What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 13 February 2022 10:45

Omicron ကို ထိတွေ့မှုက ကိုယ်ခံအားကို အထောက်အကူ ဖြစ်စေပါသလား။

Omicron ကို ထိတွေ့မှုက ကိုယ်ခံအားကို အထောက်အကူ ဖြစ်စေပါသလား။

Covid-19 နဲ့ ထပ်ခါတလဲလဲ အနီးကပ် ထိတွေ့ဖူးပြီး ကိုဗစ်လူနာ မဖြစ်ခဲ့တာဟာ သူတို့ရဲ့ ခုခံကာကွယ်မှုကို အားကောင်းစေသလားလို့ တွေးမိကြပါတယ်။

အိမ်သူအိမ်သား ကိုဗစ်ဖြစ်တယ်။ သင် မဖြစ်ဘူး။
အိမ်အကူ ကိုဗစ်ဖြစ်တယ်။ သင် မဖြစ်ဘူး။
လုပ်ဖော်ကိုင်ဖက် ကိုဗစ်ဖြစ်တယ်။ သင် မဖြစ်ဘူး။
Covid-19 နဲ့ မရေမတွက်နိုင်အောင် အနီးကပ် ကြုံထားပေမဲ့ စိတ်ပူလို့ ဆေးစစ်ကြည့်တိုင်း ပေါ့စတစ် မဖြစ်ဘူး။
Covid-19 နဲ့ထိတွေ့ထားတာတွေကြောင့် ကိုယ်ခံအား ပိုကောင်းသွားလို့ ကိုဗစ် မဖြစ်တာလား။
အဖြေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိရသေးဘူးလို့ သိပ္ပံပညာရှင်တွေက ပြောကြားကြတယ်။ သိရရင်လည်း အရဲစွန့်ပြီး ထုတ်ဖော်ပြောပြကြမှာ မဟုတ်ဘူး။

ပိုးနဲ့ နီးနီးကပ်ကပ် ဖြစ်ခဲ့တာကြောင့် ပိုးကူးတယ်။ ပိုးကူးတာကြောင့်သာလျှင် ကိုဗစ်အတွက် ကိုယ်ခံအား ကောင်းသွားနိုင်တယ်လို့တော့ သိပ္ပံပညာရှင် အများအပြားက ထုတ်ဖော်ပြောကြားကြပါတယ်။
ကိုယ်ခန္ဓာထဲ ရောက်ရှိတဲ့ပိုးတွေက ရောဂါဖြစ်ပွားလောက်အောင် မများတဲ့အတွက် ရောဂါ ဖြစ်လုဖြစ်ခင် အခြေအနေအထိသာ ရောက်ရှိခဲ့တယ်။ ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေးခံတပ် မကျိုးပျက်ခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်ပြီးသားတော့ ဖြစ်သွားတယ်။
ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံ ဖြစ်ခဲ့ရင်လည်း ပိုးကူးခံထားရတယ်ဆိုတာ မသိရဘူး။ ပိုးကို တိုက်မယ့် ပဋိဇီဝတွေ နည်းလွန်းနေရင်လည်း rapid test မှာ မ‌ေပါ်ဘူး။ သက်တမ်းတိုတောင်းလို့ တစ်ရက်နှစ်ရက်ပဲကြာရင်လည်း မသိနိုင်ဘူး။

အခုလို ကူးစက်ခံပြီး ကိုယ်ခံအား ကောင်းသွားတာမျိုးကို ကာကွယ်ဆေး ထိုးနှံပြီး ဖန်တီးပေးနိုင်ပါတယ်။ Covid-19 ကူးစက်ခံပြီးတော့ မဖန်တီးသင့်ပါဘူး။ ပိုးဝင်တာ ထိရောက်မှုရှိရင် အပြင်းအထန် နေမကောင်းဖြစ်တာ၊ ဆေးရုံတက်ရတာ၊ အသက်ဆုံးရှုံးတာတွေအထိ ဖြစ်ကုန်နိုင်ပါတယ်။ ပိုးမကူးအောင် ဆင်ဆင်ခြင်ခြင် နေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ တကယ်လို့ ပိုးကူးခံရတာကြောင့် ကိုယ်ခံအား ကောင်းသွားတယ်လို့သာ သိပ္ပံပညာရှင်တို့က ဆိုလိုခြင်း ဖြစ်ပါတယ်။
University of Washington School of Medicine မှ ပါမောက္ခ Dr. Marion Pepper က ကိုယ်ခံအားစနစ်ကို Covid-19 ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ထိတွေ့တဲ့အခါ ပိုးဝင်နေတဲ့ ပရိုတင်းတွေနဲ့ ပိုးဝင်နေတဲ့ အပိုင်းအစအနတွေ အတိုင်ူမတာရေချိန်တစ်ခုအထိ ကိုယ်ခံအားက တွေ့မှ အလုပ်စလုပ်ပါတယ်လို့ Dr. Pepper က ပြောပြပါတယ်။
အကြိမ်ကြိမ် ကူးစက်ခံရပြီး ရေချိန်က နည်းနေပေမဲ့လည်း ကိုယ်ခံအား ပိုကောင်းလာတာ ဖြစ်နိုင်ပေမဲ့ မသေချာဘူးလို့ Dr. Pepper က ပြောပြပါတယ်။

ဗိုင်းရပ်စ်ပိုးဝင်နေတဲ့ အစအန မျောပါနေတာကို ကိုယ်ခံအားဆဲလ်ဖြစ်တဲ့ ဘီဆဲလ်တွေက သိကြတယ်။ ခုခံကာကွယ်ရေးကို လုပ်ဆောင်ကြတယ်။

ကာကွယ်ဆေး‌‌ ထိုးနှံတာကြောင့် ဖြစ်စေ၊ ပိုးကူးခံရလို့ဖြစ်စေ ပဋိဇီဝတွေ ရရှိထားရင် ကိုယ်ခံအားမှာ အကျိုးရှိတယ်။ ဥပမာအားဖြင့် ပိုးက နှာခေါင်းအတွင်းပိုင်းမှ တစ်ရှူးကို ထိတွေ့တယ်။ ကိုယ်ခံအားဆဲလ်တွေက ပိုးကို စားမပစ်ခင်မှာ
ပဋိဇီဝတွေက ပိုးကို အမျိုးအမည် တပ်ပေးနိုင်ခဲ့တယ်ဆိုရင် ပုံတူကူးပြီး ကိုယ်ခံအားစနစ်ကို လေ့ကျင့်နိုင်‌ေအာက် ဖန်တီးပေးမယ်။ ကိုယ်ခံအားစနစ်က ပိုးအသစ်ကို ကောင်းကောင်းသိသွားတဲ့အတွက် ပိုးကိုတိုက်ခိုက်မယ့် ပဋိဇီဝတွေ ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ ကိုယ်ခံအားကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

Read times Last modified on Sunday, 13 February 2022 10:46
Rate this item
(0 votes)