What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 December 2018 11:09

ဆဌမ ကြိမ်မြောက် ၂၀၁၈ မြန်မာ့ဆေးဝါး-စက်ပစ္စည်း နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ပြပွဲ

Myanmar Phar-Med & Lab 2018 ပြပွဲကို မြန်မာနိုင်ငံ ဆေး နှင့် ဆေးပစ္စည်း ကုန်သည်များနှင့်

လုပ်ငန်းရှင်များအသင်း (MPMEEA) နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း (MPHA) တို့၏ အဓိကကူညီပံ့ပိုးမှုတို့ နှင့်အတူ Minh Vi Exhibition & Advertisement Services Co., Ltd (VEAS) က ကြီးမှူးပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

မြန်မာ့ ဆေး လေးပစ္စည်းများ နှင့် ဓာတ်ခွဲစမ်းသပ်ခြင်း ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၈ ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ နဲ့ စပါးဒင်းဟိုတယ်တွင် ကျင်းပပြုလုပ်သွားတာလဲ ဖြစ်ပါတယ်။ ပြပွဲတွင်း ရုတ်၊ ဂျာမနီ၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ် စသော နိုင်ငံပေါင်း (၁၀) ၊ နိုင်ငံမှ ပစ္စည်းအမျိုးပေါင်း (၁၅၀) ကျော် နှင့်အတူ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုန်စည်ပြပွဲကြီး တစ်ခုလည်း ဖြစ်ပါတယ်။

 

ဤ ၂၀၁၈ ပြပွဲတွင် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ နောက်ဆုံးပေါ် ထုတ်ကုန်များ၊ အမျိုးမျိုးသော ထုတ်ကုန်များ၊ နောက်ဆုံးပေါ် တီထွင်စမ်းသစ်မှုများ နှင့်အတူ မတော်တဆ နှင့် အရေးပေါ်သုံး ပစ္စည်းကိရိယာများ၊ ဆေးရုံးသုံး ပရိဘောဂ နှင့် ပစ္စည်းကိရိယာများ၊ ထိုးဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်း ပရိဘောဂများ၊ Analyzer စနစ် စသော ကုန်ပစ္စည်းအမျိုးပေါင်း (၁၅ဝ) ကျော် ပါဝင် ပြသပါမှာ ဖြစ်ပါတယ်။ ပြည်တွင်း မှ သာမက အရှေ့တောင်အာရှ နှင့် ကမ္ဘာတဝှမ်းမှ လာရောက်လေ့လာသူ ၃,၀၀၀ ကျော် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

 

Myanmar Phar-Med & Lab Expo သည် ပြည်တွင်း နှင့် ပြည်ပ ပြသသူများကို သူတို့၏ ကုန်ပစ္စည်းများကို မြန်မာ့ဈေးကွက်တွင် ပြသနိုင်ရုံသာမက အလားအလာရှိသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ၊ ပြည်တွင်း တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများကို ရှာဖွေရန်လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်သော နိုင်ငံတကာ ကုန်စည်ပြပွဲကြီး ဖြစ်ပါသည်။ ပြပွဲ (၃)ရက်အတွင်း တွင်လည်း ပြည်တွင်း နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အထူးဟောပြောပွဲ ခေါင်းစဉ်များနှင့်အတူ စိတ်ဝင်စားဖွယ် ဟောပြောပွဲ အစီအစဉ်များကိုလည်း ပြပွဲစီစဉ်သူမှ ပြပွဲ၏ စွဲဆောင်မှု အဖြစ် စီစဉ်ပေးထားပါသည်။

 

Read times Last modified on Thursday, 20 December 2018 11:27
Rate this item
(1 Vote)