What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 October 2017 10:27

5th Medical, Dental and Plastic Surgery Myanmar 2017 Exhibition

ဉ္စမကြိမ်မြောက် Medical Myanmar 2017 ပြပွဲကြီးအား နိုင်ငံတကာမှ ဆေးဝါး၊ ဆေးရုံနှင့် ဆေးပစ္စည်းကိရိယာ အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်ဖြင့် ခင်းကျင်းပြသမည်ဖြစ်သည်။




Fireworks Trade Media Group မှ တာဝန်ယူကာ ပဉ္စမအကြိမ်မြောက် အောက်တိုဘာ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီထိ ကျင်းပသွားမည် ဖြစ်သည်။

medical

 

ယခုနှစ်တွင် နိုင်ငံတကာရှိ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ဧည့်သည်တော်ပေါင်း ၃၅၀၀ ကျော် လာရောက်ကြည့်ရှုပြီး ကန်ဒေါ်လာ သန်း ၅၀ ကျော် လည်ပတ်မည်ဟု မျှော်မှန်းထားလျက်ရှိသည်။

ခင်းကျင်းပြသမည့် ဧည့်သည်တော်များမှ တရုတ်၊ ဂျာမနီ၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံများမှ လာရောက်ကြမည်။

Medical Myanmar 2017 ပြပွဲအား သက်ဆိုင်ရာနယ်ပယ်ရှိ ၀န်ကြီးများ၊ အစိုးရအဖွဲ့ဝင်အရာရှိကြီး များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ လာရောက်ဖွင့်လှစ်ပေးမည် ဖြစ်သည်။

 

medical 2017 myanmar Copy

 

လုပ်ငန်းရှင်များအသင်း ဥက္ကဌ (Myanmar Pharmaceutical & Medical Equipment Entrepreneur’s Association) နှင့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာအသင်း ဥက္ကဌ (Myanmar Dental Association) များလည်း တက်ရောက်ကြမည် ဖြစ်သည်။

ယခုပြပွဲအား အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel, Yangon Ballroom တွင် ခင်းကျင်းပြသမည်ဖြစ်ပြီး ကုန်သည်ကြီးများနှင့် လာရောက် လေ့လာကြည့်ရှုကြမည့် မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊

သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ၀န်ထမ်းများအား ၀င်ကြေးအခမဲ့ဖြင့် စာရင်းပေးသွင်းပြီး ကြည့်ရှုနိုင်သည်။

ပြပွဲတွင် စာရင်းပေးသွင်းနိုင်ပြီး ကြိုတင်စာရင်းပေးသွင်းလိုပါကလည်း www.medical-myanmar.com ၀က်ဆိုဒ်တွင်လည်း စာရင်းပေးသွင်းနိုင်သည်။

Fireworks Trade Media Group သည် Medical Myanmar ပြပွဲအား နှစ်စဉ် ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ လောကတွင် အဓိက ဆေး၊ ဆေးဝါးနှင့် ဆေးရုံသုံးဆိုင်ရာ စက်ပစ္စည်းများ ပြပွဲ ခေါင်းစဉ်တို့ဖြင့် ဦးဆောင်စီစဉ် ပြသလျက်ရှိပါသည်။

 

medical2017

Fireworks Myanmar

Fireworks Myanmar သည် Fireworks Trade Media Group မီဒီယာ ကုမ္ပဏီကြီးမှ ဖြစ်ပြီး မဂ္ဂဇင်းနှင့် လမ်းညွှန်စာအုပ်များ၊ ပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ ဦးဆောင်စီစဉ်ကျင်းပပေးသည့် ကုမ္ပဏီဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၂ နိုင်ငံတွင်လည်း နိုင်ငံတကာ ရုံးခွဲများ ထားရှိသည်။

Fireworks ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့၏ ဧည့်သည်တော်များအား သာလွန်ကောင်းမွန်သော စီးပွားရေး အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်းပင် ဖြစ်သည်။

မိမိတို့၏ ၀က်ဆိုဒ် www.asiafireworks.com သို့ ၀င်ရောက်လေ့လာကြည့်ရှုနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

 medical5

 

 

medical 2017 myanmar

Read times Last modified on Thursday, 19 October 2017 13:21
Rate this item
(1 Vote)