာရှောင်သင့်တဲ့အချက် ၆ ချက်

၂. အညိုရောင်လက်သည်း

ဆေးလိပ်သောက်ခြင်းနဲ့ နီကိုဒင်းပါတဲ့ အခြားပစ္စည်းတွေ အသုံးပြုခြင်းကြောင့် အညိုရောင်လက်သည်း ကို ဖြစ်စေနိုင်ပါတယ်။

၃. အနီရောင် လက်သည်း

ထိခိုက်ပွန်းပဲ့မှုကြောင့် လက်သည်းရဲ့တစ်စိတ်တစ်ပိုင်းဟာ ခရမ်းရောင် သို့မဟုတ် အနီရောင် ပြောင်းနိုင်ပါတယ်။ လက်သည်းခွံအောက်မှာ သွေးအနည်းငယ်ယိုစိမ့်ခြင်းကြောင့်လည်း အနီ ဒါမှ မဟုတ် ခရမ်းရောင် အစင်းကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။

၎. အမည်းရောင် လက်သည်း

ပြင်းထန်တဲ့ မှိုရောဂါကြောင့် ဒါမှမဟုတ် လက်ကို ထိခိုက်မိပြီးသွေးခြေဥတာကြောင့် လက်သည်းတွေ အမည်းရောင်ပြောင်းနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းအောက်မှာ မဲ့ပေါက်ခြင်းနဲ့ Melanoma လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးကြောင့် လက်သည်းတွေမည်းနိုင်ပါတယ်။

၅. အဖြူရောင် လက်သည်း

အဖြူရောင်လက်သည်းတွေဟာ မျိုးရိုးလိုက်ခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်တွင်း အသားဓါတ်  ချို့တဲ့ခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

လက်သည်း ဒဏ်ရာရတဲ့ အခါမှာလည်း အဖြူအစင်းတွေ ပေါ်လာနိုင်ပါတယ်။

အရေပြားရဲ့ ရောင်ခြယ်ဆဲလ် တွေကို ပျက်စီးစေတဲ့ ခရုသင်းပေါက်ခြင်းကြောင့်လည်း လက်သည်းတွေ အရောင်ဖျော့လာတာ၊ အဖြူရောင်ပြောင်းလာတာ ဖြစ်နိုင်ပါတယ်။

READ - မျက်နှာပေါ်က အဆီတွေကို ဘယ်လိုဖယ်မလဲ

www.healthproducts.com.mm

Source: akhayar

Read times
Rate this item
(0 votes)