What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 July 2021 10:56

Marlboro ဆေးလိပ် ထုတ်လုပ်သူက ဆေးလိပ်တားမြစ်ဖို့ ပြောကြား

ဆေးလိပ် brand အမျိုးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Philip Morris International ရဲ့ CEO ဖြစ်သူ Jacek Olczak က ဆေးလိပ်ကို ဆန့်ကျင်ပြောကြားခဲ့ပါတယ်။

သူက ယူကေမှ သတင်းမီဒီယာ The Mail နဲ့ တွေ့ဆုံခဲ့စဉ်မှာ လောင်စာဆီနဲ့ မောင်းနှင်တဲ့ကားတွေ လေထုညစ်ညမ်းပြီး ကျန်းမာရေး ထိခိုက်စေတာကြောင့် ယခုဆယ်စုနှစ်အတွင်း တားမြစ်သည့် နည်းတူ ယူကေမှာ ဆေးလိပ်ကိုလည်း ပိတ်ပင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကေမှာ ဓာတ်ဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ကားတွေကို ၂၀၃၀ ခုနှစ်မှာ ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။

Philip Morris International ဟာ အမေရိကန်နိုင်ငံမှာ Marlboro ဆေးလိပ်ထုတ်လုပ်တဲ့ Philip Morris USA ထံမှ ၂၀၀၈ ခုနှစ်မှာ ခွဲထုတ်ထားတဲ့ ဆေးရွက်ကြီး လုပ်ငန်း ဖြစ်ပြီး အမေရိကန်နိုင်ငံ ပြင်ပမှာ Marlboro ဆေးလိပ် တာဝန်ယူ ထုတ်လုပ်ပါတယ်။ အမေရိကန် ဆေးရွက်ကြီး ကော်ပိုရေးရှင်း Altria ရဲ့ လက်ခွဲလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ဆေးလိပ်သောက်ခြင်း ကင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာအောင် လုပ်ဖို့ အစီအစဉ်တွေ ကြေညာခဲ့ပါတယ်။

CEO ဖြစ်သူ Jacek Olczak က “ ဆေးလိပ်ကင်းမဲ့ကမ္ဘာကို ကျွန်တော်တို့ မြင်ကြည့်လို့ ရတယ်။ တကယ်တော့ အဲဒီဟာ စောစော ဖြစ်သွားလေ လူတွေအတွက် ပိုကောင်းလေပဲ။ မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်း ဉပဒေတွေ သတင်းအချက်အလက်တွေနဲ့ လုပ်ကိုင်သွားရင် အခုကနေ လာမယ့် ၁၀ နှစ်အတွင်း အဲဒီဟာ နိုင်ငံတချို့မှာ တကယ် ဖြစ်လာမှာပါ။ ဒီပြဿနာကို တစ်ကြိမ်ပဲ ရှင်းလိုက်ပြီးရင် ကိစ္စပြတ်သွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
ဆေးလိပ်တွေအစား ဆေးလိပ်သောက်ခြင်း ကင်းမဲ့တာကို ရွေးချယ်စရာအဖြစ် ပေးအပ်ရမယ်လို့ သူက ဆိုပါတယ်။

ယူကေမှာ ဆေးလိပ်တွေ ရောင်းချတာကို Philip Morris International က ရပ်ပစ်မှာလားလို့ မေးတဲ့အခါ သူက လုံးဝသေချာတယ်လို့ ဖြေပါတယ်။ “စားသုံးသူတွေအတွက် ပထမရွေးစရာက ဆေးလိပ်ဖြတ်သင့်တာ ဖြစ်ပါတယ်။ ဒါပေမဲ့သူတို့က ဆေးလိပ်မဖြတ်ကြဘူးဆိုရင် ဒုတိယအကောင်းဆုံး ရွေးစရာက ပိုကောင်းမွန်တဲ့ ရွေးချယ်စရာတွေဆီကို ပြောင်းလဲခွင့် ပေးရမယ်” လို့ ဖြည်စွက်ပြောကြားခဲ့ပါတယ်။

Philip Morris International ရဲ့ ဝင်ငွေကို ကြည့်ရင် ဆေးလိပ်သောက်ခြင်းနဲ့ မပတ်သက်တဲ့ ထုတ်ကုန်တွေထံမှ ရရှိတဲ့ဝင်ငွေက တစ်ဝက်အထိ ရှိအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေးကောင်းမွန်စေရေး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဆေးလိပ်အစား အခြားလုပ်ငန်းအမျိုးအစားတွေကို ပြောင်းလဲလုပ်ကိုင်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာ ရင်ကြပ်ပန်းနာ ရောဂါသည်တွေအတွက် ရှူဆေးထုတ်လုပ်တဲ့ ဗြိတိသျှ ဆေးကုမ္ပဏီ Vectura Group ကို ပေါင် တစ်ဘီလျံဖြင့်
ဝယ်ယူဖို့ ဆောင်ရွက်လျက် ရှိပါတယ်။

Source: independent.co.uk

Read times Last modified on Tuesday, 27 July 2021 10:57
Rate this item
(0 votes)