What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 January 2019 17:47

အောက်ဆီဂျင် ပမာဏပါဝင်မှု ပိုများတဲ့ Liquid Oxygen ကိုပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုဖို့စီစဉ်

လူနာတွေကို ကုသရာမှာ အောက်ဆီဂျင် ပမာဏပါဝင်မှု ပိုများတဲ့ Liquid Oxygen ကို ပြည်သူ့ဆေးရုံကြီးတွေမှာ အသုံးပြုနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။ 

Liquid Oxygen ကို ပြည်သူ့ဆေးရုံကြီးတွေမှာ အသုံးပြုနိုင်ဖို့အတွက် ဂျပန်နိုင်ငံ Kitajima Co.,Ltdမှတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဇန်န၀ါရီလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါဝန်ကြီးဌာနကနေသတင်းထုတ်ပြန်ပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ ဆေးရုံတွေမှာအောက်ဆီဂျင်အသုံးပြုမှု အခြေအနေ၊ လက်ရှိအောက်ဆီဂျင် ပေးပို့သုံးစွဲတဲ့စနစ်၊ Liquid oxygen ကို နိုင်ငံတကာမှာအသုံးပြုမှုအခြေအနေတွေကို ဆန်းစစ်ပြီး Liquid oxygen ကို ဝန်ကြီးဌာနရှိဆေးရုံတစ်ခုမှာ ကနဦးစမ်းသပ် အသုံးပြုမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

 

လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ JICA အဖွဲ့အစည်းအနဲ့ Kitajima Senso Co.,Ltd တို့ ပူးပေါင်းကာ“မြို့ကြီးများမှ ဝေးကွာသော နေရာဒေသများတွင် ဆေးကုသမှု၌ အသုံးပြုသည့် အောက်ဆီဂျင် ရရှိစေနိုင်မည့် အစီအစဉ်နှင့် နည်းလမ်းရှာဖွေခြင်း” အတွက် စစ်တမ်းကောက်ယူနေပြီး သန်လျင်၊ ပဲခူး၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဟင်္သာတ ပြည်သူ့ဆေးရုံများကို လစဉ် အောက်ဆီဂျင်အိုး (၁၀၀၀) ကို အခမဲ့ ပေးပို့နေရာ Liquid Oxygen မှ ပြောင်းလဲထားတဲ့ အောက်ဆီဂျင်ကို အသုံးပြုနေတယ်လို့လည်း Kitajima Senso Co.,Ltd မှမန်နေးဂျင်းဒါရိုက်တာ Mr. Bradley Shelleyက ပြောပါတယ်။

 

Liquid Oxygen ဆိုတာဟာအောက်ဆီဂျင်ပါဝင်မှု ရာခိုင်နှုန်းပိုမိုများပြားခြင်း၊ ပိုက်က တစ်ဆင့် လူနာဆောင်တွေကို ပေးပို့တာကြောင့် အောက်ဆီဂျင်အိုးတွေထက် အသုံးပြုရပိုမိုလွယ်ကူအဆင်ပြေခြင်း၊ ရေရှည်မှာ ငွေကုန်ကြေးကျသက်သာခြင်း၊ စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် အန္တရာယ်နည်းပါးတယ်လို့လည်းသိရပါတယ်။

 

လက်ရှိတော့ ဂျပန်နိုင်ငံမှ Kitajima Co.,Ltdက မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ ဆေးကုသရာမှာ အသုံးပြုတဲ့ အောက်ဆီဂျင်ဖြည့်စက်ရုံ (Medical Oxygen Filling Factory) ကို တည်ဆောက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

Source:duwun

 

Read: ဇီးသီးမှာပါတဲ့ ပိုးကောင်ကို စားမိရင် ဘာဖြစ်နိုင်မလဲ

ဇီးသီးမှာပါတဲ့ ပိုးကောင်ကို စားမိရင် ဘာဖြစ်နိုင်မလဲ

 

Read times Last modified on Wednesday, 23 January 2019 17:58
Rate this item
(0 votes)