What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 August 2022 15:46

သွေးပေါင် အတတ်အကျများသူများ နှလုံးရောဂါပိုဖြစ်ပွားနိုင်

သွေးပေါင်ချိန်ပေါ်ကို မူတည်ပြီး မိမိကျန်းမာရေးအခြေအနေကို သိနိုင်ပါတယ်။

သွေးပေါင်အ ဆက်မပြတ်မြင့်မားလွန်းခြင်းသည် နှလုံး (သို့) တခုခုဖြစ်နိုင်တယ်ဆိုတာ လူတိုင်းသိကြပေမဲ့ သွေးပေါင်တတ်လိုက်ကျလိုက်ဖြစ်ခြင်းသည်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

သွေးပေါင်ကို အချိန်အတိုင်းအတာတစ်ခုအထိ မထိန်းထားနိုင်ခြင်း (သို့) သွေးပေါင်သိသိသာ ပြောင်းလဲမြန်ခြင်းတို့သည် လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ၊စတဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အကြောင်းရင်းတွေဖြစ်စေနိုင်ပါတယ်။

သွေးပေါင်တတ်လိုက်ကျလိုက်ဖြစ်ခြင်းကြောင့် နှလုံးသွေးကြောများအပေါ် ဖိအားပိုများလာစေတယ်။

အပေါ်သွေးပြောင်းလဲမှု မြင့်မားလွန်းသူများသည် သွေးပေါင်အပြောင်း အလဲနည်းသူထက် ငါးနှစ်စော၍ သေဆုံးနိုင်ကြောင်းသိရသည်။

လူတိုင်းသွေးပေါင်ပုံမှန်ချိန်ရန် အရေးကြီးပါတယ်။

သွေးပေါင်က နှလုံးကျန်းမာရေးကို ဖော်ပြတယ်။ သွေးပေါင်ကို ပုံမှန်ထိန်းပေးသင့်တယ်လို့ ကျွမ်းကျင်ဆရာဝန်ကြီးတွေက ပြောထားပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေစားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ တို့သည် သွေးပေါင်ထိန်းဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

သုတေသနတွေအရ သွေးပေါင်ကို ထိန်းထားနိုင်သူများဟာ ကျန်းမာရေးပိုကောင်းမွန်ကြောင်း သိရပါတယ်။

Myanmar Health Products Guide

Read times
Rate this item
(0 votes)