What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 July 2017 10:43

စပျစ်သီးအစေ့အဆီ၏ ကျန်းမာရေးနှင့် အလှအပရေးရာ အကျိုးကျေးဇူးများ

စပျစ်သီးအစေ့အဆီ၏ ကျန်းမာရေးနှင့် အလှအပရေးရာ အကျိုးကျေးဇူးများ google.com

ဝိုင်ထုတ်လုပ်ရာမှ ဘေးထွက်ပစ္စည်းတစ်ခုဖြစ်သော စပျစ်သီး အစေ့အဆီတွင် အိုမီဂါ-၆ ဖက်တီးအက်စစ် ကြွယ်ဝစွာ ပါဝင်ပြီး ဆံကေသာနှင့် အသားအရေအတွက် အသုံးပြုနိုင်ကာ ဟင်းချက်ရာတွင်လည်း အသုံးပြုနိုင်သည်။

စပျစ်သီးအစေ့အဆီကို သဘာဝအလှကုန်အဖြစ် အသုံးပြုပြီး ကျန်းမာရေးနှင့်ညီသော ဟင်းချက်ဆီအဖြစ်လည်း သုံးနိုင်သည်။

စပျစ်သီးအစေ့အဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများသည် အငြင်းပွားဖွယ်ဖြစ်နေပြီး ယင်းသည် အဆီထုတ်လုပ်ပုံကြောင့်ဖြစ် သည်။ စပျစ်သီးအစေ့အဆီထုတ်လုပ်ရာ၌ ဓာတုပစ္စည်းများမသုံး ထားသော အဆီဖြစ်ရန်လိုသည်။

READ - မန်ကျည်းသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၆ ချက်

ယင်းကဲ့သို့ ဓာတုပစ္စည်းများ သုံးထားခြင်းမရှိသော စပျစ်သီး အဆီများတွင် အိုမီဂါ-၆ ဖက်တီးအက်စစ်အများစု ပါဝင်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်သည်။

ယင်းဖက်တီးအက်စစ်များက ကိုလက်စထရောကို လျော့ကျ စေပြီး နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချပေး သည်။

သို့သော် အကောင်းဆုံး အကျိုးကျေးဇူးများ ရရှိနိုင်ရန် အိုမီဂါ -၆ ဖက်တီးအက်စစ်နှင့် အိုမီဂါ-၃ ဖက်တီးအက်စစ်ကို သေချာစွာ ဟန်ချက်ညီမျှအောင် လုပ်ဆောင်ရန်လိုသည်။

လူများစုသည် အိုမီ ဂါ-၆ ဖက်တီးအက်စစ်ကို ပိုမိုရရှိရန် လွယ်ကူပြီးအိုမီဂါ-၃ ဖက်တီး အက်စစ်ရရှိမှု နည်းပါးသည်။

အိုမီဂါ-၆ ဖက်တီးအက်စစ်များလွန်းပါက ကင်ဆာအပါအဝင် ပြင်းထန်သော ရောဂါများဆီသို့ ဦးတည်သွားနိုင်ကြောင်း လေ့လာမှုက ဖော်ပြသည်။

စပျစ်သီးအစေ့အဆီတွင် သံလွင်ဆီထက်ပင် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်သဖြင့် မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။

အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများက ယင်းတို့၏ အသားအရေထုတ်ကုန်နှင့် ဆံကေသာ ထုတ်ကုန်များအတွက် စပျစ် သီးအစေ့အဆီကို အသုံးပြုသည်။

စပျစ်သီးအစေ့အဆီကို အသားအရေစိုပြည်စေရန်၊ ဝက်ခြံ ပျောက်စေရန်၊ အသားအရေလင်းလက်စိုပြည်စေရန်၊ အမာရွတ် လျော့ပါးစေရန်နှင့် မိတ်ကပ်ဖျက်ရန် အသုံးပြုကြသည်။

စပျစ်သီးအစေ့အဆီကို ထိပ်ပြောင်ခြင်းအတွက် သဘာဝကု ဆေးအဖြစ် အသုံးပြုပြီး ဆံပင်ပိုသန်စေရန်နှင့် အသားအရေနုပျို စေရန် အသုံးပြုသည်။

READ - ဖရုံစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၆ ချက်                      

Source: 7 day daily

Read times Last modified on Tuesday, 18 July 2017 15:31
Rate this item
(0 votes)