What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 June 2020 12:31

ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဩစေတြေးလျ အီးစီးကရက် တင်သွင်းမှု အားလုံး တရားဝင် ပိတ်ပင်မည်

နီကိုတင်းပါဝင်မှု များပြားသည့် အီးစီးကရက်နဲ့ တင်သွင်းမှု ပစ္စည်းတွေ အားလုံး ဩစတြေးလျ က တရားဝင် တားမြစ်တော့မှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က စပြီး အီးစီးကရက် နှင့် ပတ်သက်တဲ့ စည်းမျဉ်း အသစ်က စတင် အကျုံးဝင်မှာ ဖြစ်ပါတယ်။ 

 

ဩစတြေးချနိုင်ငံတွင် တင်သွင်းမှုအများဆုံးဖြစ်တဲ့ အီးစီးကရက်ကို တားမြစ်ဖို့အတွက် အစိုးရက အခုလို သွင်းကုန်တွေကို တားမြစ်လိုက်တာ ဖြစ်တာဖြစ်ပါတယ်။

 

ဇူလိုင်လ ၁ ရက်နေ့က စပြီး ဒီ အီးစီးကရက်တင်သွင်းမှု အားလုံးက တရားမဝင်တော့ပါဘူး။ အီလက်ထရောနစ် အီးစီးကရက်သုံးစွဲသူများနဲ့ လက်လီးရောင်းချသူများက တော့ ရောင်းချဖွင့် ပိတ်ပင်ထားတာကြောင့် တခြားနိုင်ငံက ထုတ်ကုန်တွေကို ဝယ်ယူနေကြတုန်းပါဘဲ။

People turned to buying e-cigarettes (pictured) from overseas after their sale was banned in each state and territory

ကျန်းမာရေးဝန်ကြီး Hon Greg Hunt MPက " ဩစတြေးနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေမှာ အစိုးနဲ့ ရပ်တည်ဖို့ ၊ စည်းမျဉ်းအသစ်များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြဖို့အတွက် တောင်းဆိုခဲ့ပါတယ်"လို့ မူးယစ်ဆေးဝါးထိန်းချိုပ်ရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒီစည်းမျဉ်းအသစ်ထဲများ လူတစ်ယောက်ချင်းစီအလိုက် အီးစီကရက်ဖြတ်ဖို့အတွက် ဆရာဝန်များက ဆေးညွှန်းပေးရမှာဖြစ်ပါတယ်။ ဒီဆေးညွှန်းချက်ထဲ လိုအပ်ချက်ကြောင့် အီးစီးကရက် သုံးစွဲမှု လိုလာရင် (တနည်းအားဖြင့် အရက်နာကျသူပမာ ဒါမှမဟုတ် အရက်မသောက်ရရင် မနေနိုင်သူ) လည်း နိုင်ငံခြားမှ ပစ္စည်းများကို ဝယ်ယူပိုင်ခွင့် မရှိဘူးလို့ တားမြစ်ထားတာကို တွေ့ရပါတယ်။

Under the new regulations, Individuals would need to visit a doctor and be issued a prescription to purchase their nicotine containing e-cigarettes or refills

နီးကိုတင်းပါဝင်သော အီးစီးကရက် နဲ့ ဆေးရည်တွေကို လိုအပ်မှုရှိပါက ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုချက်ရမှသာ ဆရာဝန်များအနေနဲ့ လူနာတွေကို ဒီအီးစီးကရက်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဒီဥပဒေအသစ်က ဩစတြေးလျ နိုင်ငံရဲ့ ပြည်နယ်အလိုက် တပြေးညီ ချမှတ်ထားတဲ့ ဥပဒေ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီစည်းမျဉ်းဥပဒေကြောင့် ပြည်သူများအနေနဲ့ ညှိနှိုင်းဆွေနွေးများပြုလုပ်နေတယ်ဆိုပေမယ့်လည်း လတ်တလောမှာတော့ ဒီစည်းမျဉ်းဥပဒေက ၁၂ လ အတိကြာမြင့်သွားမှာ ဖြစ်ပါတယ်။

 

ဒီစည်းမျဉ်းများနှင့် ပတ်သက်ပြီး ကုန်စည်အုပ်ချုပ်ရေးမှ ဆုံးဖြတ်ချက်အသစ်ကို ၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်းမှာ မျှော်လင့်နေရတယ်လို့ သိရပါတယ်။

Health Products Directory

Ref: Daily Mail

Read times Last modified on Tuesday, 23 June 2020 16:40
Rate this item
(1 Vote)