What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 June 2017 11:39

ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထားပါ

ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထားပါ Google.com

ဓာတ်ဆားမှုန့် (Oral Rehydration Salts) ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်ခြင်း ဖြစ်ပါတယ်။

အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံး ဓာတ်ဆားရေ ဖြစ်ပါတယ်။

ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိုးစုံအပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ အများအပြား ရောင်းချနေပြီး တစ်မျိုးနဲ့တစ်မျိုး အာနိသင်သိသာစွာ ကွာခြားခြင်းမရှိပဲ အားလုံးကောင်းကြပါတယ်။

အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF) ကထုတ်တဲ့ ဓာတ်ဆား ဖြစ်ပါတယ်။

READ - သရက်သီး စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုး (၇)မျိုး

ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ

ဓာတ်တားထုတ်ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date) ပါ။ Date ကောင်းတာနဲ့တင်မပြီးပါဘူး လတ်ဆတ်မှုရှမ၊ မရှိ စစ်ဆေးပါ။ ကပ်နေရင် (သို့) အထဲကအမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။

ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ၊ ဘယ်ရေနဲ့ဖျော်ရမလဲ

ဓာတ်ဆားတစ်ထုတ်ကို ရေကျက်အေး (သို့) ရေတစ်လီတာ/ရေသန့်တစ်ဗူးနဲ့ ဖျော်ရမှာ ဖြစ်ပါတယ်။

သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို၊ ရေခဲသေတ္တာထဲက ရေအေးနဲ့လဲမဖျော်သင့်ပါဘူး၊ ဓာတ်ပျယ်သွားတတ်လို့ ဖြစ်ပါတယ်။

ဓာတ်ဆားထုတ်ကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက် ထိတွေ့တဲ့နေရာတွေမှာ မထားသင့်ပါဘူး။

ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ။

တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ၊ ဘယ်လိုလူတွေမသောက်ရဘူးလဲ

ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာ သောက်သုံးသင့်ပါတယ်။ ၂ထုတ်ထက်ပို သောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။

ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန် ကြားချက်နဲ့မှသောက်သင့်ပါတယ်။

READ - သလဲသီးရဲ့ ကျန်းမာရေး အကျိုးအာနိသင် (၉) မျိုး

Source: ကျန်းမာရေးဗဟုသုတ

Read times Last modified on Thursday, 22 June 2017 14:46
Rate this item
(1 Vote)