What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 August 2018 17:57

အမျိုးသမီး ဟော်မုန်းဖြည့်စွက်ဆေးများကြောင့် ရင်သားကင်ဆာဖြစ်နိုင်သည့်အန္တရာယ်မြင့်တက်နိုင်

အမျိုးသမီး ဟော်မုန်းဖြည့်စွက်ဆေးများကြောင့် ရင်သားကင်ဆာဖြစ်နိုင်သည့်အန္တရာယ်မြင့်တက်နိုင် Google.com

မ,ဟော်မုန်းနှင့် ဖို,ဟော်မုန်းနှစ်မျိုးပေါင်းစပ်ပါဝင်သော အမျိုး သမီးဟော်မုန်းဖြည့်စွက်ဆေးများ အသုံးပြုသည့် သွေးဆုံးပြီး

အမျိုးသမီးများသည် မဟော်မုန်းပရိုတင်းကြောင့်ဖြစ်သော ရင်သားကင်ဆာ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ဟော်မုန်းဖြည့်စွက်ဆေးများကို များမကြာမီက စတင်သုံးစွဲသူ များနှင့် ကာလကြာအသုံးပြုသည့် သွေးဆုံးပြီးအမျိုးသမီးများ မ ဟော်မုန်းပရိုတင်းကြောင့်ဖြစ်သော ရင်သားကင်ဆာဖြစ်ပွားနိုင် သည့် အန္တရာယ်ပိုများမှုသည် ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း ယင်း လေ့လာမှုအရသိရသည်။

ယခင်က လေ့လာမှုများသည် ဟော်မုန်းများကြောင့် အသက် ၀င်လာသည့် ပရိုတင်းဒြပ်ပေါင်းများကြောင့် ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများလာခြင်းနှင့် အမျိုးသမီးဟော် မုန်းဖြည့်စွက်ဆေး အသုံးပြုမှုဆက်စပ်ပုံကို လူဖြူအမျိုးသမီးများနှင့် လေ့လာထားခြင်းဖြစ်သည်။

သွေးဆုံးပြီး ဟော်မုန်းဖြည့်စွက်ဆေးများသုံးစွဲမှုသည် လူမည်း အမျိုးသမီးများအတွက်လည်း တူညီသောအန္တရာယ်ဖြစ်ပေါ်စေသ လားဆိုသည်ကိုမူ ယခုအထိ သိရှိခြင်းမရှိခဲ့ပေ။

အမေရိကန်နိုင်ငံ ဘော်စတွန်တက္ကသိုလ်မှ သုတေသီများက လူမည်းအမျိုးသမီးများစွာနှင့် လေ့လာမှု လေးကြိမ်ပြုလုပ်ကာအ ထက်ပါ ဆက်စပ်မှုကို လေ့လာခဲ့ကြသည်။

သွေးဆုံးပြီးနောက် မဟော်မုန်းနှင့် ဖိုဟော်မုန်းနှစ်မျိုး အသုံးပြုမှုနှင့် မဟော်မုန်းတစ်မျိုးတည်းအသုံးပြုမှုတို့နှင့် မဟော်မုန်းပရိုတင်း ကြောင့် ရင်သားကင်ဆာဖြစ်ပေါ်မှု၊ မဟော်မုန်းမပါသော ရင်သား ကင်ဆာအန္တရာယ်များကို သုတေသီများ လေ့လာခဲ့ခြင်းဖြစ်သည်။

လူဖြူအမျိုးသမီးများတွင် တွေ့ရသကဲ့သို့ မဟော်မုန်းနှင့် ဖို ဟော်မုန်းနှစ်မျိုးစပ်ဟော်မုန်းဖြည့်စွက်ဆေးအသုံးပြုမှုနှင့် မဟော် မုန်းပရိုတင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်ပို များလာခြင်းကြောင့် ဆက်စပ်မှုရှိပြီး သုံးစွဲချိန်ကြာမြင့်လေ အန္တရာယ် ပိုများလေဖြစ်ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

ယခုလေ့လာမှုအရ လူဖြူအမျိုးသမီးများ ကြုံရသောအန္တရာယ် ကဲ့သို့ပင် လူမည်းအမျိုးသမီးများ ဟော်မုန်းနှစ်မျိုးစပ်ဖြည့်စွက်ဆေး အသုံးပြုမှုကြောင့် မဟော်မုန်းပရိုတင်းကြောင့် ရင်သားကင်ဆာဖြစ် ပွားနိုင်သည့်အန္တရာယ်ပိုများသည်ဟု သုတေသီလန်းရိုဆင်ဘာ့ဂ်က ပြောသည်။

ဟော်မုန်းဖြည့်စွက်ဆေး အသုံးပြုမှုကို ရပ်လိုက်ပါက အန္တရာယ်လျော့ပါးသွားသော်လည်း ဆေးသုံးစွဲမှုရပ်တန့်ပြီး ၁၀ နှစ်အထိ အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

sourec:7daydaily

Read: လွယ်ကူသက်သာ နနွင်းပေါင်းတင်လွှာ

လွယ်ကူသက်သာ နနွင်းပေါင်းတင်လွှာ

Read times
Rate this item
(0 votes)