What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 November 2022 09:42

အကြောပြတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ?

အကြောပြတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ? Google

အလှအပမြတ်နိုးသူတွေအတွက် အကြောပြတ်ဒဏ်ရာတွေဟာ အိမ်မက်ဆိုးတစ်ခုပါပဲ။အကြောပြတ်ဒဏ်ရာတွေဟာ အနီရောင်၊ခရမ်းရောင်၊အဖြူရောင် စတဲ့အရောင်တွေနဲ့ ခန္ဓာကိုယ်မှာ ဖြစ်တတ်ပြီးတော့ ခန္ဓာကိုယ်အလှကို ပျက်စီးစေတာပါ။

 

အကြောပြတ်ခြင်း ဘာကြောင့်ဖြစ်လဲ

ရှိရင်းစွဲ ခန္ဓာကိုယ်ထက် အမြန်ပြောင်းလဲလာတဲ့အခါ အရေပြားရဲ့ ကျုံ့နိုင်စွမ်းအားကို ကျော်လွန်လာလို့ အကြောပြတ်ခြင်းတွေ ဖြစ်ရတာပါ။

 

 

ဘယ်လိုအချိန်တွေမှာ အကြောပြတ်ခြင်းတွေဖြစ်တတ်လဲ။

ကိုယ်ဝန်ဆောင်ချိန် ရှိရင်းစွဲခန္ဓာကိုယ်ထက် အရမ်းဝလာတာ။ ပျိုဖော်ဝင်စ အရမ်းထွားလာတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။

ကိုယ့်ရဲ့ မိဘဆွေမျိုးတွေမှာ အကြောပြတ်ခြင်းတွေ ဖြစ်တတ်ရင် မိမိမှာလည်း အကြောပြတ်ဒဏ်ရာတွေ ခံစားနိုင်ခြေ ပိုများတတ်ပါတယ်။

 

 

ဘယ်လိုနေရာတွေမှာ အကြောပြတ်ဒဏ်ရာတွေ ဖြစ်တတ်သလဲ။

ဗိုက်၊ ပေါင်၊ တင်ပါး၊ ရင်ဘတ်၊ နောက်ကျောနဲ့ ခြေသလုံးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။

 

 

အကြောပြတ်ခြင်းတွေ ဘယ်လိုကာကွယ်ကြမလဲ

ကိုယ်ခန္ဓာအလေးချိန် ထိန်းပါ။ အလွန်ဝလာခြင်းဟာ အရေပြားရဲ့ ဆွဲအားကိုကျော်လွန်ပြီး အကြောပြတ်ဒဏ်ရာတွေ ဖြစ်စေတတ်လို့ ကိုယ်ခန္ဓာအလေးချိန် ထိန်းသင့်ပါတယ်။

ရေများများသောက်ပါ။ ကျန်းမာပြီး ရေဓာတ်ပြည့်ဝတဲ့ အသားအရေဟာ အကြောပြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။တစ်နေ့ ရေ၂လီတာ အနည်းဆုံးသောက်ပါ။

တစ်နေ့တာ အစားအသောက်မှာ သင့်တင့်မျှတတဲ့ အာဟာရဓာတ် ပါပါစေ။ အသားအရေ ကျန်းမာပြီး အကြောပြတ်ခြင်းတွေမဖြစ်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ် ရှိသင့်ပါတယ်။ ဗီတာမင် C,D,E ဇင့်၊ ပရိုတင်း စတဲ့အာဟာရဓာတ်တွေ တစ်နေ့တာ အစားအသောက်မှာ ပါဝင်သင့်ပါတယ်။

အသားအရေ အစိုဓာတ်ထိန်းပါ။ ခြောက်သွေ့တဲ့ အသားအရေဟာ အကြောပြတ်ဒဏ်ရာတွေ ပိုဖြစ်စေတတ်လို့ အသားအရေ စိုပြည်အောင် ထားသင့်ပါတယ်။ Lotion,Coconut oil,Olive oil စတဲ့ အစိုဓာတ်ထိန်းတဲ့ ခရင်မ်တွေ လိမ်းနိုင်ပါတယ်။

 

 

 

Ref: Mydoctor

Read times
Rate this item
(0 votes)