What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 23 January 2021 15:52

ဇက်ကြော တက်နေလျှင်

ဇက်ကြောတင်းတယ်၊ တောင့်တယ်ဆိုတာ ရောဂါမဟုတ်ပေမယ့် ရောဂါတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ ဇက်ကြောတင်းတာ၊ တောင့်တာက ရောဂါအကြီးအကျယ် မဖြစ်တတ်ပါဘူး။ ဇက်ကြောတက်တာမျိုးက သွေးတက်တာ၊ အာရုံစူးစိုက်မှုများတာ၊စိတ်ဖိစီးမှုများတာတွေ ကနေလည်း ဖြစ်စေနိုင်တယ်။ အစားအသောက် (ကော်ဖီ၊အရက်၊ဝိုင်၊ဘီယာ၊အငန်) စားတာတွေကနေလည်း ဖြစ်နိုင်ပါတယ်။ကွန်ပျူတာ အသုံးများတာ၊ စာရေးတာ၊ တီဗီအကြာကြီး ကြည့်တာတို့လို အနေအထိုင် မမှန်တာတွေကြောင့် လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ၊ အဆစ်တွေ ပုံမမှန်ဖြစ်ပြီး နာတဲ့သဘော ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ ဇက်ကြောတင်းတယ်၊ တောင့်တယ်၊ လည်ပင်းနာတယ်ဆိုတဲ့ လက္ခဏာတွေက တခြားရောဂါတွေရဲ့ လက္ခဏာအနေနဲ့လည်း တွေ့ရတတ်ပါတယ်။ ဇက်ကြောတောင့်တင်းတာက လည်ပင်းမှာရှိတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လည်ပင်းအာရုံကြော ညပ်တာကြောင့်လည်း ဇက်ကြော တက်နိုင်ပါတယ်။ လည်ပင်းမှာရှိတဲ့ အရိုး၊ အဆစ်၊ အရွတ်၊ အာရုံကြော၊ သွေးကြောတွေမှာ ဖြစ်တဲ့ ရောဂါတွေက ဇက်ကြောတက်တဲ့ လက္ခဏာကို ပေးတတ်သလို ထိမိခိုက်မိတာကြောင့်လည်း ဇက်ကြောတက်တတ်ပါတယ်။

တော်ရုံတန်ရုံ ကြွက်သား တောင့်တင်းတာလောက်တော့ ဒီလေ့ကျင့်ခန်းတွေက သက်သာစေပါတယ်။လည်ပင်းကို အတင်းအကျပ် နှိပ်တာကိုတော့ အားမပေးပါဘူး။ လည်ပင်းတင်း တောင့်နေရင် အဲဒီနေရာကို ညင်ညင်သာသာ နှိပ်ပေးတာလောက်ပဲ လုပ်သင့်ပါတယ်။ ပြီးတော့ အပူ၊ အအေးကပ်ပေးတာကိုလည်း လုပ်ပေးနိုင်ပါတယ်။

ပိုတက်စီယမ် ဓာတ်နည်းရင်လည်း ဇက်ကြောတက်တတ်ပါတယ်။ ပိုတက်စီယမ်ရအောင် အာလူး၊ ငှက်ပျောသီး၊ ဟင်းနုနယ်ရွက်၊ ပဲအမျိုးမျိုး၊ ကညွတ်နဲ့ ပန်းဂေါ်ဖီစိမ်း၊ အုန်းရည်၊ ပန်းသီး Juice၊ လိမ္မော် Juice သောက်သင့်တယ်။ မဂ္ဂနီဆီယမ် ဓာတ်နည်းရင် နီဆီယမ် ဓာတ်နည်းရင်လည်း ဇက်ကြောတက်တတ်တယ်။မဂ္ဂနီဆီယမ်ဓာတ်တွေရဖို့ ဂျုံ၊ ဘာလီ၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ တူနာငါး၊ ဒိန်ချဉ်၊ အခွံမာတဲ့ အစေ့အဆန်တွေ စားသင့်တယ်။

နောက်တစ်ခုက ဗီတာမင်ဘီကလည်း လည်ပင်းတောင့်တင်းတာ သက်သာဖို့ အထောက်အကူဖြစ်တယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ တူနာငါး၊ ငှက်ပျောသီး၊ အာလူး၊ ဥအမျိုးမျိုး၊ အခွံမာတဲ့ အစေ့အဆန်တွေမှာ ဗီတာမင်ဘီ ပါတယ်။

Read times Last modified on Saturday, 23 January 2021 15:57
Rate this item
(0 votes)