What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 December 2017 10:19

ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗဟိုအမျိုးသမီးဆေးရုံနှင့် တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံများတွင် အေအာရ်တီဆေးပေးဌာန ဖွင့်လှစ်

ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗဟိုအမျိုးသမီးဆေးရုံနှင့် တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံများတွင် အေအာရ်တီဆေးပေးဌာန ဖွင့်လှစ် google.com

ဗဟိုအမျိုးသမီးဆေးရုံနှင့် တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံများတွင် ကိုယ်ဝန်ဆောင်များကို အိတ်ခ်ျအိုင်ဗီပိုးစစ်ဆေးကုသရန် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခုခံအားကျ ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောကြား သည်။

‘‘စနေပါပြီ၊ တခြားတိုင်းနဲ့ ရန်ကုန်တိုင်းနဲ့မတူတာက ရန်ကုန် တိုင်းက လူဦးရေလည်း များတယ်။ ဗဟိုအမျိုးသမီးဆေးရုံနဲ့ တောင်ဥ က္ကလာပ မိခင်နဲ့ကလေးဆေးရုံမှာ ဆိုရင် မွေးဖွားတဲ့မိခင်တွေများ တယ်။ သူတို့ဒီဆေးရုံမှာလာပြီး တော့ ပိုးစစ်တယ်။ သူတို့တွေမှာပိုးတွေ့ရတာတွေ ရှိနေတဲ့ အခါကျတော့ တစ်ခါတည်း ဒီနေရာမှာတစ်သက်တာ အေအာရ်တီ သောက် ဆေးရရှိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီဆေး ရုံနှစ်ခုမှာ ရောဂါစစ်ဆေးမယ်၊ တွေ့ရှိမယ်ဆိုရင် အဲဒီဆေးရုံမှာပဲ ဆေးကုသမှု စတင်ခံယူနိုင်မှာ ဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေ သကြီးအတွင်း အေအာရ်တီဆေး ပေးဌာန ၁၉ ခုနှင့် အေအာရ်တီ ဆင့်ပွားဆေးပေးဌာန ၂၉ ခုကို ဖွင့်လှစ်ထားပြီး ယခုနှစ်အတွင်း အေအာရ်တီဆေးပေး ဌာနနှစ်ခုကို ဗဟိုအမျိုးသမီး ဆေးရုံနှင့် တောင် ဥက္ကလာပ မိခင်နှင့်ကလေးဆေး ရုံ၌ ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်း ဖြစ် သည်။

လာမည့် ၂၀၂၅ တွင် မိခင် မှ ကလေးသို့ အိတ်ခ်ျအိုင်ဗီပိုး ကူး စက်မှု လုံးဝကင်းစင်ပပျောက် သည်အထိ ဆောင်ရွက်မည်ဖြစ် သည်။

၎င်းတို့အနေဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗီပိုးကူး စက်မှု ကာကွယ်ခြင်းလုပ်ငန်း (Prevention of Mother -to Child Transmission-PMTCT) ကို ၂၀၀၀ ပြည့်နှစ်တွင် မြန်မာ- ထိုင်း နယ်စပ်ဒေသရှိ တာချီလိတ် နှင့် ကော့သောင်းမြို့တို့၌ စတင် ဆောင်ရွက်ပြီး ယခုနှစ် ၂၀၁၇ တွင် မြို့နယ်အခြေပြု အဖြစ် ၃၁၉ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်ခဲ့ သည်။

၂၀၁၁ က ကိုယ်ဝန်ဆောင် သုံးသိန်းနှစ်သောင်းခန့်ကို သွေးစစ်ပေးနိုင်ခဲ့ရာ ၂၀၁၇ ဇန်နဝါရီ မှ ဇွန်လကုန်အထိ ခြောက်လအ တွင်း ကိုယ်ဝန်ဆောင် ငါးသိန်းသုံး သောင်းကျော် သွေးစစ်ပေးခဲ့ သည်။

ထို့အပြင် အိတ်ခ်ျအိုင်ဗီပိုးရှိ သော မိခင်က မွေးဖွားလာသည့် ကလေးငယ်များကို ပိုးရှိ၊ မရှိ ဆောလျင်စွာ သိရှိနိုင်ရန်နှင့် ပိုးရှိခဲ့လျှင် အေအာရ်တီဆေးဝါး ဆောလျင် စွာ ရရှိနိုင်ရန်၊ စောစီးစွာ ရောဂါပိုး ရှာဖွေခြင်း လုပ်ငန်းကို ဆောင် ရွက်နေပြီး မွေးဖွားလာသော က လေးငယ်အားလုံး၏ ၅၀ ရာခိုင်နှုန်းကို စစ်ဆေးပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်များ၌ အိတ်ခ်ျအိုင်ဗီ ဖြစ်ပွားနှုန်းသည် ၂၀၁၁ က သုည ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ တွင် သုညဒသမ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနစာရင်းများ၌ ဖော်ပြထား သည်။

Source: 7day daily

Read times
Rate this item
(1 Vote)