What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 June 2020 11:18

သူနာပြုဆရာမထဲမှ ရာထူးအဆင့်ဆင့်တိုးမြင့်ခဲ့သူတစ်ဦးကို နိုင်ငံတော်သမ္မတ ပထမဆုံးခန့်အပ်

ရန်ကုန် သူနာပြုတက္ကသိုလ် ပါမောက္ခချူပ်အဖြစ် သူနာပြုဆရာမများထဲမှ ရာထူးအဆင့်ဆင့် တိုးမြင့်ခဲ့သူ သူနာပြုဆရာမကြီး ဒေါက်တာ တင်တင်ကျော်ကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတက ရာထူးးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

 

ဒေါက်တာ တင်တင်ကျော်သည် လက်ရှိတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ရန်ကုန်သူနာပြုတက္ကသိုလ်၏ သင်ကြားရေးဌာနတွင် ဒုတိယပါမောက္ခချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူနာပြုတက္ကသိုလ်တစ်ခုတွင် ပါမောက္ခချုပ်အဖြစ် သူနာပြု ဆရာမများထဲမှ ပထမဆုံး တာဝန်ပေးခန့်အပ်ခံရခြင်းဖြစ်ကာ မြန်မာနိုင်ငံ သူနာပြုလောကတွင် ပထမဆုံးဖြစ်ကြောင်းသိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ယနေ့နေ့လယ်ပိုင်းတွင် ပါမောက္ခ ဒေါက်တာတင်တင်ကျော်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစကားနှင့် လမ်းညွှန်မှာကြားမှုများ ပြောကြားခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ သူနာပြုတက္ကသိုလ်တစ်ခုတွင် ပါမောက္ခချုပ်အဖြစ် သူနာပြု ဆရာမများထဲမှ ရာထူးအဆင့်ဆင့်တိုးမြှင့်ခဲ့သူတစ်ဦးကို တာဝန်ပေး ခန့်အပ်ခဲ့ခြင်း သည် မိမိတို့နိုင်ငံ သူနာပြုလောကတွင် ပထမဦးဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရမှုအပေါ် အထူးအသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ပါမောက္ခချုပ်ရာထူးသည် အကြီးအကဲတစ်ဦးဖြစ်သောကြောင့် သူနာပြုတက္ကသိုလ်နှင့် သူနာပြုလောက ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးအောင် ဘက်စုံစဉ်းစားသုံးသပ်ကာ ကြိုးစားလုပ်ဆောင် စေလိုပါကြောင်း၊ တက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ/ ဆရာမများကို မောင်၊ ညီမများသဖွယ် သဘောထားဆက်ဆံပြောဆို၍ ညီညွှတ်စွာပူးပေါင်းကာ ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှလည်း သူနာပြုလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေသောကြောင့် သူနာပြုတက္ကသိုလ်အတွက် လိုအပ်သည်များအား ဆက်ကလ်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

 

ယခုကဲ့သို့ သူနာပြုဆရာမကြီးတစ်ဦး ပါမောက္ခချုပ်ရာထူးတိုးမြှင့်ခံထားရသည့်အတွက် ပါမောက္ခချုပ် ဆရာမကြီး မာမီ ဒေါက်တာတင်တင်ကျော်ကို သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းနှင့် သူနာပြုလောက၏ ပထမဆုံးသော ပါမောက္ခချုပ်ဖြစ်တဲ့အတွက်ကြောင့်လဲ အထူးပင် ဂုဏ်ယူမိကြောင်းလည်း သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

 

မောင်မောင်/ Myanmar Harp

Read times
Rate this item
(0 votes)