What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 January 2021 14:10

Chubb Life မှ မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး အက်ပလီကေးရှင်း ကိုစတင်မိတ်ဆက်

Chubb Life Myanmar မှ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက်

နေ့စဉ်သုံး အက်ပလီကေးရှင်း (360-degree App) တစ်ခုဖြစ်သော Chubb LifeBalance ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။ ၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်မိတ်ဆက်ခဲ့သော ၎င်း အက်ပလီကေးရှင်းသည် ယခုအခါ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည့်အတွက် အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မြန်မာဘာသာသုံး App ဖြစ်သည်။

Chubb LifeBalance သည် အသုံးပြုသူများအတွက် ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် နောက်ဆုံးပေါ် AI နည်းပညာ (Artificial Intelligence) ကို အသုံးပြုကာ အစာအဟာရဖြည့်စွက်စားသုံးခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စသည့်ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များမှ ပုံဖော်ရေးဆွဲထားသည့် ကိုယ်ပိုင်နည်းပြ (personalized virtual coach) ကို ထည့်သွင်းထားပါသည်။ အက်ပလီကေးရှင်းအတွင်း မှတ်ပုံတင်ရာတွင် အလွန်လွယ်ကူလှပြီး ဆေးဘက်ဆိုင်ရာ လက်တွေ့စာတမ်းပေါင်း ၂,၅၀၀ ကျော် နှင့် နှစ်ပေါင်းများစွာမှ လူသန်းပေါင်း ၃၀၀ ကျော်၏ ဆေးမှတ်တမ်း လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသုံးပြုသူ၏ ကိုယ်ပိုင်ကျန်းမာရေးရမှတ် (personalized health score) ကို လွယ်ကူစွာ တွက်ချက်နိုင်ပါသည်။ ၎င်း App သည် အသုံးပြုသူများအတွက် ကျန်းမာရေးနှင့်ဆိုင်သော ကိုယ်ပိုင်ရည်မှန်းချက်များ ချမှတ်နိုင်ရန် နှင့် ထိုရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ရန်‌ နေ့စဥ်လှုံ့ဆော် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ထိုကျန်းမာရေးရမှတ်သည် အသုံးပြုသူ၏ လူနေမှုဘဝပုံစံအပေါ် အခြေခံ၍ အချိန်နှင့်အမျှပြောင်းလဲနေမည်ဖြစ်ပြီး အသုံးပြုသူ၏ ကျန်းမာရေးတိုးတက်မှုအခြေအနေ ကိုညွှန်ပြပေးမည်ဖြစ်သည်။

Chubb Life Myanmar ၏ Country President ဖြစ်သူ Mr Son Nguyen မှ “အခုလို သာမာန်မဟုတ်တဲ့အချိန်မျိုးဖြစ်တဲ့ COVID-19 ဖြစ်နေချိန် နဲ့ COVID အလွန်ကာလတွေမှာ လူတိုင်းက ကိုယ့်ရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အကူအညီလိုအပ်တယ်လို့ ယုံကြည်ပါတယ်။ Chubb LifeBalance က ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု အတွက်ပါမက အိပ်စက်မှု၊ စားသောက်မှုပုံစံ၊ စိတ်နဲ့ ခန္ဓာကိုယ်တို့ရဲ့ ကျန်းမာသန်စွမ်းရေးအတွက်ပါ အဓိကအာရုံစိုက်ပြီး ဂရုစိုက်ပေးတဲ့အတွက် အသုံးပြုသူတိုင်းရဲ့ ကျန်းမာရေးကို အတွေးသစ် အမြင်သစ်နဲ့ မြင်နိုင်အောင် ကူညီပေးပါတယ်။ ” ဟု ပြောကြားခဲ့သည်။

chubb_123.jpg

ဆက်လက်၍ Mr Nguyen က Chubb Life အနေဖြင့် မြန်မာပြည်တွင် ယခု App အား မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးရာတွင် “အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျန်းမာရေး အတွက် ကုန်ကျစရိတ်က ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် အမြဲတမ်း ပိုကောင်းပြီး အပြုသဘောဆောင်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။ ကျန်းမာရေးနှင့်အညီစားသောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ပိုမိုသတိရှိခြင်း စတဲ့အလေ့ကျင့်ကောင်းတွေက မြန်မာနိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်နေတဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ လူတိုင်းက သူတို့ရဲ့ဘဝကို ကျန်းမာစွာနေထိုင်ဖို့ထိုက်တန်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တဲ့အတွက်ကြောင့် Chubb LifeBalance ကို လူတိုင်းအတွက် အခမဲ့ရယူအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

viber_image_2021-01-14_13-27-09.jpg

Chubb LifeBalance သည် ကျန်းမာရေးကိရိယာမျိုးစုံ နှင့်ချိတ်ဆက်ထားသည့်အပြင် အခြားကျန်းမာရေး App များဖြစ်သော Fitbit၊ Strava၊ Garmin နှင့် Apple Health တို့ဖြင့် ချိတ်ဆက်ထားသောကြောင့် ခြေလှမ်းအရေအတွက်၊ အိပ်ချိန်၊ အစားအသောက်ပုံစံ နှင့် အသက်ရှုနှုန်း တို့ကို မှတ်တမ်းတင်ပေးထားနိုင်သည်။ ထို့အပြင် ၎င်း App မှတစ်ဆင့် သူငယ်ချင်း၊ မိသားစုဝင်များကိုပါ အတူဖိတ်ခေါ်ပြီး အချင်းချင်းအားပေးကူညီခြင်း၊ ယှဥ်ပြိုင်ခြင်းများ ပြုလုပ်နိုင်သည်။

Chubb LifeBalanace App သည် Chubb Life မှ အာမခံဝန်ဆောင်မှု အတွက်များသာမက လူများ၏ကာကွယ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းရန် နည်းပညာကိုအသုံးပြုနေသည့် နည်းလမ်းများစွာအနက်မှ တစ်ခုဖြစ်သည်။ Chubb LifeBalance App ကို Google Play နှင့် Apple App Store တို့တွင် အင်္ဂလိပ် ၊ မြန်မာ (၂) ဘာသာ ဖြင့် ရရှိနိုင်ပြီး ပိုမိုလေ့လာရန် 

https://www.chubb.com/mm-mm/chubblifebalance.html

တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကိုးကား - https://www.cdc.gov/globalhealth/countries/burma/index.html

Read times Last modified on Thursday, 14 January 2021 15:49
Rate this item
(0 votes)