What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 October 2021 12:22

ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးပြီးသူတွေ အမေရိကန်ကို လေကြောင်းကဝင်ရောက်ခွင့်ပြုတော့မည်

ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးပြီးသူတွေ အမေရိကန်ကို လေကြောင်းကဝင်ရောက်ခွင့်ပြုတော့မည်

အမေရိကန်ပြည်ထောင်စုကို လေကြောင်းကနေ လာရောက်မယ့်ခရီးသွားတွေအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးဖို လိုအပ်ကြောင်း သမတ ဘိုင်ဒန်က အမိန့်တရပ်ထုတ်ပြန်လိုက်ပြီးနောက် ကာကွယ်ဆေးအပြည့်ထိုး ထားသူတွေကို အမေရိကန်ပြည်ထောင်စုအတွင်း လေကြောင်းကနေ မကြာမီပြန်လည်ဝင်ခွင့်ပြု တော့မှာဖြစ်ကြောင်း အမေရိကန် သမတအိမ်ဖြူတော်က တနင်္လာနေ့တုန်းက ထုတ်ပြန် ကြေငြာပါတယ်။

အမေရိကန်က အတည်ပြုထားတဲ့ ကာကွယ်ဆေး ၃ မျိုးထဲက တမျိုးကိုအပြည့်အဝထိုးထားသူဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်စမ်းသပ်ပြီး ရောဂါပိုးမရှိကြောင်း ထောက်ခံချက်ပြနိုင်သူတွေကို အမေရိကန်ပြည်ထောင်စုအတွင်းကို ဝင်ခွင့်ပေးမှာဖြစ်ပါတယ်။

ဒီခွင့်ပြုချက်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာစတင်သက်ရောက်မှာဖြစ်ပါတယ်။

အခုလိုကာကွယ်ဆေးထိုးထားပြီးသူကိုသာခွင့်ပြုမှာဖြစ်ပေမယ့်၊ အကြောင်းကြောင်းကြောင့် ကာကွယ် ဆေး မထိုးထားရသူတွေကို အကန့်အသတ်နဲ့ဘဲကင်းလွတ်ခွင့်ပြု ပြီးဝင်ရောက်ခွင့်ပေး သွားမှာဖြစ် ပါတယ်။ အဲဒီ ကန့်သန့်ချက်တွေနဲ့ ကင်းလွတ်ခွင့်ပြုမယ့်အထဲမှာ နိုင်ငံ ၅၀ ကနေလာရောက်တဲ့ ခရီးသွားတွေအတွက်ဘဲ ခွင့်ပြုမှာဖြစ်ပါတယ်။ အဲဒိနိုင်ငံတွေထဲမှာ ကမ္ဘာပေါ်ကအဆင်းရဲဆုံးနိုင်ငံ တွေဖြစ်ပြီး၊ ကိုဗစ်ကာကွယ် ဆေးထိုးနိုင်တဲ့နှန်းနဲ့တဲ့နိုင်ငံတွေပါဝင်ပါတယ်။ အာဖရိကတိုက်ကနိုင်ငံ အများအပြားပါဝင်ပါတယ်။

အခြား အကန့်အသတ်နဲ့ကင်းလွတ်ခွင့်ပေးမယ့်အထဲမှာတော့ အသက် ၁၈ နှစ်အောက် ခလေးတွေ လည်းပါဝင်ပါတယ်။

ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုကိုလာရောက်တဲ့ ခရီးသွားဦးရေး သန်း ၈၀ ကျော်ရှိပါတယ်။

burmese.voanews.com

Read times
Rate this item
(0 votes)