What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 August 2017 13:10

ဆေးလိပ်ဖြတ်ချင်သူများ ဒီအချက်အတိုင်း လိုက်နာလုပ်ဆောင်ဖို့လို

ဆေးလိပ်ဖြတ်ချင်သူများ ဒီအချက်အတိုင်း လိုက်နာလုပ်ဆောင်ဖို့လို google.com

၁. ချောကလက်အနက်ကို စားကြည့်ပါ။

- ချောကလက်အနက်ရဲ့ အရသာက ဆေးလိပ်သောက်တဲ့ အခါရတဲ့ ခံစားမှုအရသာနဲ့ တူပါတယ်။

- ဆေးလိပ် သောက်သူတွေဟာ စိတ်ဖိစီးမှုကြောင့် ဆေးလိပ်သောက်ရတာလို့ အကြောင်းပြချက်ပေးလေ့ရှိပါတယ်။

- ချောကလက် အနက်ဟာ ဦးနှောက်တွင်း ဆီရိုတိုနင် (Serotonin) ပမာဏကို သဘာဝနည်းကျကျ မြှင့်တင်ပေးပြီး စိတ်ကို လန်းဆန်းစေကာ ၊ စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။

၂. အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ပါ။

- တကယ်လို့ ဆေးလိပ်ဖြတ်ထားတဲ့အချိန်မှာ သောက်ချင်လာပြီဆိုလျှင် ဆယ်မိနစ်လောက် လမ်းလျှောက်ကြည့်လိုက်ပါ။

၃. ဆေးလိပ်သောက်မယ့်အစား ကျန်းမာရေးအကျိုးရှိမယ့်အရာတစ်ခု လုပ်ပါ။

- ခန္ဓာကိုယ်ကနေ လိုအပ်နေတဲ့ဓာတ်တစ်ခု၊ ဒါမှမဟုတ် အလေ့အကျင့်တစ်ခုကို ဖြတ်ပစ်မယ်ဆိုရင် စိတ်ဖိစီးမှု၊ စိတ်အလိုမကျဖြစ်မှုတွေ ခံစားတတ်ပါတယ်။

- ဒါကြောင့် ဒီလိုအချိန်မှာ တခြားအစားထိုးနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားထားပါ။ ယောဂလေ့ကျင့်ခန်း၊ ကာရာတေး၊ ဒါမှမဟုတ် တရားထိုင်တာ ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

၎. လက်နဲ့ ပါးစပ်တို့ နေရာမှာ အစားထိုးပစ္စည်းတစ်ခုအသုံးချပါ

- ပုံမှန်ဆေးလိပ်သောက်နေကျလူတစ်ယောက်အဖို့ ဆေးလိပ်သောက်ချိန်တွေမှာ လက်မှာ တစ်ခုခု လိုနေတာမျိုး၊ ပါးစပ်ထဲမှာ တစ်ခုခုလိုနေတာမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် စီးကရက်နေရာမှာ ပီကေ၀ါးတာဖြစ်ဖြစ်၊ သကြားလုံးစားတာဖြစ်ဖြစ် နဲ့ အစားထိုးပေးပါ။

၅. အရက်ကို ရှောင်ပါ

- အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်ယမကာတွေကတော့ ဆေးလိပ်သောက်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်ဖြတ်တုန်းမှာ တတ်နိုင်သမျှ ရှောင်ပါ။

၆. ဆေးလိပ်မသောက်တဲ့လူတွေနဲ့ ပဲ ပေါင်းပါ

- ဆေးလိပ်သောက်တဲ့မိတ်ဆွေတွေနဲ့ နေရင် ဆေးလိပ်ဖြတ်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့ မိတ်ဆွေတွေနဲ့ ခဏလောက် ရှောင်နေပါ။ ပါတီလိုနေရာမျိုးတွေကိုလည်း ရှောင်သင့်ပါတယ်။

- ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုး၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါတို့ ကို ဖြစ်စေနိုင်ပါတယ်။

READ - ဆေးလိပ်ဖြတ်သင့်သော ထိပ်တန်းအကြောင်းပြချက် (၈) မျိုး

Source: Aronamin Gold Myanmar

Read times
Rate this item
(2 votes)