What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 October 2020 14:54

ကြက်ဥစားသုံးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

မိမိတို့ နေ့စဉ် လှုပ်ရှား သွားလာရာတွင် တက်ကြွလန်းဆန်း နေစေရန် အတွက် အာဟာရ ပြည့်ဝသော နံနက်စာ စားသုံးရန် လိုအပ်ပါတယ်။

အာဟာရ ပြည့်ဝသော နံနက်စာကို ကလေးများအား ကျွေးခြင်းဖြင့် ဉာဏ်ရည် ပိုမိုထက်မြက် လာ စေနိုင်ပါတယ်။

ဦးနှောက်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပြီး အာရုံစူးစိုက်မှု ကိုလည်း ပိုမို အားကောင်း စေနိုင်ပါတယ်။

ကြက်ဥတွင် ပါဝင်သော ကိုလင်းဓာတ်သည် ဦးနှောက်၏ လုပ်ငန်းဆောင်တာ များကို ပိုမို အားကောင်း လာစေရန် စွမ်းဆောင်ပေး နိုင်သည်။

သန္ဓေသား၏ ဦးနှောက် ဖွံ့ဖြိုးမှု အတွက်လည်း အလွန် အသုံးဝင် သောကြောင့် ကိုယ်ဝန်ဆောင် မိခင်များ ကြက်ဥကို စားသုံး ပေးသင့်ပါသည်။

ကြက်ဥတွင် ကိုလင်းဓာတ် အပြင် ပရိုတင်းဓာတ်များ ကြွယ်ဝစွာ ပါရှိသည်။ ထို ပရိုတင်းဓာတ်သည် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းပေးသောကြောင့် အာရုံစူးစိုက်မှု ပိုမိုအားကောင်း စေသည်။

ဗီတာမင် ဒီ၊ ဗီတာမင် ဘီ 12၊ Selenium ၊ အမိုင်နိုအက်စစ် ၊ Antioxidant စသည့် အာဟာရဓာတ် များနှင့် အခြား အာဟာရဓာတ် များစွာ ပါဝင်ပါသည်။

ကြက်ဥကို အသင့်အတင့် စားပေးခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းရာတွင် အထောက်အကူ ဖြစ်စေသည်။

ကြက်ဥကို နံနက်စာ အဖြစ် စားသုံးပါက ကြာကြာ ဗိုက်ပြည့်စေပြီး ကယ်လိုရီ ရရှိမှုကို ထိန်းချုပ် ပေးနိုင်ပါတယ်။

တစ်ချို့သော လူများက ကြက်ဥသည် သွေးတွင်း မကောင်းသော ကိုလက်စထရော ကို မြင့်တက် စေသည်ဟု ယူဆကာ ကြက်ဥ စားသုံးခြင်းကို ရှောင်ကြဉ် တတ်ကြသည်။

မည်သည့် အစားအစာ မဆို အသင့်အတင့် စားသုံးပေးပါက ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေနိုင် ပါသည်။

ကြက်ဥသည် အာဟာရ ပါဝင်မှု အများဆုံး အစားအစာများ ထဲမှ တစ်ခုလည်း ဖြစ်သည်။

တစ်နေ့တစ်လုံး ပုံမှန် စားသုံးပေး ပါက သွေးခဲနှုန်း၊ နှလုံးရောဂါ ဖြစ်ပွားနှုန်းနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ တို့ကို လျော့ကျ စေနိုင်ပါသည်။

မျက်စိ ကျန်းမာရေး အတွက်လည်း အထောက်အကူ ဖြစ်စေသည်။

အသက်ကြီးချိန်တွင် ဖြစ်တတ်သော မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေ ကိုလည်း လျော့ကျ စေသည်။

အသားအရေ လှပစေခြင်း၊ လက်သည်းများကို သန်စွမ်း စေခြင်းနှင့် ဆံကေသာကို တောက်ပစေခြင်း စသည့် အစွမ်းသတ္တိ များကို ပေးစွမ်းနိုင်သော ဆာလဖာဓာတ် သည်လည်း ကြက်ဥထဲတွင် ပါဝင်ပေသည်။ ဆာလဖာသည် ကော်လာဂျင် နှင့် ကီရာတင် ထုတ်လုပ်မှု အလွန် အားကောင်း ပါသည်။

ကြက်ဥ တစ်လုံးတွင် အရွယ်ရောက်သူ တစ်ဦးအတွက် တစ်နေ့တာ လိုအပ်သော အာဟာရ၏ ၂၅ ရာခိုင်နှုန်း ခန့် ပါဝင်သည်။

ကြက်ဥတွင် ပါဝင်နေသော ပရိုတင်းဓာတ်သည် လူ၏ ခန္ဓာကိုယ်ကို သန်မာထွားကျိုင်းစေပြီး ကြွက်သားများ ကိုလည်း ပိုမိုသန်မာ လာစေနိုင်သည်။

အမိုင်နိုအက်စစ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် လိုအပ်သောကြောင့် ကြက်ဥကို နံနက်စာ အနေဖြင့် တစ်နေ့တစ်လုံး စားသုံးသင့် ပါသည်။

Source: kanaung

Read times Last modified on Wednesday, 28 October 2020 14:55
Rate this item
(0 votes)