What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 June 2018 11:24

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၁၁)

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၁၁) Google.com

နှလုံးခုန်ရင်တုန်တက်သူတွေ ဘယ်လို အစားအစာတွေကို ရှောင်သင့်ပါသလဲ

နှလုံးခုန်တက်သူတွေ အနေနဲ့ တချို့အစားအစာတွေကြောင့် ရောဂါအခြေအနေ ပိုဆိုးရွားလာနိုင်ပါတယ်။အစာလည်းဆေး ဆေးလည်းအစာဆိုသလိုမျိုး ရင်တုန်တာကို ပိုဆိုးရွားစေနိုင်တဲ့ အစားအစာတွေကိုရှောင်းရှာနိုင်မှ ဝေဒနာသက်သာလာနိုင်ပါတယ်။

ရှောင်သင့်တဲ့ အစားအစာတွေကတော့ ကော်ဖီ ၊ အစိမ်းရောင်ဟင်သီးဟင်းရွက်များ ၊ ဂရိတ်ဖရုသီး ၊ ဝိုင် ၊ အရက် ၊ အနီရောင်အသား ၊ထောပတ် ၊ ဆီကြော်စာ ၊ အာဖြည့်အချိုရည် ၊ အငန်ဓာတ်လွန်ကဲသော အစားအစာတွေ ၊ အသင့်သောက်သုံးလို့ရတဲ့ ကွေကာအုပ်တို့ဘဲ ဖြစ်ပါတယ်။

အရိုးကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစားတွေများ

ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နွားနို့ ၊ ဒိန်ချဉ် ၊ဒိန်ခဲ ၊ ၈ျပန်တိုဟူး ၊ ပုပုပ်စေ့ ၊ ပန်းပွင့်စိမ်း ၊ ငါးသေတ္တာတွေ စားပေးဖို့လိုပါတယ်။ အဓိကက အသားဓာတ်ကြွယ်ဝမှသာ ကြွက်သားနဲ့ အရိုးကို ကြံ့ခိုင်ကျန်းမာလာစေပါတယ်။ ဥပမာ အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သား ၊ ငါး ၊ အနီရောင်အသားတွေဖြစ်တဲ့ အမဲသား ၊ဆိတသား ၊ ဝက်သား စတာတွေအပြင် နွားနို့ ၊ ပဲ ၊ ဒိန်ချဉ် ၊ ဒိန်ခဲ ၊ ပဲ အမျိုးမျိုးစားပေးရပါတယ်။ အနီရောင်အသားတွေကိုတော့ တစ်ပတ်နှစ်ကြိမ်ထက်ပိုးမစားသင့်ပါ။တစ်နေ့လုံးနေမှ အသီးအရွတ်ပဲစားပြီး ဝိတ်လျှော့ လိုက်မယ်ဆိုရင် လိုအပ်တဲ့အသားဓာတ်ကိုမရတော့တဲ့အတွက် အရိုးကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အရိုးပွတာ ၊ အရိုးပါးတာတွေ ဖြစ်စေနိုင်ပါတယ်။

သုံးပြီးသားလက်ဖက်ခြောက်အိတ်ကို ဘာတွေထပ်အသုံးပြုနိုင်လဲ

လက်ဖက်ခြောက်အိတ်ငယ်လေးတွေကို ရေနွေးပူပူထဲထည့်စိမ်သောက်ပြီးတဲ့အခါ အများစုက လွှင့်ပစ်တတ်ကြပါတယ်။ ဒီအိတ်ကလေးတွေရဲ့ အသုံးဝင်ပုံကို မသိရှိတာကြောင့်လည်းဖြစ်ပါတယ်။ ဒီအိတ်ကလေးတွေကို ကျန်းမာရေးပြဿနာတချို့တွင် ပြန်သုံးနိုင်ပါတယ်။ နှုတ်ခမ်းအနာပေါက်တာ ၊ထိခိုက်ရှနာကြောင့် သွေးထွက်တာ ၊ ရောင်ရမ်းနေတဲ့ အဖုငယ် ၊ ပိုးမွှားကိုက်တာ ၊ နေလောင်တာ ၊ ခြေထောက်အနံ့ဆိုးထွက်တာ တွေမှာ အသုံးပြုလို့ရပါတယ်။ ဥပမာ လက်ဖက်ခြောက်မှာ ပိုးသတ်အာနိသင်နဲ့ ကျုံ့စေတဲ့ အာနိသင်ရှိတယ်။ ပိုးမွှားကိုက်ခံရတဲ့ အရေးပြားပေါ် သုံးပြီးသား လက်ဖက်ခြောက်အိတ်ငယ်လေးကပ်ပေးပါ။ ရောင်ရမ်းမှု လျော့စေပါတယ်။


မျက်ကြည်လွှာ ထိခိုက်ဒဏ်ရာရပြီးပိုးဝင်ရင် ဘာလုပ်ဖို့လိုပါသလဲ

မျက်ကြည်လွှာက ထိခိုက်ဒဏ်ရာရပြီး ဘက်တီးရိးယားပိုးဝင်တယ်ဆိုရင် Ciplox မျက်စဉ်ဆေးကို တစ်နာရီတစ်ခါ ခတ်ပေးရပါတယ်။ မှို (Fungal) ကြောင့်ဖြစ်တယ်ဆိုရင်တော့ Natamycin မျက်စဉ်းဆေးကို တစ်နာရီတစ်ခါ ခတ်ပေးရပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်တယ်ဆိုရင် Acyclovir မျက်စဉ်းဆေးကို တစ်နေ့ နှစ်ကြိမ် ခတ်ရပါတယ်။ ဒီလို ခတ်နေရင်းနဲ့ အနီးဆုံးဆရာဝန်ဆီကို အမြန်ဆုံးရောက်အောင် သွားဖို့လိုပါတယ်။

 

Source:ပြည်မြန်မာ

Read:မစားသင့်သော ငါးအမျိုးအစာများ

မစားသင့်သော ငါးအမျိုးအစာများ

Read times Last modified on Wednesday, 13 June 2018 11:39
Rate this item
(1 Vote)