What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 December 2020 10:33

စံချိန်စံညွှန်းများနှင့်မကိုက်ညီသော တရားမဝင်ရေသန့်လုပ်ငန်းများကို ထိရောက်စွာ အရေးယူသွားမည်

ပွင့်လင်းရာသီရောက်ရှိလာသည့်အလျောက် မြန်မာနိုင်ငံအောက်ပိုင်းရှိ မြို့ကြီးများတွင် ရေသန့်များ တိုးမြှင့်ရောင်းချလာရပြီး

 

ထိုသို့ရေသန့်များထုတ်လုပ်ရောင်းချရာတွင် လိုအပ်သော အနိမ့်ဆုံးစံချိန်စံညွန်း များကို သက်ဆိုင်ရာမှထုတ်ပြန်ပေးထားသဖြင့် အဆိုပါစံချိန်စံညွှန်းများနှင့် မကိုက်ညီသော တရားမဝင် ရေသန့်လုပ်ငန်းများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စံချိန်စံညွန်းများနှင့်အညီ ထုတ်လုပ်ရောင်းချနေသော တရားဝင်ရေသန့်လုပ်ငန်းများအား ထောက်ခံ အားပေးသည့်အနေဖြင့် ရေသန့်အမည်ခံပြီး အနုဇီဝသတ်မှတ်ချက်များ၊ ဓာတုသတ်မှတ်ချက်များနှင့် မကိုက်ညီသော တရားမဝင်ရေသန့်လုပ်ငန်းများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

 

တရားဝင်လုပ်ကိုင်နေကြသော ရေသန့်လုပ်ငန်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီစေရန် ဆောင်ရွက်ရသည့်အတွက် ကုန်ကျ စရိတ်မြင့်မားပြီး တရားမဝင်ရေသန့်လုပ်ငန်းများမှာ ယင်းကုန်ကျစရိတ်များမရှိသောကြောင့် ဈေးနှုန်းချင်း ယှဉ်ပြိုင်ရောင်းချရာတွင် တရားဝင်ရေသန့်လုပ်ငန်းများက နစ်နာမှုရှိကြောင်း သိရသည်။

 

ယခုအခါ ပြည်တွင်း၌ သောက်ရေသန့်များ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ရောင်းချသော လုပ်ငန်းများ အား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံရေသန့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ထားရာ အဆိုပါအသင်းအနေနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များနှင့် ပူးပေါင်း ပြီး ပြည်တွင်း၌ တရားမဝင်ရေသန့်လုပ်ငန်းများ ပပျောက်သွားစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)