What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 November 2017 10:41

မုန်ညင်းထုပ်များများစားသင့်တဲ့ အကြောင်းရင်း

မုန်ညင်းထုပ်များများစားသင့်တဲ့ အကြောင်းရင်း google.com

အစိမ်းအတိုင်းပဲဖြစ်ဖြစ်၊ ကြော်စား၊ ပြုတ်စား၊ ပေါင်းစားအမျိုးမျိုး အဖုံဖုံပြုလုပ်စားလေ့ရှိတဲ့ မုန်ညင်းထုပ်တွေဟာ နေ့စဉ်စားဖို့လိုအပ်တဲ့ အထိ ဘယ်လိုကောင်းကျိုးတွေရှိတယ်ဆိုတာ သိထားရအောင်လို့ဖော်ပြလိုက်ပါတယ်။

- ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ကေကြွယ်ဝတဲ့အတွက် အရိုးများသန် မာစေသလို အရိုးပွရောဂါ ဖြစ်ပွားမှုမှလည်း ကာကွယ်ပေးပါတယ်။

- မလိုအပ်ဘဲ သွေးထွက်များခြင်း၊ အဆက်မပြတ်သွေးထွက်လွန်ခြင်း တွေကိုလည်း ကာကွယ်ပေးပါတယ်။

- သွေးဖိအားကို ပုံမှန်အနေအထားထိန်းညှိပေးနိုင်တဲ့အတွက် နှလုံး ရောဂါ၊ လေဖြတ်ခြင်းနဲ့ ရုတ်တရက် နှလုံးဖောက်မှုတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

- ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေရှိနေရင်လည်း အန္တရာယ် မပေးခင်မှာ ကြိုတင် ဖယ်ရှားပေးပါတယ်။

- အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာကိုလည်း ကြေညက်စေကာ ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

- ပုံမှန်စားပေးတယ်ဆိုရင် ကင်ဆာရောဂါဖြစ်စေတဲ့ဆဲလ်တွေကို သေစေပြီး ကင်ဆာဖြစ်နိုင်ခြေ နည်းပါးစေပါတယ်။

READ - ငှက်ပျောသီး ရဲ့ ဘေးထွက် ဆိုးကျိုး (၄) မျိုး

Source: 7day daily

Read times
Rate this item
(1 Vote)