What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 September 2019 17:22

အလွန်အကျွံစားသုံးပါက အစာအဆိပ်သင့်ကာ သေစေနိုင်တဲ့ အစားအစာများ

အစားအစာဟာ လူနဲ့တည့်တာမှန်ပေမယ့် တချို့ အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် အစာအဆိပ်သင့်စေပါတယ်။

အစားအစာကို သင့်တင့်မျှတရုံ ချင့်ချိန်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်ပေမယ့် တချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် အစာအဆိပ်သင့်ကာ သေဆုံးနိုင်တဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြု ဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

(၁) တူနာငါးသေတ္တာ

HTB1J52NSFXXXXbCXpXXq6xXFXXXB.jpg

တူနာငါးဟာ တခြားသော ငါးတွေထက် ပြဒါးဓာတ် ပိုများတဲ့ ငါးတမျိုးဖြစ်တာကြောင့် အလွန်အကျွံ စားသုံးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ငါးသေတ္တာဘူးအဖြစ် ရေရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ ပေါင်းတင် ပိုးသတ်ထားတဲ့ တူနာငါးသေတ္တာဘူးတွေကို တပတ်မှာ ၃ ဘူးထက်ပိုပြီး မစားသင့်ဘူးလို့ အာဟာရပညာရှင်တွေက အကြံပြုထားပါတယ်။

 

(၂) အာလူး

potato-1024x681_1.jpg

အာလူးမှာ ပါဝင်တဲ့ Solanine ဆိုတဲ့ ဓာတ်ဟာ အလွန်အကျွံ စားသုံံးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ရုတ်တရက် နှလုံးရပ်တန့်ခြင်းတွေအထိ ဖြစ်စေနိုင်တာကြောင့် ဆင်ခြင်သတိပြုသင့်ပါတယ်။

 

(၃) ဆိုဒါ ပါဝင်တဲ့ အချိုရည်တွေ

_campari-and-soda-cocktail-759268-hero-5bb7c22dc9e77c0058b4c625.jpg

ဆိုဒါ ပါဝင်တဲ့ အချိုရည်တွေမှာ သကြားဓာတ်လွန်ကဲစွာ ပါဝင်တဲ့အပြင် တခြားသော ဓာတုပစ္စည်းတွေလည်း ပါဝင်တာကြောင့် များများသောက်သုံးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

(၄) လက်ဖက်ရည်

Cup-of-tea.jpg

အာဟာရပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင်တော့ လူတယောက်ဟာ တနေ့ကို လက်ဖက်ရည် ၆ ခွက်ထက်ပိုပြီး သောက်သုံးမယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ ချက်ချင်း ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

 

(၅) ရေ

170802120652_1_900x600.jpg

“တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားရှိသလိုပါပဲ၊ အန္တရာယ်ကင်းပါတယ်ဆိုတဲ့ ရေတောင် အလွန်အကျွံသောက်ရင် အစာအဆိပ်သင့်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဟာ လိုအပ်တာထက် ပိုများနေတဲ့အခါ သွေးတွင်းက ဆိုဒီယမ်ဓာတ်ကို အားပျော့သွားစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

 

Source Irrawaddy

 

(Zawgyi)

----------

အလြန္အကြၽံစားသံုးပါက အစာအဆိပ္သင့္ကာ ေသေစႏိုင္တဲ႔ အစားအစာမ်ား

 

အစားအစာဟာ လူနဲ႔တည္႔တာမွန္ေပမယ္႔ တခ်ိဳ႕ အစားအစာေတြက အလြန္အကြၽံ စားသုံးမယ္ဆိုရင္ အစာအဆိပ္သင့္ေစပါတယ္။ အစားအစာကို သင့္တင့္မွ်တ႐ုံ ခ်င့္ခ်ိန္စားသုံးမယ္ဆိုရင္ ခႏၶာကိုယ္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ရရွိႏိုင္ေပမယ္႔ တခ်ိဳ႕ေသာ အစားအစာေတြက အလြန္အကြၽံ စားသုံးမယ္ဆိုရင္ အစာအဆိပ္သင့္ကာ ေသဆံုးႏိုင္တဲ့အထိ ျဖစ္ေစႏိုင္တာေၾကာင့္ သတိျပဳ ဆင္ျခင္ႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) တူနာငါးေသတၱာ

HTB1J52NSFXXXXbCXpXXq6xXFXXXB.jpg

တူနာငါးဟာ တျခားေသာ ငါးေတြထက္ ျပဒါးဓာတ္ ပိုမ်ားတဲ့ ငါးတမ်ိဳးျဖစ္တာေၾကာင့္ အလြန္အကြၽံ စားသုံးမယ္ဆိုရင္ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ငါးေသတၱာဘူးအျဖစ္ ေရရွည္ခံေအာင္ ဓာတုပစၥည္းေတြနဲ႔ ေပါင္းတင္ ပိုးသတ္ထားတဲ့ တူနာငါးေသတၱာဘူးေတြကို တပတ္မွာ ၃ ဘူးထက္ပိုၿပီး မစားသင့္ဘူးလို႔ အာဟာရပညာရွင္ေတြက အႀကံျပဳထားပါတယ္။

 

(၂) အာလူး

potato-1024x681_1.jpg

အာလူးမွာ ပါဝင္တဲ့ Solanine ဆိုတဲ့ ဓာတ္ဟာ အလြန္အကြၽံ စားသံုံးမယ္ဆိုရင္ အစာအဆိပ္သင့္ျခင္းရဲ႕ လကၡဏာေတြျဖစ္တဲ့ ပ်ိဳ႕အန္ျခင္း၊ ဝမ္းေလွ်ာျခင္းနဲ႔ ႐ုတ္တရက္ ႏွလုံးရပ္တန႔္ျခင္းေတြအထိ ျဖစ္ေစႏိုင္တာေၾကာင့္ ဆင္ျခင္သတိျပဳသင့္ပါတယ္။

 

(၃) ဆိုဒါ ပါဝင္တဲ့ အခ်ိဳရည္ေတြ

_campari-and-soda-cocktail-759268-hero-5bb7c22dc9e77c0058b4c625.jpg

ဆိုဒါ ပါဝင္တဲ့ အခ်ိဳရည္ေတြမွာ သၾကားဓာတ္လြန္ကဲစြာ ပါဝင္တဲ့အျပင္ တျခားေသာ ဓာတုပစၥည္းေတြလည္း ပါဝင္တာေၾကာင့္ မ်ားမ်ားေသာက္သုံးမယ္ဆိုရင္ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

(၄) လက္ဖက္ရည္

Cup-of-tea.jpg170802120652_1_900x600.jpg

အာဟာရပညာရွင္ေတြရဲ႕ ေလ့လာမႈအရဆိုရင္ေတာ့ လူတေယာက္ဟာ တေန႔ကို လက္ဖက္ရည္ ၆ ခြက္ထက္ပိုၿပီး ေသာက္သုံးမယ္ဆိုရင္ ေက်ာက္ကပ္ကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး အစာအဆိပ္သင့္တဲ့ လကၡဏာေတြ ခ်က္ခ်င္း ခံစားရႏိုင္တယ္လို႔ ဆိုပါတယ္။

 

(၅) ေရ

170802120652_1_900x600.jpg

“တန္ေဆး လြန္ေဘး” ဆိုတဲ့ စကားရွိသလိုပါပဲ၊ အႏၲရာယ္ကင္းပါတယ္ဆိုတဲ့ ေရေတာင္ အလြန္အကြၽံေသာက္ရင္ အစာအဆိပ္သင့္ႏိုင္ပါတယ္။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ဟာ လိုအပ္တာထက္ ပိုမ်ားေနတဲ့အခါ ေသြးတြင္းက ဆိုဒီယမ္ဓာတ္ကို အားေပ်ာ့သြားေစၿပီး ဦးေႏွာက္ရဲ႕ လုပ္ေဆာင္မႈေတြကို ကေမာက္ကမျဖစ္ေစႏိုင္ပါတယ္။

 

Source Irrawaddy

Read times Last modified on Friday, 07 February 2020 14:33
Rate this item
(0 votes)