What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 June 2020 14:00

ရေသောက်ရန် အကောင်းဆုံးအချိန်ဆိုတာ ရှိလား။

သင့်ကျန်းမာရေးအတွက် ရေသည် မရှိမဖြစ်လိုအပ်သည်မှာ သေချာသည်။

သင်၏ ခန္ဓာကိုယ်အလေးချိန်၏ ၇၅% အထိကို ရေသည် ဦး နှောက်လုပ်ဆောင်မှုမှ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် အပါအဝင် အစာခြေခြင်းအထိ အရာအားလုံးကို ထိန်းညှိရာတွင် အဓိကအခန်းကဏ္ဍ မှ ပါဝင်သည်။

သို့သော် ရေအလုံအလောက်သောက်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးကြောင်းရှင်းရှင်းလင်းလင်း သိထားသော်လည်း အချိန်ကိုက် သောက်သုံးရန် လိုမလို ဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။ ရေသောက်ရန် အကောင်းဆုံးအချိန်ဆိုတာ ရှိလား ဆိုသည့် မေးခွန်း ထုတ်စရာ ဖြစ်သည်။

မနက်ခင်းမှာ
====
နံနက်ခင်း၌ ရေသောက်ခြင်းသည် နည်းလမ်းမှန်ကန်စွာဖြင့် စတင်ရန် ရိုးရှင်းသော နည်းလမ်းဖြစ်သည်။

နံနက် အိပ်ရာထချိန် ရေသောက်ခြင်းသည် မှန်ကန်သော အကျင့် ဖြစ်ပြီး တစ်နေ့တာအစမှာ
ရေဓာတ်ခန်းခြောက်မှုမှ ကင်းစေသည်။ တစ်နေ့တာ သောက်သုံးသည့် အရည်ပမာဏကို ပြည့်ဝဖို့ အစပြုခြင်းလည်း ဖြစ်သည်။

နံနက် ကတည်းက ရေဓာတ် မပြည့်ဝလျှင် စိတ်မှာ ထိုင်းမှိုင်းသည်။ ရေဓာတ်ပြည့်ဝသည့်အခါ စိတ်အခြေအနေ ကောင်းမွန်ပြီး ဦးနှောက် အလုပ်လုပ်ရာ၌ ဉာဏ်ရွှင်သည်။ စွမ်းအားပြည့်ဝနေသည်ကို ခံစားသိရှိသည်။


အစားအစာမီ ရေသောက်ခြင်း
=====
အစာမစားခင်ရေခွက်တစ်ခွက်သောက်ခြင်းသည် ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေချိန်တွင် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းသည် အစာစားချိန်အတွင်း စားသုံးမှုကို လျော့နည်းစေသည်။ ဗိုက်ထဲ ပြည့်နေသည်ကို ခံစားမိသည်။ တစ်ခါတရံ၌ ဗိုက်ပြည့်အောင် စားထားပြီး ဖြစ်သော်လည်း တစ်ခုခု ဆက်စားချင်စိတ် ဖြစ်ပေါ်နေတတ်သဖြင် ထပ်စားမိပြီး ကိုယ်အလေးချိန် ထပ်တိုးစေသည်။ အစာမစားမီ ရေတစ်ခွက်သောက်ခြင်းသည် ထိုအဖြစ်ကို ကာကွယ်ပေးသည့်အပြင် အစာစားပြီးနောက် အလိုလို ငိုက်မြည်းလာခြင်းကိုလည်း ကာကွယ်ပေးသည်။

ဥပမာအားဖြင့်၊ လူကြီး ၂၄ ယောက်ကို လေ့လာမှုတစ်ခုက မနက်စာမစားမီ မိနစ် ၃၀ အလိုတွင်ရေ ၁၆.၉ အောင်စ (၅၀၀ mL) သောက်သုံးခြင်းသည် စားသုံးသည့် ကယ်လိုရီပမာဏကို ၁၃% လျော့နည်းစေကြောင်းတွေ့ရှိခဲ့သည်။

လူ ၅၀ တွင် နောက်ထပ်လေ့လာမှုတစ်ခုအရ နေ့လည်စာမစားမီ ရေ ၁၂.၅ မှ ၁၆.၉ အောင်စ (၃၀၀-၅၀၀ mL) သောက်သုံးခြင်းသည် ဗိုက်ဆာဆာဖြင့် စားလိုက်ရာမှ အစားများသွားသည့် အဖြစ် မရှိတော့ကြောင်း တွေ့ရသည်။ သိ


ထို့ကြောင့်အစာမစားမီ ရေသောက်ခြင်း သည် ရေဓါတ်ကို ထိန်းသိမ်းရန် ထိရောက်သောနည်းလမ်းဖြစ်ပြီး အစာ အစားများခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်းကို အထိုက်အလျောက် တားဆီးပေးနိုင်သည်။

ကာယ လေ့ကျင့်ခန်းနှင့် ရေသောက်ခြင်း
==============
ကာယလေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်မည်ဆိုပါက မစတင်ခင်မှာ ရေကို အရင်သောက်ထားရမည် ဖြစ်သည်။ မောဟိုက်နေချိန်ကျမှ ရေသောက်ခြင်း မပြုသင့်ပေ။ အမောပြေမှသာ ရေကို သောက်ရမည် ဖြစ်သည်။
ကာယလေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်သည့်အတွက် ချွေးထွက်ပြီး ရေဓာတ်ဆုံးရှုံးရသည်ကို ကာမိအောင် ရေသောက်ဖို့် လိုအပ်ပေသည်။

 

Read times
Rate this item
(2 votes)