What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 October 2017 13:17

အောက်သွေးတိုးစေတဲ့ အစားအစာများ

အောက်သွေးတိုးစေတဲ့ အစားအစာများ google.com

၁. ဆိုဒီယမ်ဓာတ်မြင့်မားစွာ ပါဝင်သော အစားအစာများ

ဆိုဒီယမ်မြင့်မားစွာ ပါဝင်သော အစားအစာများ (အငန်ဓာတ်လွန်ကဲစွာ ပါဝင်နေသော အစားအစာ) များကို စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး

လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ကျောက်ကပ် ဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် ဆိုဒီယမ် 1500mg ထက်ပိုမစားသင့်ပါဘူး။

၂. ဆိုဒါအချိုရည် အမျိုးမျိုး

အချိုရည်များ သောက်သုံးခြင်းဟာ အပေါ်သွေး (SBP) နှင့် အောက်သွေးလို့ခေါ်တဲ့ (DBP) နှင့် မျိုးလုံးကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ဖရက်တို့စ်၊ သကြားဓာတ်နှင့် ဂလူးကိုစ် သကြားဓာတ်ပါဝင်သော အစားအစာများကြောင့်လည်း သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေဆာနေချိန်တွင် အချိုရည်သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ရှားပါ။

၃. ပြည့်ဝဆီ

သူကတော့ ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ လေ့လာမှုများအရ ပြည့်ဝဆီပါဝင်သော အသားစား သူတွေဟာ ငါးစားသုံးသူတွေထက် သွေးပေါင်ချိန်မြင့်မားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် ကလေးဘ၀နှင့် ဆယ်ကျော်သက်အရွယ်မှာ သွေးတိုးရောဂါမဖြစ်အောင် မွေးကင်းစကလေးအရွယ်မှစ၍ အသက် 15 နှစ်ထိ ပြည့်ဝဆီစားသုံးခြင်းကို ရှောင်ကျဉ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထား ပါတယ်။

၎. အသင့်စားအစားအစာများ

အသင့်စားအစားအစာတွေမှာ ဆိုဒီယမ်၊ သကြားနှင့် ပြည့်ဝဆီတွေ ပါဝင်တာကြောင့် အောက်သွေးလို့ ခေါ်တဲ့ (Diastolic Blood pressre) ကို တက်စေပါတယ်။ ဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ထားတဲ့ အသင့်စား အစားအစာတွေမှာတောင် သွေးပေါင်ချိန်တက်စေသောပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အသင့်စားအစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

Source: drmyanmar.com

Read times
Rate this item
(2 votes)