What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 February 2018 16:03

အမ်ိဳးသားတို႔ သတိထားစရာ

အမ်ိဳးသားတို႔ သတိထားစရာ google.com

အကိုက္အခဲ ေပ်ာက္ေဆးကို ပံုမွန္ ေသာက္တဲ့ အမ်ိဳးသား ေတြဟာ ပန္းေသ ပန္းညႇိဳးျဖစ္ႏိုင္ေျခ ျမင့္မား တယ္လို႔ ေလ့ လာမႈ အသစ္အရ သိရွိထား ပါတယ္။

Opioid အမ်ိဳးအစား အကိုက္အခဲ ေပ်ာက္ေဆးကို ပံုမွန္ သံုးစြဲတဲ့ အမ်ိဳးသား ေတြမွာ အဲဒီ ျပႆနာေတြ ျဖစ္ေပၚတယ္လို႔ သိရပါတယ္။

Opioid ကို အသံုးျပဳတဲ့ အမ်ိဳးသား ေတြဟာ အဲဒီေဆးဝါး မမွီဝဲသူ ေတြထက္ ပန္းေသပန္းညႇိဳး ျဖစ္ႏိုင္ေျခ ၅၀ ရာခိုင္ႏႈန္း ပိုျမင့္မားတယ္လို႔ ဆိုပါတယ္။

ေမာ္ဖင္း၊ အိုက္ဒ႐ို ေကာ္ေဒါနဲ႔ ေအာက္ဆီ ေကာ္ဒုန္းေတြဟာ အသံုးမ်ားတဲ့ အိုပီဝိုက္ အကိုက္အခဲ ေပ်ာက္ေဆး အမ်ိဳးအစားေတြ ျဖစ္ပါတယ္။ ခါးကိုက္ ခါးနာ ေဝဒနာရွိတဲ့ အမ်ိဳးသားေပါင္း ၁၁၀ဝ၀ ေယာက္ကို ေလ့လာမႈျပဳလုပ္ ရာမွာ အသက္ ၆၀ေက်ာ္ အမ်ိဳးသား ေတြဟာ ငယ္ရြယ္တဲ့ အမ်ိဳးသားေတြထက္ ပန္းေသပန္းညႇိဳး ျဖစ္တာ ပိုမ်ား တယ္လို႔ ေတြ႕ရွိ ခဲ့ပါတယ္။

အိုပီဝိုက္ အမ်ိဳးအစား အကိုက္အခဲ ေပ်ာက္ေဆးကို အခ်ိန္ၾကာၾကာ ေသာက္သံုး သူေတြမွာ ပန္းေသပန္းညႇိဳး ျဖစ္ႏိုင္ေျခ ပိုျမင့္မားတာကို ေတြ႕ရွိ ခဲ့ပါတယ္။

အိုပီဝိုက္ အမ်ိဳးအစား ေဆးဝါးေတြကို ေရရွည္ အသံုးျပဳရင္ ေဆးစြဲတာ၊ ေဆးလြန္ၿပီး အသက္ ဆံုး႐ံႈးတာ၊ မၾကာခဏ အိပ္ရာမွ ႏိုးတာ၊ အသက္ႀကီး သူေတြမွာ ေျခမခိုင္ပဲလဲက်တာ၊ ေဟာ္မုန္းထုတ္ လုပ္မႈ ေလ်ာ့နည္း တာေတြ အျပင္ အခု အခါမွာ ပန္းေသ ပန္းညႇိဳးပါ ျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၆၀ နဲ႔ ၆၉ ႏွစ္ၾကား အမ်ိဳးသား ေတြဟာ အသက္ ၁၈ ႏွစ္နဲ႔ ၂၉ ႏွစ္ၾကား အမ်ိဳးသားေတြထက္ ပန္းေသ ပန္းညႇိဳး ေဆးဝါး အသံုးျပဳမႈ ၁၄ဆ ပိုမ်ားပါတယ္။ စိတ္က် ေဝဒနာနဲ႔ အိပ္ေဆး အသံုးျပဳတဲ့ အမ်ိဳးသား ေတြမွာလည္း

ပန္းေသပန္းညႇိဳး ျဖစ္ႏိုင္ေျခ ပိုျမင့္မားပါတယ္။

မူရင္းပိုစ္အား crd ေပးပါတယ္။

 

 

Unicode

 

အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သောက်တဲ့ အမျိုးသား တွေဟာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်လို့ လေ့ လာမှု အသစ်အရ သိရှိထား ပါတယ်။
Opioid အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီ ပြဿနာတွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။
Opioid ကို အသုံးပြုတဲ့ အမျိုးသား တွေဟာ အဲဒီဆေးဝါး မမှီဝဲသူ တွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။
မော်ဖင်း၊ အိုက်ဒရို ကော်ဒေါနဲ့ အောက်ဆီ ကော်ဒုန်းတွေဟာ အသုံးများတဲ့ အိုပီဝိုက် အကိုက်အခဲ ပျောက်ဆေး အမျိုးအစားတွေ ဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့ အမျိုးသားပေါင်း ၁၁၀ဝဝ ယောက်ကို လေ့လာမှုပြုလုပ် ရာမှာ အသက် ၆၀ကျော် အမျိုးသား တွေဟာ ငယ်ရွယ်တဲ့ အမျိုးသားတွေထက် ပန်းသေပန်းညှိုး ဖြစ်တာ ပိုများ တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

အိုပီဝိုက် အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို အချိန်ကြာကြာ သောက်သုံး သူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာကို တွေ့ရှိ ခဲ့ပါတယ်။
အိုပီဝိုက် အမျိုးအစား ဆေးဝါးတွေကို ရေရှည် အသုံးပြုရင် ဆေးစွဲတာ၊ ဆေးလွန်ပြီး အသက် ဆုံးရှုံးတာ၊ မကြာခဏ အိပ်ရာမှ နိုးတာ၊ အသက်ကြီး သူတွေမှာ ခြေမခိုင်ပဲလဲကျတာ၊ ဟော်မုန်းထုတ် လုပ်မှု လျော့နည်း တာတွေ အပြင် အခု အခါမှာ ပန်းသေ ပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၆၀ နဲ့ ၆၉ နှစ်ကြား အမျိုးသား တွေဟာ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသားတွေထက် ပန်းသေ ပန်းညှိုး ဆေးဝါး အသုံးပြုမှု ၁၄ဆ ပိုများပါတယ်။ စိတ်ကျ ဝေဒနာနဲ့ အိပ်ဆေး အသုံးပြုတဲ့ အမျိုးသား တွေမှာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။
မူရင်းပိုစ်အား crd ပေးပါတယ်။

Read times Last modified on Friday, 02 February 2018 16:19
Rate this item
(0 votes)