What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 March 2022 16:45

ကိုယ်ဝန်‌ဆောင်ချိန်မှာ စားသင့်တဲ့သစ်သီး ၅ မျိုး

သဘာဝသစ်သီးတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ အာဟာရတွေကို ပေးနိုင်ပြီး

အဓိကအားဖြင့် ကိုယ်ဝန်ဆောင်တွေအတွက် ကျန်မာရေး နဲ့ ကလေးကြီးထွားဖွံ့ဖြိုးမူတို့အတွက် အလွန်အရေးပါ

ပါတယ်။ ဒါကြောင့် အနာဂတ်မှာမေမေဖြစ်လာမယ့် သူတွေအနေနဲ့ ဗိုက်ထဲကမိမိ ရင်သွေးလေးဖွံ့ဖြိုးကျန်းမာနေအောင် ဘာအသီးတွေ စားသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

4 Fruits Not To Eat During Pregnancy – Pampers India

ချယ်ရီသီး 

 

ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိခြင်းနဲ့ အခြားရောဂါပိုးတွေကို တိုက်ဖျက်ဖို့အတွက် လုံလောက်တဲ့ ဗီတာမင် စီ ပမာဏကို လိုအပ်ပါတယ်။ချယ်ရီသီးက ဗီတာမင်စီရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့ အတွက်ကြောင့် ချယ်ရီသီးစားခြင်းက အချင်းနဲ့ ကလေးအတွက် ထိရောက်တဲ့ သွေးထောက်ပံ့မှုကို ပေးပါတယ်။

 

စပျစ်သီး

 

စပျစ်သီးကတော့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ သရေစာအဖြစ်စားလို့ အကောင်းဆုံး အသီးပဲဖြစ်ပါတယ်။ သူ့မှာက  ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ အမျှင်ဓာတ်၊ အော်ဂဲနစ်အက်ဆစ်၊ ပက်တင်၊ ဖောလစ်အက်ဆစ်အပြင် တခြားကိုယ်ဝန်ဆောင်စဉ်အတွင်း ဇီဝဗေဒပြောင်းလဲမှုတွေကိုလည်း ကူညီပေးပါတယ်။

GRAPE (noun) definition and synonyms | Macmillan Dictionary

ကီဝီသီး

 

ကီဝီသီးဟာ အာဟာရဓာတ်များတဲ့ အသီးအနှံဖြစ်ပြီး သူ့ကိုစားသုံးပေးခြင်းက အသက်ရှူလမ်းကြောင်း ကုသရေးနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုများရှိသည်ဟု သိရှိကြသည်။ ကီဝီသီးကို နေ့တိုင်းစားပေးခြင်းက ချောင်းဆိုးတာ၊ အအေးမိတာ နဲ့ လည်ချောင်းနာတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပြီတော့ ကီဝီသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ သာမက  ဖောလစ်အက်ဆစ်၊ ဗီတာမင် B3၊ C၊ K၊ ကြေးနီနှင့် မဂ္ဂနီဆီယမ်တို့ မြင့်မားစွာ ပါဝင်တာကြောင့် ကိုယ်ဝန်‌ဆောင်တွေအနေနဲ့  စားသုံးသင့်တဲ့ အသီးဆိုလည်းမမှားပါဘူး ။

Kiwifruit: Health benefits and nutritional information

ပန်းသီး:

 

ပန်းသီးမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့်  မိခင်ရော ကလေးအတွက်ပါ အထူးအကျိုးပြုပါတယ်။ သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအား နဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး အသက်ရှူကြပ်ခြင်း၊ ပန်းနာရင်ကျပ်နှင့် နှင်းခူဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

 

သရက်သီး

သဘာဝအတိုင်း ချိုမြတဲ့ သရက်သီးတွေက သင့်ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ဖြာ့်တင်းပေးတဲ့ အကောင်းဆုံးအသီးတစ်မျိုး ဖြစ်ပါတယ်။သူ့မှာ ဗီတာမင်စီ များစွာပါဝင်ပြီး အစာချေဖျက်မှုကို ထိန်းညှိပေးကာ ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့အပြင် အသေးစားရောဂါများကိုလည်း သက်သာစေပါတယ်။

သရက်သီးမှာ ဘီတာကယ်ရိုတင်းရဲ့ အံ့ဩဖွယ်အရင်းအမြစ်ဖြစ်တာကြောင့် ဆံပင်နှင့် အသားအရေကို ထိန်းသိမ်းဖို့ အကျိုးပြုတဲ့အပြင် သင့်ကလေးရဲ့ အသားအရေကောင်းမွန်အောင်လည်း စွမ်းဆောင်နိုင်ပါတယ်။

 Mangoes are fifty per cent cheaper than last year - 9Kitchen

Read times Last modified on Tuesday, 17 May 2022 21:58
Rate this item
(0 votes)