What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 November 2017 10:29

ဆောင်းဥတုတွင် ရေချိုးရမည့်အချိန်

ဆောင်းဥတုတွင် ရေချိုးရမည့်အချိန် google.com

ဆောင်းရာသီတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည်စိုးသဖြင့် ရေမချိုးဘဲ ရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအသောက်ပျက်လာ သည်ကို တွေ့ရသည်။

မျက်ချေးများ ထွက်ပြီး မျက်စိကြည့်မကောင်းဖြစ်လာသည်။ ရေမချိုးရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက်လာခြင်းဖြစ်သည်။

အသက် (၆၅) နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ်ထားပါသည်။

လူကြီးများ၊ သက်ကြီးရွယ်အိုများ၊ နေမကောင်းသူမျာ ရေချိုးသင့်သည့်အချိန်မှာ နွေဥတုတွင် နံနက် ၉ နာရီခန့်၌ သင့်တော်သည်။

မိုးဥတုတွင် နံနက် ၁၀ နာရီနှင့် ဆောင်းဥတုတွင် အအေးပိုလာဖြင့် နံနက် ၁၁ နာရီခန့်မှသာ ရေချိုးပေးသင့်ပါသည်။

ဆောင်းဥတုသည် နံနက်စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ်စေရန် ရေချိုးဆင်ခြင်သင့်သည်။

နွေးထွေးအောင် ညအိပ်ချိန်နှင့် နံနက်စောစာအိပ်ရာထချိန်များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံနွေးထွေးသော စောင်၊ အနွေးထည် အ၀တ်အစားများကို ဂရုတစိုက် ၀တ်ဆင်သင့်ကြောင်း သတိပြုစေလိုသည်။

ဆောင်းတွင်းရာသီတွင် ရေးမချိုးဘဲ ကြာနေသ်ာလေည်း ကျန်းမာရေးအတွက် မကောင်းနိုင်ပါ။

အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပက်ကြားအက်ခြင်း၊ အငွေ့အသက်မကောင်းခြင်း၊ မျက်စိမကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွေခြင်း၊ လျှာတွင် အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံ ၀င်ရောက်လာနိုင်သည်။

မိမိအနေဖြင့် အရဲကိုး ရေချိုးမည်ဆိုရင် ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။

တဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။

မျက်နှာသစ်၊ ပလုတ်ကျင်းပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။

အချိန်ကြာမြင့်စွာ ရေချိုးခြင်းမပြုရ။ အေးသောရာသီတွင် လျင်မြန်စွာ ရေချိုးခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

Source: shwenewsss

Read times
Rate this item
(2 votes)