What's New




Friday, 04 August 2023 06:14

နေ့စဉ်ပဲစားတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်မလဲ

နေ့စဉ်ပဲစားတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်မလဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ပဲများသည် သဘာဝ အာဟာရ ပြီးပြည့်စုံသော အစာဖြစ်သည်။ ပဲစေ့ကို အားဆေးအဖြစ်ကြည့်လျှင် ဗီတာမင်၊ သတ္တုဓာတ်၊ အပင်ပရိုတင်းအသားဓာတ်၊ ဖိုက်ဘာမျှင်အစရှိသည်တို့ ပါဝင်သည့် ဆေးလုံးကလေးများ ဖြစ်သည်။ ပြည့်ဝအဆီနှင့် ကိုလက်သထရော ကင်းသည်။ 

ဈေးကလည်း သက်သာသည်။ 

ချက်ပြုတ်ထားသည့် ပဲကို တနေ့လျှင် မတ်ခွက် တစ်ခွက်စာ စားသင့်သည်ဟု 2020-2025 Dietary Guidelines for Americans တွင် အကြံပြုထားသည်။ ပဲကို ပြုတ်စားလျှင် ဆားမထည့်ရန် အကြံပြုထားပါသည်။

 

နည်းပညာအရ ပြောရလျှင် ပဲများသည်  နွယ်ပင်မျိုးနွယ် အပင်၏ အသီးတောင့်များမှ အစေ့များ ဖြစ်သည်။ ပဲအမျိုးအမည် ၄,၀၀၀ ကျော်ရှိသည်။

 

အစာအာဟာရအဖြစ် စားသင့်သည့် ပဲများမှာ ကုလားပဲ၊ မတ်ပဲ၊ ဘိုစားပဲ၊ ပဲကျား၊ ပဲပုပ်ပဲ အစရှိသည်တို့ ဖြစ်သည်။

ပဲတွင် ပရိုတင်းနှင့် ဖိုင်ဘာမျှင် ပါဝင်ခြင်းက ကျန်းမာရေးကို အကျိုးပြုသည်။ ကိုယ်အလေးချိန် ထိန်းပေးသည်။

 

မကြာသေးမီက လူပေါင်း ၁၅,၂၈၅ ဦးကို 2023 Nutrients လေ့လာမှုတစ်ခုအရ ပဲစားသူများသည် ပဲမစားသူများနှင့် နှိုင်းယှဉ်ပါက ဆယ်နှစ်အတွင်း ကိုယ်အလေးချိန်တိုးခြင်း နည်ပါးသည်၊ 

ဗိုက်အဆီ တက်လာခြင်းလည်း လျော့နည်းသည်ကို တွေ့ရှိခဲ့သည်။

 

type 2  ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းခြင်းနဲ့ ကင်ဆာရောဂါအစရှိသည့် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးသည့် ဘက်တီးရီးယားပိုးများ အူအတွင်းမှာ ရှိနေသည်။ အူလမ်းကြောင်းတွင် ရောဂါဖြစ်စေသည့် မကောင်းသော ဘက်တီးရီးယားများလည်း တချိန်တည်းမှာ အတူရှိနေသည်။

ကောင်းကျိုးပြုသည့် ဘက်တီးရီးယားများကို ဆိုးကျိုးပြုသည့် ဘက်တီးရီးယားများထက် ပိုများအောင် ပွားများစေရန်အတွက် ကောင်းကျိုးပြု ဘက်တီးရီးယားများသည် ‌ဖိုင်ဘာမျှင် လိုအပ်သည်။

 ဘက်တီးရီးယားများက ဖိုင်ဘာမျှင်ကို ဖြိုဖျက်သည့်အခါ ကိုယ်ခံအား တိုးစေသည့်  ဖက်တီးအက်ဆစ်တမျိုး ထွက်ပေါ်သည်။ ၎င်းဖက်တီးအက်စစ်သည် ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်စွမ်း ရှိသည်။ 

ကောင်းကျိုးပြု ဘက်တီးရီးယားများအတွက် လိုအပ်သည့် ‌ဖိုင်ဘာမျှင်များ ပဲမှာ ပါဝင်သည်။

 

ဆိုးကျိုးပြု ဘက်တီးရီးယားများသည် သကြားကို စားသုံးကြသည်။ ၎င်းတို့အဖို့ သကြားသည် စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်သည်။ သကြားများများရလေ ပိုပွားများလေဖြစ်ပြီး ဆိုးကျိုးပြု ဘက်တီးရီးယားများသည် ကောင်းကျိုးပြု ဘက်တီးရီးယားများထက် ပိုများသွားမည် ဖြစ်သည်။

 

ပဲသည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်။

ပဲမှာ ပျော်ဝင်နိုင်သောဖိုင်ဘာပါသည်။ ၎င်းက ကိုလက်စထရော လျော့ကျအောင် ပြုပေးသည်။

သွေးတိုးကို မတိုးအောင် ထိန်းပေးသည့် ပိုတက်စီယမ်ပါသည်။

ပဲမှာ ပိုတက်ဆီယမ်အပြင် ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် A, C, D နှင့် E ၊ သံဓာတ်တို့လည်း ပါသည်။

 ပဲအမျိုးမျိုးကို ပုံမှန်အစားအစာအဖြစ် စားသုံးသည့် သူများသည် ပဲမစားသူတွေထက် အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် E ပိုများကြောင်း သုတေသနပြုချက်အရ သိကြရသည်။

ပဲတွင် သဘာဝသကြားဓာတ် oligosaccharides များပါသည်။ ၎င်းကို အစာချေဖျက်ပေးနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ ချေဖျက်သည့်အခါ ဓာတ်ငွေ့ထွက်ပေါ်သည်။ ၎င်းဓာတ်ငွေ့များကြောင့် လေလည်သည်။ ထို့ကြောင့် ပဲစားလျှင် လေလည်တတ်သည်။

 

ပဲအစားများခြင်းကြောင့် ကိုယ်အလေးချိန် မတက်သည့်အပြင် ပဲသည် ကိုယ်အလေးချိန် ဝိတ်မတက်အောင် ထိန်းပေးသည်။

 

Source eatwell

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 04 August 2023 06:15
Rate this item
(0 votes)