What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 November 2020 10:45

ရန်ကုန်ဆေးရုံ ပြင်ပ၌လူနာနှင့် လူနာစောင့်အချို့ နေရပ်ပြန်ရန် အခက်အခဲရှိ၍ ပြန်လည်ပြသမည့်ရက်မတိုင်မီ ညအိပ်စောင့်ဆိုင်းမှုများရှိနေ

ရန်ကုန်ဆေးရုံကြီးသို့ နယ်မှလာရောက်ဆေးကုသသည့် လူနာနှင့် လူနာစောင့်အချို့ နေရပ်ပြန်ရန် အခက်အခဲရှိသဖြင့် ပြန်လည်ပြသမည့်ရက်မတိုင်မီ ရန်ကုန်ဆေးရုံပြင်ပ၌ ညအိပ်စောင့်ဆိုင်းမှုများရှိနေကြောင်း သိရသည်။

 

ရန်ကုန်ဆေးရုံကြီးပြင်ပ၌ ညအိပ်စောင့်ဆိုင်းသူများအနေဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ကုသခဲ့ကြပြီး ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုထားသည့် လူနာများဖြစ်ပြီး နယ်ဝေးမှ ရောက်လာသူ အချို့မှာလည်း ကိုဗစ်ကာလ ကားလမ်းပိတ်၍ သွားလာရေးခက်ခဲမှုကြောင့် နေရပ်သို့လည်း မပြန်နိုင်ကာ ရန်ကုန်တွင်လည်း နေထိုင်ရာနေရာအခက်အခဲများရှိခြင်းကြောင်း ၎င်းတို့ထံမှသိရသည်။

 

ယခင်ရက်များက ဆေးရုံဝင်းအတွင်း လျှောက်လမ်းများတွင် အိပ်စက်သော်လည်း ကိုဗစ်ကူးစက်မှုဖြစ်လာမည်ကိုစိုးရိမ်၍ ဆေးရုံလုံခြုံရေးအဖွဲ့က အပြင်သို့ ထုတ်ထားခြင်းကြောင့် လမ်းဘေးပလက်ဖောင်းတွင် အိပ်စက်နေထိုင်ကြရခြင်းဖြစ်ပြီးနေရေးစားရေးနဲ့ဆေးကုသနိူင်ရေးအတွက်အလွန်ဒုက္ခရောက်နေရကြောင်း ဆေးရုံသို့လာရောက်ပြသသူများထံမှသိရသည်။

 

အဆိုပါညအိပ်စောင့်ဆိုင်းသူများသည် နေရပ်သို့ပြန်ရန် အခက်အခဲများရှိနေသည့်အပြင် ဆေးရုံသို့ ပြန်လည်ပြသရမည့် ရက်မတိုင်မီအထိ ရန်ကုန်မြို့တွင်နေထိုင်ရန် အခက်အခဲများစွာရှိသည့် အတွက်ဆေးရုံကြီးပြင်ပ၌ နေထိုင်ကြသည်မှာ နှစ်ရက်၊ သုံးရက်ခန့်ရှိပြီ‌ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်ဆေးရုံကြီးရှေ့တွင် ညအိပ်နေထိုင်နေရသူအများစုအနေဖြင့် ၎င်းတို့၏ နေရပ်သို့ပြန်ရန် အဓိက ကြုံတွေ့နေရသည့် အခက်အခဲမှာ ငွေကြေးဖြစ်ပြီး ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများလည်း ပါဝင်သည့်အပြင် ဆေးရုံကြီးသို့ ရက်ချိန်းပြည့်၍ လာရောက်ပြသရာတွင် နေရပ်သို့ ပြန်ရန် အခက်အခဲ ရှိသူများလည်း ပါဝင်ပြီးအများစုမှာ လူနာစောင့်များဖြစ်ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့ကို နေရပ်သို့ ပြန်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်ဆေးရုံကြီးပြင်ပ၌ ညအိပ်စောင့်ဆိုင်းသူများအား ဆေးရုံမှတာဝန်ရှိသူများ၊ ပရဟိတအသင်းများနှင့် အခြားအလှူရှင်များက စားသောက်ရေးအတွက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

 

Transcom News Journal

Read times Last modified on Friday, 20 November 2020 10:48
Rate this item
(0 votes)