What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 15 September 2017 14:16

ခုခံစွမ်းအားစနစ်ကို ကောင်းစေသော အစားအစာများ

ခုခံစွမ်းအားစနစ်ကို ကောင်းစေသော အစားအစာများ google.com

၁. အမည်းရောင် ဘယ်ရီသီးများ

အမည်းရောင် ဘယ်ရီသီးများသည် တုပ်ကွေးဗိုင်းရပ်စ်ပိုးများကို ဟန့်တား ပိတ်ဆို့နိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်သည်။

၂. မှို

အာဟာရဓာတ် နည်းပါးသည်ဟု မှိုကို အထင်မြင်မသေးမိဖို့ လိုအပ်သည်။ မှိုတွင် ဆီလီနီယမ်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါသည်။ ဆီလီနီယမ်ချို့တဲ့သူများတွင် ဆိုးဝါးသော တုပ်ကွေးရောဂါ ခံစားရနိုင်သည်။ မှိုများတွင် ဗီတာမင် B2 နှင့် နိုက်ယာစင်တို့ ပါဝင်သဖြင့် ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေနိုင်သည်။ မှိုသည် ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားပိုးနှင့် ကင်ဆာတို့ကို ဆန့်ကျင်နိုင်စွမ်းရှိသည်။

၃. Acai Berry ဘယ်ရီသီးတစ်မျိုး

Acai ဘယ်ရီသီးများသည် အပြာရောင်ဘယ်ရီးသီးကဲ့သို့ စူပါ အစားအစာဟု တင်စားခေါ်ဝေါ် လောက်အောင်ပင် အစွမ်းထက်မြက် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်သည်။ ရောဂါဝေဒနာများ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။

၎. ကမာကောင်

ကမာကောင်များသည် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ကြပြီး ဇင့် ဓာတ် ကြွယ်ဝစွာ ပါဝင်သည်။ ဇင့်ဓာတ်ချို့တဲ့သော အမျိုးသမီးများသည် သားသမီးမရနိုင်ဘဲ ရှိတတ်သည်။

၅. ဖရဲသီး

ဖရဲသီးတွင် Glutathione ခေါ် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်သည်။ ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းစေသည်။

၆. ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်တွင် Glutamine ပါဝင်ပြီး ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်သောကြောင့် စားသင့်သော အစားအစာဖြစ်သည်။

၇. ဗာဒံစေ့

ဗာဒံစေ့လက်တစ်ဆုပ်စာ စားသုံးလျှင် ခုခံစွမ်းအားစနစ်၏ အာနိသင်စွမ်းရည်ကို ကောင်းစေပြီး ဗီတာမင် E ကြွယ်ဝစွာ ပါဝင်သည်။ ဗီတာမင် B2၊ နိုက်ယာစင်တို့ ပါဝင်ပြီး ဖိစီးမှု၏ ဆိုးကျိုးများကို ကာကွယ်နိုင်သည်။

၈. ဂရိတ်ဖရု Grape Fruit

ဂရိတ်ဖရုတွင် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်ပြီး အအေးမိခြင်းကို သက်သာပျောက်ကင်းစေသည်။ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။

၉. ဂျုံ

ကလေးငယ်များကို ဂျုံစေ့ကျွေးမွေးလျှင် ဇင့်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင် ဘီတို့ ပါဝင်သဖြင့် အာဟာရဓာတ် ပြည့်ဝစွာ ရစေနိုင်သည်။ ရောဂါဘယများကို ကာကွယ်တိုက်ဖျက်နိုင်သည်။

၁၀. အဆီဓာတ်နည်းသော ဒိန်ချဉ်

နေ့စဉ် ဒိန်ချဉ်တစ်ခွက်သောက်သုံးလျှင် အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ဗီတာမင် D ကြွယ်ဝစွာ ပါဝင်သည်။ တုပ်ကွေးရောဂါနှင့် အအေးမိခြင်းတို့ အန္တရာယ်မှ ကင်းဝေးစေသည်။

၁၁. ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားပါဝင်ပြီး H-Pylori ဗက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သဖြင့် အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာများ ဖြစ်ပွားမှု အန္တရာယ် နည်းစေသည်။

၁၂. ဟင်းနုနယ်

ဟင်းနုနယ်မှာ ကလာပ်စည်းသစ်များ တည်ဆောက်ခြင်းနှင့် ဒီအန်အေ (DNA) ပြုပြင်ခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေသည်။ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်ပါသည်။

၁၃. ကန်စွန်းဥ

ကန်စွန်းဥတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကာရိုတင်း (Beta carotene) ပါဝင်ပြီး ဗီတာမင် အေ ပါဝင်မှုကြောင့် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်ပြီး ကင်ဆာရောဂါများကိုလည်း ကာကွယ်နိုင်သည်။

၁၄. ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းသည် ခုခံစွမ်းအားအတွက် ကောင်းမွန်သော အစားအစာဖြစ်ပြီး ဗီတာမင်အေ၊ စီနှင့် Glutathione တို့ ပါဝင်သည်။ ဗီတာမင် ဒီနှင့် စီ အုပ်စုလည်း ပါဝင်ပြီး ရောဂါများစွာကို ကာကွယ်နိုင်သော စွမ်းရည်သတ္တိထူးတွေလည်း ရှိပါသည်။

READ - အစားအသောက်စားဖို့ အကောင်းဆုံးအချိန်များ

Source: health care (Dr. Aye Kyaw)

Read times
Rate this item
(1 Vote)