What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 September 2017 13:31

ခံတွင်းကျန်းမာရေးကို ဆိုးဝါးစေသည့်အစားအစာများ

ခံတွင်းကျန်းမာရေးကို ဆိုးဝါးစေသည့်အစားအစာများ google.com

အချို့အစားအစာများသည် အရသာရှိလှသော်လည်းအလွန်အကျွံစားသုံးမိပါက ခံတွင်းအနံ့ကို ဆိုးဝါးစေပြီး သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁. အချဉ်ဓါတ်ပါသောသစ်သီးများ

အချဉ်ဓါတ်ရှိသော သစ်သီးများတွင်ပါဝင်တဲ့ ဗီတာမင် C ဟာ သွားဖုံးရှိ ကော်လာဂျင်ဓါတ်များကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အချဉ်ဓါတ်ပါတဲ့ အသီးများကို နေ့စဉ်အများအပြားစားသုံးပါက ကြွေလွှာများ ပျက်စီးခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ၎င်းတို့မှာပါဝင်တဲ့ သကြားဓာတ်ကလည်း ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အချဉ်ပါသော သစ်သီးများကို စားသုံးပြီးပါက ရေတစ်ခွက်ပုံမှန်သောက်ပြီး မိနစ် 20 အကြာမှာသွားတိုက်ပေးပါ။

.   ဗန်ဒါစေ့

ဗန်ဒါစေ့မှာ ဗီတာမင် E ပါဝင်တာကြောင့် လူတိုင်းနှစ်သက်စွာ စားသုံးကြတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဗန်ဒါစေ့စားမယ်ဆိုပါက တစ်ခုလုံးကို ကိုက်စားမယ့်အစား သွားများပဲ့ထွက်ခြင်းနှင့် ကျိုးပဲ့ခြင်းတို့မဖြစ်အောင် အနည်းငယ်စိတ်ပြီးမှသာ စားသင့်ပါတယ်။

READ - လျှာကို သန့်ရှင်းရေးမလုပ်ရင် ဖြစ်လာမယ့်အရာ (၄) ခု

၃. ချဉ်ဖတ်

ချဉ်ဖတ်ကဲ့သို့သော အချဉ်ဖောက်ထားသော အစားအစာများဟာ သွားများရှိ သတ္တုဓါတ်များကို ခွာချသလို ဖြစ်စေပြီး ကြွေလွှာများကို ပျက်စီးစေပါတယ်။ အဲဒီလိုဖြစ်ရတာဟာ ၎င်းတို့မှာပါဝင်တဲ့ ဗီနီကာကြောင့်ဖြစ်ပါတယ်။ ချဉ်ဖတ်စားပြီးတိုင်း ချိစ်အနည်းငယ်ကိုစားပေးပါ။ ဒါမှမဟုတ် Xylitol ပါဝင်ပြီးသကြားမပါတဲ့ ပီကေ၀ါးပေးပါ။ ထိုသို့ဝါးပေးခြင်းဖြင့် ထွက်လာတဲ့တံတွေးက ချဉ်ဖတ်မှာပါဝင်တဲ့ အက်ဆစ် ပြင်းအားကို လျှော့ချပြီးသားဖြစ်သွားပါတယ်။

၎.   သစ်သီးခြောက်

သစ်သီးခြောက်များဟာ အရသာရှိလှတာကြောင့် သရေစာအဖြစ် မကြာခဏစားမိလေ့ရှိပါတယ်။ သစ်သီးများကို အခြောက်ခံထားတာ ဖြစ်တဲ့အတွက် ရေဓါတ်ပါဝင်မှုနည်းပါးပြီး အချိုဓာတ်များစွာပါဝင်နေပါတယ်။ ၎င်းအချိုဓာတ်များဟာ သွားမှာကပ်ငြိနေတာကြောင့် ဘက်တီးရီးယားပိုးမွှားကို ပေါက်ဖွားစေပါတယ်။ ဒါကြောင့် သွားများပျက်စီးမှုကို ကာကွယ်ဖို့အတွက် သစ်သီးခြောက်စားပြီးတိုင်း ရေဖြင့်ပလုပ်ကျင်းပေးပါ။ မိနစ် 30 အကြာမှာ သွားတိုက်ပါ။

၆.  ကော်ဖီ

ကော်ဖီမှာ Antioxidants တွေပါဝင်တာကြောင့် သောက်သုံးသင့်တဲ့အရာ တစ်ခုဖြစ်သော် လည်း ကော်ဖီသောက်ခြင်းကြောင့် သွားများ ၀ါကျင့်ကျင့်ဖြစ်ခြင်းနဲ့ သွားချေးကပ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ ကော်ဖီသောက်ခြင်းကို မစွန့်လွှတ်နိုင်ဘူး ဆိုရင်တော့ ကော်ဖီပူပူ အစား ကော်ဖီအေးကို ပြောင်းသောက်ပါ။ ကော်ဖီသောက်ရာမှာလည်း ဒီအတိုင်းမော့သောက်မယ့်အစား ပိုက်ဖြင့်စုပ်သောက်ခြင်းဖြင့် သွားတွေနဲ့ထိတွေ့နှုန်းကို လျှော့ချနိုင်ပါတယ်။

၆. မြေပဲထောပတ်ယို

မြေပုံထောပတ်ယိုမှာ စေးကပ်တဲ့အာနိသင်ရှိတာကြောင့် သွားကြားနှင့်သွားပိုးပေါက်ငယ်လေးများထဲမှာ အချိန်အကြာကြီး ကပ်ငြိနေနိုင်ပြီး သွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။

READ - သွားဖြူအောင်၊ သွားကောင်းအောင် ဘာတွေစားမလဲ

Source: drmyanmar.com

Read times
Rate this item
(1 Vote)