What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 June 2020 16:31

ဆေးသောက်မည်ဆိုပါက မစားသင့်သည့် အစားအစာများ

နာမကျန်းဖြစ်ခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်းကြောင့် သောက်ဆေးများကို သောက်ရမည်ဆိုပါက ဆေးအာနိသင် ကို ပျက်ပယ်သွားစေတဲ့ အစားအစာများကို မစားမိဖို့ အလွန်အရေးကြီးပါတယ်။

ကျန်းမာရေးချို့တဲ့ခြင်းကြောင့် ဆေးသောက်တော့ရတော့မည်ဆိုပါက ဆေးမသောက်ခင်စားထားသည့် အစားအစာကြောင့် ဆေးအာနိသင် ကို ပျက်ပယ်သွားစေနိုင်သလို ဘေးထွက်ဆိုးကျိူးများစွာကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ဆေးသောက်မည်ဆိုပါက တွဲဖက်မစားသင့်သည့် အစားအစာများကို ရှောင်ကျင်နိုင်ရန်အတွက် ဖော်ပြလိုက်ပါတယ်။

 

(၁) အချဉ်ဓါတ်ပါဝင်သည့် ဖျော်ရည်များ

အချဉ်ဓာတ်သည် ဆေးအာနိသင်ကို ချေဖျက်နိုင်စွမ်းရှိပါသည်။ လိမ္မောရည်၊ သံပရာရည်နှင့် တခြား အချဉ်ဓါတ် ပါသည့် ဖျော်ရည်များသည် ဆေးအာနိသင်ကို ချေဖျက်နိုင်စွမ်းရှိသည့်အတွက် ဆေးမသောက်ခင် မစားမိဖို့လို အပ်ပါသည်။

 

(၂) အချဉ်ဓါတ်ပါသည့် အစားအစားများ

အချဉ်ဓါတ်ပါသည့် ဖျော်ရည်များသာမက အစားအစာသစ်သီးများကလည်း ဆေးအာနိသင်ကို ပျက်စီးသွား အောင် နှောင်ယှက်နိုင်ပါသည်။ လိမ္မော်သီး၊ စပျက်သီးနှင့် အချဉ်ဓါပြည့်ဝသော် သစ်သီးများနှင့် အချဉ်စူးသော အသုတ်များ၊ အစားအစာများကလည်း ဆေးအာနိသင်ကို ပျက်စီးသွားစေပါသည်။

(၃) အစိမ်းရောင် အသီးအရွှက်များ

သွေးအားနည်းခြင်း၊ သွေးတိုးခြင်းအပြင် သွေးနဲ့ပတ်သက်သည့် ဆေးများကိုကို သောက်သုံးသူများအနေဖြင့် ဆေးမသောက်ခင် အစိမ်းအရောင် အသီးအရွှက်များကို ရှောင်ကျင်သင့်ပါသည်။ သွေးနှင့် သတ်ဆိုင်သည့် သောက်ဆေးများတွင် ပါဝင်သည့် အာနိသင်များသည် အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဟင်းနုနယ် အစရှိတဲ့ အရွှက်များတွင် ပါဝင်သည့် အာယာရဓာတ်များကြောင့် ပျက်စီးသွားသောကြောင့် ဆေးမသောက်ခင် ခဏရှောင်သင့်ပါသည်။

 

(၄) နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းများဟာ သောက်ဆုံးများနှင့် လုံး၀ မတည့်သည့် အစားအစာများဖြစ်ပါသည်။ နွားနို၊ ဒိန်ခဲ၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းများသည် သောက်ဆေးများနှင့် တွဲဖက်သောက်မိပါက ဆေးအာနိသင်အပြင် ဘေးထွက် ဆိုးကျိူးများကိုလည်း ဖြစ်တတ်တာ
ကြောင့် သတိထား ရှောင်ရှားသင့်ပါသည်။

 

(၅) နိူးကြားစေသည့် အစားအစာများ

ကဖင်းဓါတ်ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ စသည့် အစားအစာများမှာ ဆေးနှင့် လုံးဝမတည့်သည့် အစားအစာများဖြစ်ပါတယ်။ အဆိုပါ အစားအစာများဟာ လူစိတ်ကို နိူးကြားစေသည့် သွေးကို လှုံဆော်ပေး နိုင်တဲ့အတွက် သောက်ဆေးများတွင်ပါဝင်သည့် ဓါတ်များနှင့် မတည့်ခြင်းဖြစ်သည်။

 

(၆) အမျှင်ဓါတ်ပါဝင်တဲ့ Fibers များကိုလည်း ဆေးနှင့်အတူ မစားသင့်ပါ။

 

(၇) အယ်ကိုဟောပါဝင်သည့် အရည်များ

အယ်ကိုဟောပါဝင်သည့် ဖျော်ရည်၊ ယာမကာများဟာ သောက်ဆေးများကို တိုက်ခိုက်ချေဖျက်နိုင်ပါသည်။
ဆေးမသောက်ခင် (သို့) ဆေးနှင့်တွဲဖက်ပြီး အရက်၊ ဘီယာ၊ ဝိုင်၊ ကော့တေး စသည့် အယ်ကိုဟောပါဝင်သည့် အရည်များသောက်သုံးခဲ့ပါက စားထားသမျှပြန်အန်ထွက်တတ်ပြီး အသက်အန္တရာယ်ကိုပါ ဆိုးရိမ်ရပါသည်။

 

ကျန်းမာရေးကြောင့် ဆေးသောက်တော့မည်ဆိုပါက အဆိုပါအစားအစာများကို မစားမိရန် ဆင်ခြင်သင့်ပြီး ဆေးသောက်ပြီး တစ်နာရီအတွင်းမှာလည်း မစားမိရန် အထူးသတိထားသင့်ပါသည်။

 

Ref : Health Digest

Read times
Rate this item
(0 votes)