What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 31 October 2022 15:42

ဗိုက်အောင့်၊ ဗိုက်နာခြင်းများအတွက် ကုသရမယ့်နည်းလမ်းများ

ဗိုက်အောင့်၊ ဗိုက်နာခြင်းများအတွက် ကုသရမယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. သံပရို ရေနွေး

အစာမကြေတာ၊ ဗိုက်နာတာတွေအတွက်တော့ သံပရိုက တကယ်စွမ်းတဲ့ဆေး ဖြစ်ပါတယ်။ သူ့မှာပါတဲ့ အက်ဆစ်Level က hydrochloric acid ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ကာ အစာကြေစေပါတယ်။ သံပရိုရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ ရေနွေးကို ရောမွှေပြီး သောက်ရမှာဖြစ်ပါတယ်။

 

၂. ဂျင်းပြုတ်ရည်

ဂျင်းမှာ gingerols နဲ့ shogaols တို့ပါဝင်ပါတယ်။ အဲ့ဒီဒြပ်ပေါင်းဟာ ကြွက် သားတွေကို relax ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဂျင်းတစ်တတ်ကို ပါး ပါးလှီးပါ။ ပြီးရင်တော့ ရေလက်ဖက်ရည်ခွက် တစ်ခွက်(သို့) နှစ်ခွက်ထည့်ပါ။ ပျားရည်အသင့်ရှိတယ်ဆိုရင် ပျားရည်ပါထည့်ပါ။ ဆူနေတဲ့ ရေနွေးထဲကို ဂျင်းထည့်ပြုတ်ပါ။ ပျားရည်ကိုတော့ ဂျင်းပြုတ်ရည်အေးသွားတော့ မှထည့်ပြီး (လက်ဖက် ရည်ဇွန်းတစ်ဇွန်း)သောက်ပါ။

 

၃. ဆော်ဒါနဲ့သံပရာ

သံပရိုလိုပဲ သံပရာကလည်း ဗိုက်အောင့် ဗိုက်နာတာကို သက်သာစေပါတယ်။ ဆော်ဒါနဲ့သံပရာကို သောက်ပေးခြင်းအားဖြင့်လည်း ဗိုက်အောင့် ဗိုက်နာတာတွေကို အမြန်ဆုံးသက်သာစေပါတယ်။ ဆော်ဒါ(၈) အောင်စနဲ့ သံပရာရည်ကို ရောမွှေပြီး သောက်ပါ။

 

၄. ရေနွေးအိတ်

ပူနွေးမှုဟာ နာကျင်မှုတွေနဲ့ နေသာထိုင်သာ မရှိတာတွေကို သက်သာစေပါတယ်။ ရေနွေးအိတ်၊ ရေနွေးကို ယူပါ။ အရင်ဆုံးလှဲနေပါ။ ပြီးရင် ဗိုက်အောင့်၊ ဗိုက်နာနေတဲ့ နေရာကို ကိုယ်ခံနိုင်လောက်တဲ့ အပူချိန်မျိုးလောက်နဲ့ နေသာလောက်တဲ့ ကြာချိန် (အနည်းဆုံး ၁၅) မိနစ်လောက် ကပ်ပေးပါ။

Read times
Rate this item
(0 votes)