What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 August 2022 12:28

၅ မိနစ်အတွင်း ချောင်းဆိုးခြင်းကို ရပ်တန့်နည်း

အဆက်မပျက် ချောင်းဆိုးတာက လူတစ်ယောက် စိတ်ညစ်စေတဲ့အထိ ဖြစ်စေနိုင်တဲ့ အရာဖြစ်ပါတယ်။

ဒီလို အဆက်မပျက် ချောင်းဆိုးတာက ဝမ်းဗိုက်ကို နာကျင်လာစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

 

ကုထုံး (၁ ) အရည်များများသောက်ပါ

ဘယ်ဖျားနားမှုမဆို ရေဓာတ်ပြည့်ဝနေခြင်းက ရောဂါ ကာကွယ်ခြင်း ပထမ အဆင့်ဖြစ်သလို ချောင်းဆိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဆက်မပျက်ချောင်းဆိုးနေခြင်းက လည်ချောင်းခြောက်တာတွေ ဖြစ်ပြီး ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ချောင်းဆိုးလို့ အရည်များများသောက်တာက မကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ပါဘူး။

youtube1.jpg

- လည်ချောင် ယားပြီ ချောင်းဆိုးနေတယ်ဆိုရင် လိမ္မော် ဖျော်ရည် သို့မဟုတ် အက်စစ်ဓာတ်ပါတဲ့ ဖျော်ရည်မျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

- နို့ထွက်ပစ္စည်များကို သတိထားပါ။ နွားနို့က အဟာရဖြစ်စေတာ မှန်ပေမယ့်လည်း ချောင်းဆိုးတဲ့လူတယောက်အတွက်ကတော့ ချွဲတာတွေ ဖြစ်ပြီ သလိပ်ပိုထွက်သလို ခံစားရနိုင်ပါတယ်။

- အကောင်းဆုံးကတော့ ရေကို ရွေးချယ်ခြင်းသာဖြစ်ပါတယ်။

 

 

ကုထုံး (၂) အရည်များကို နွေးထွေးစေပါ

အချို့ချောင်းဆိုးခြင်းတွေအတွက် ပူနွေးသော အရည်များက ပိုမိုထိရောက်ရှိတာကို တွေ့ရပါတယ်။

- ပျားရည် နှင့် ဆေးဖက်ဝင်အပင်များ ပါဝင်သော ရေနွေးကြမ်း များကို ရွေးချယ်သင့်ပါတယ်။

- ပူနွေးတဲ့အရည်တွေက အသက်ရှူလမ်းကြောင်းမှာ ကပ်ညှိနေတဲ့ သလိပ် နဲ့ အချွဲတွေကို မြန်မြန်ချေဖျက်ပေးနိုင်တာကြောင့်ဘဲ ဖြစ်ပါတယ်။

 

 

ကုထုံး (၃) ရေငန် သုံးပေးပါ

အထူးသဖြင့် အအေးမိခြင်း ၊ လည်ချောင်း နာခြင်း (သို့) တုပ်ကွေးနှင့်ဆက်စပ်သော ချောင်းဆိုးခြင်းတွေက ဆားငန်ရေက အကောင်းဆုံး သူငယ်ချင်းလို့လည်း ပြောလို့ရပါတယ်။

 

- ဆားရည်နဲ့ အခြေခံပြီး ထုတ်လုပ်ထားတဲ့ နှာခေါင်းဖြန်းဆေးတွေ အပြင် ဆားရည်က ဗိုင်းရပ်စ် (သို့) ဘက်တီးရီးယားတွေကို သတ်ပေးနိုင်တဲ့ အပြင် လည်ချောင်းထဲက ချွဲပလိပ်တွေကို ဖယ်ရှာပေးနိုင်ပါတယ်။

 

 

ကုထုံး (၄) ရေနွေးငွေ့ ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်

ချောင်းဆိုးခြင်း ၊ ပန်းနာရင်ကျပ်၊ ဖုန်မှုန့်များ (သို့) မှိုကြောင့် ချောင်းဆိုးတာတွေက စိုစွတ်သောလေတွေက ချောင်းဆိုးခြင်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရေနွေးငွေ့ ကို ရှူပေးမယ်ဆိုရင် ချောင်းပိတ်ခြင်း ၊ လည်ချောင်းနာခြင်းတွေကို အမြန်ဆုံးသက်သာစေမှာဖြစ်တဲ့အပြင် အသက်ရှူလမ်းကြောင်းအတွင် ပိုးမွှားနှင့် ဘက်တီရီးယားတွေကို သေစေမှာဖြစ်ပါတယ်။

 

Ref: wikihow

Aung Win (Myanmar Health Products Guide)

youtube.jpg

Read times Last modified on Friday, 19 August 2022 12:42
Rate this item
(2 votes)