What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 October 2017 14:12

ကိုယ်ဝန်ဆောင်များ ခရီးသွားရာတွင် ဆောင်ရန်၊ ရှောင်ရန်များ

ကိုယ်ဝန်ဆောင်များ ခရီးသွားရာတွင် ဆောင်ရန်၊ ရှောင်ရန်များ google.com

ကိုယ်ဝန်ဆောင်နေသူတွေဟာ လေယာဉ်၊ ရ ထား၊ ကား အစရှိတာတွေနဲ့ ခရီးသွားလာတာကို လုံးဝ မလုပ်ရဘူးလို့ မတားမြစ်ထားပေမယ့် တတ်နိုင်သမျှ မသွားဖို့တော့ လိုပါတယ်။ မဖြစ်မနေ ခရီးသွားလာ ရမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ သတိပေးချက်တွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။

- ကိုယ်ဝန်ဆောင်တွေဟာ သာမန်လူတွေလိုပဲ သက်သောင့်သက်သာရှိနေသမျှ သွားလာနေလို့ရပါတယ်။ ဒါပေမဲ့ နည်းနည်း ပင်ပန်းလာတာ၊ ဒါမှမဟုတ် နေ လို့ထိုင်လို့ သိပ်မကောင်းတာမျိုးဖြစ်နေရင်တော့ နားဖို့ လိုပါလိမ့်မယ်။

- ခရီးသွားတဲ့အခါ လေးဘီးတပ်ယာဉ်တွေဟာ နှစ်ဘီး တည်းသာပါတဲ့ ယာဉ်တွေထက် ပိုပြီး အန္တရာယ်ကင်း စေနိုင်ပါတယ်။ နှစ်ဘီးတပ်ယာဉ်တွေဖြစ်တဲ့ စက်ဘီး၊ ဆိုင်ကယ်တွေ စီးပြီး သွားလာတဲ့အခါ ဟန်ချက်ညီ အောင်ထိန်းနေရတာနဲ့ ခါးနာတတ်ပါတယ်။

- တကယ်လို့ ကိုယ်ပိုင်ကားနဲ့ ခရီးသွားမယ်ဆိုရင် ကားကို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ မောင်းခိုင်းပါ။ လေယာဉ်၊ ရထားတွေ စီးမယ်ဆိုရင်တော့ ကိုယ်ဝန် ဆောင်မိခင်ရဲ့ သက်ဆိုင်ရာ ဆေးမှတ်တမ်းတွေနဲ့ လို အပ်တဲ့ ဆေးဝါးတွေကို အကုန်သယ်ဆောင်လာဖို့ အထူးလိုအပ်ပါတယ်။

- ဖြစ်နိုင်ရင် ခရီးအဝေးကြီးတွေတော့ မသွားလာ သင့်ပါဘူး။ တကယ်လို့ မဖြစ်မနေ ခရီးရှည်သွားဖို့ ကိစ္စရှိတယ် ဆိုရင် မကြာခဏ ရေသောက်ပေးပါ။ ရေဓာတ်ခမ်း ခြောက်တာတွေ ဖြစ်လွယ်လို့ ရေကို မကြာမကြာ သောက်ပေးပါ။

- တစ်နာရီကြာတိုင်း အနည်းဆုံး တစ်ကြိမ် ထပြီး လမ်းလျှောက်ပေးပါ။ ခြေထောက်ကြွက်သားတွေ ထုံကျဉ်မှု မဖြစ်စေဖို့နဲ့ ခြေထောက်ရောင်ရမ်းမှု မဖြစ် စေဖို့ ခြေထောက်ကို မကြာခဏ ဆွဲဆန့်လေ့ကျင့် ခန်း လုပ်ပေးပါ။ ထိုင်တဲ့အခါ အနည်းငယ် မြင့်တဲ့ နေရာမှာ ခြေထောက်ကို တင်ထားပါ။

- ကိုယ်ဝန်ဆောင်တွေဟာ သာမန် လူတွေလို ကား ဂိတ်တွေနဲ့ ဘူတာတွေမှာ အလွယ်ရတဲ့အစားအစာ တွေကို မစားသင့်ပါဘူး။ ဖြစ်နိုင်ရင် ကိုယ့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အိမ်ကနေ ပြင်ဆင်ပြီး ယူဆောင်သွားသင့်ပါတယ်။ ရေကိုလည်း အိမ်က ယူလာတာပိုကောင်းပါတယ်။ တကယ်လို့ အပြင်မှာ ရေ၀ယ်သောက်မယ်ဆိုရင်တော့ သောက်ရေသန့်ဘူးဖြစ်ဖို့ လိုပါတယ်။

READ - ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ

Source: Pregnacare

Read times
Rate this item
(3 votes)