What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 January 2018 16:49

အခ်စ္ကိုေဆးပညာအရ ေလ့လာၾကည့္ေသာ္…..

အခ်စ္ကိုေဆးပညာအရ ေလ့လာၾကည့္ေသာ္….. google.com

ကမာၻဦးအစကတည္းက လူသားတို႔သည္ အခ်စ္နဲ႔ မကင္းကြာခဲ့ပါ။

ယေန႔အထိလည္း မကင္းကြာေသးပါ ၊ေနာင္လည္း ကင္းကြာၾကဦးမွာ မဟုတ္ပါ ။ အခ်စ္နဲ႔ မကင္းတဲ့ လူသားေတြက အခ်စ္ကို အမ်ိဳးမ်ိဳး အဓိပၸာယ္ ဖြင့္ဆိုခဲ့ၾကတယ္ ။

တခ်ိဳ႕က အခ်စ္မွာ မ်က္စိမရွိဘူးတဲ့ ။ တခ်ိဳ႕က်ျပန္ေတာ့ ရင္ခုန္တာ အခ်စ္တဲ့ ။ တခ်ိဳ႕ကလည္း အခ်စ္အတြက္နဲ႔ ဓားေတာင္ကိုေက်ာ္ ၊မီးပင္လယ္ကို ျဖတ္မတဲ့ ။

အခ်စ္နဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းေတြ ျမန္မာမွာေရာ ကမာၻမွာပါ အမ်ားႀကီးရွိပါတယ္။ ရွင္ေမြးႏြန္းနဲ႔ မင္းနႏၵာ ၊မင္းကုသနဲ႔ ပပဝတီကစလို႔ ရိုမီယိုနဲ႔ ဂ်ဴးလီယက္ ၊ကလီယိုပတ္ထရာနဲ႔ ဂ်ဴးလီယက္ဆီဇာ အစရွိသျဖင့္ နာမည္ေက်ာ္ၾကား အခ်စ္ဇာတ္လမ္းေတြကို ဖတ္ဖူး ၾကားဖူးၾကမွာပါ ။

လူသားတိုင္းနဲ႔ မကင္းတဲ့ အခ်စ္အေၾကာင္းကို က်န္းမာေရးပညာရွင္ေတြကလည္း စိတ္ဝင္တစား ေလ့လာခဲ့ၾကပါတယ္။ သူတို႕မွာလည္း ခ်စ္တတ္တဲ့ ႏွလံုးသားရွိတာကိုဗ်။ ေလ့လာမွုအရ အခ်စ္ကိုသိပၸံနည္းက် အဓိပၸာယ္ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။ အခ်စ္အေၾကာင္းကို သိပၸံနည္းက် ေလ့လာရင္ အဆင့္ ၃ဆင့္ရွိပါတယ္။

ပထမအဆင့္ -တပ္မက္ျခင္း ( Lust )

တျခားသူအေပၚ တပ္မက္ျခင္းျဖစ္တဲ့အခ်ိန္။ တဏွာ ၊ရာဂမကင္းတဲ့အဆင့္ေပါ့။ တပ္မက္ျခင္း ျဖစ္ေစတာက က်ားဟိုမုန္းလ္ testosterones ေတြနဲ႔ မဟိုမုန္းလ္ Estrogens တို႔ေၾကာင့္ျဖစ္ပါတယ္ ။

ဒုတိယအဆင့္ -တစ္ဦးအေပၚ တစ္ဦး ၿငိတြယ္ျခင္း ( Attraction )

-ဒီအခ်ိန္မွာ အခ်စ္ငွက္ေမာင္ႏွံတို႔ ႏွစ္ဦးဟာ တီတီတာတာနဲ႔ ပတ္ဝန္းက်င္ကို သတိေတာင္ မထားမိဘဲ အခ်စ္ေသြးႂကြခ်ိန္ ၊အခ်စ္ေၾကာင့္ ႐ူး ၊အခ်စ္ေၾကာင့္မူး ဆိုသလို အ႐ူးအမူး သည္းသည္းခ်စ္ၾကခ်ိန္ေပါ့ ။

ဒီလို အ႐ူးအမူးျဖစ္ေစတာ ခႏၶာကိုယ္မွာ ထြက္လာတဲ့ ဟိုမုန္းလ္ ၃မ်ိဳးေၾကာင့္ပါ ။

၁။ ဒိုပါမင္း ( Dopamine )

ည ည (သူ႔အေၾကာင္းေတြးရင္း) အိပ္မရ၊ သူ႔အတြက္စိတ္ပူ ၊ကိုယ္ ေျပာမွားဆိုမွားျဖစ္မွာစိုးလို႔ ေသာကမ်ား (Anxiety) ၊အစားအေသာက္ေတြပ်က္ အခ်စ္ေဝဒနာေတြခံစားဖူးမွာပါ။

၂။ အက္ဒရီနလင္ (Adrenaline )

သူ႔မ်က္ႏွာျမင္႐ုံနဲ႔ ၊ သူ႔အသံၾကား႐ုံနဲ႔ ၊ သူ႔အထိအေတြ႕ Adrenaline ၊သူ႔ကိုယ္သင္းနံ႔ေလး ရ႐ုံနဲ႔ ၊သူ႔အနားေရာက္႐ုံနဲ႔ ရင္ခုန္သံေတြ စည္းခ်က္မမွန္ ၊ေဇာေခၽြးေတြမ်ား ၊ရွက္ေသြးေတြျဖာ ၊ေျခေတြလက္ေတြေအးစက္ၿပီး ဖိန္းတိန္းရွိန္းတိန္းျဖစ္။

၃။ စီရိုတိုနင္ ( Serotonin )

အခ်စ္ဟိုမုန္းလ္ေတြထဲက အေရးႀကီးဆုံးထဲမွာပါဝင္ပါတယ္။ Serotonin ဒီ ဟိုမုန္းလ္ကေတာ့ လူသားေတြကို အခ်စ္နတ္ဘုရား Venus ရဲ့ ျပဳစားျခင္း ခံရသလို တစ္ခဏတာမၽွ အခ်စ္မွာ႐ူးသြပ္ေစပါတယ္ ။

တတိယအဆင့္ -သံေယာဇဥ္ေႏွာင္ႀကိဳးရစ္တြယ္ျခင္း ( Attachment )

-အခ်စ္တစ္ခု ေရရွည္တည္ေဆာက္ေတာ့မယ္ဆိုရင္ တစ္ဦးအေပၚ တစ္ဦး သံေယာဇဥ္ ေႏွာင္ႀကိဳးမ်ား ရစ္တြယ္မိေနၿပီလို႔ ဆိုနိုင္တယ္။ အခ်စ္႐ူးအဆင့္မွ လြန္ေျမာက္လာရပါတယ္။ အခ်စ္႐ူးအဆင့္မွာ တာရွည္ေနရင္ ဘာအလုပ္မွ လုပ္ျဖစ္ေတာ့မွာမဟုတ္ပါ။

ခ်စ္စိတ္တတ္ျခင္းဟာအဓိက အခ်စ္ဟိုမုန္းလ္ ၂မ်ိဳးေၾကာင့္ျဖစ္ပါတယ္ ။

၁။ ေအာက္ဆီတိုစင္ ( Oxytocin )

အဆိုပါ ဟိုမုန္းလ္ကို ဦးေႏွာက္ရဲ့ Hypothalamus ကေန ထြက္ပါတယ္။ ထိုဟိုမုန္းလ္သည္အမ်ိဳးသမီးေတြမွာ ကေလးနို႔တိုက္ခ်ိန္ ၊အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ခ်စ္တင္းေႏွာခ်ိန္ေတြမွာ ထြက္တတ္ပါတယ္။ ေအာက္ဆီတိုစင္သည္ Romantic love အျဖစ္ ခံစားရေစပါတယ္။ ဘာလို႔လဲဆိုရင္ တစ္ဦးကို တစ္ဦးခ်စ္ေနရရင္ ရႊင္လန္းဝမ္းေျမာက္ေစျခင္း ၊ဝမ္းသာပီတိျဖစ္ေစျခင္း ၊တစ္ဦးအေပၚတစ္ဦး ယုံၾကည္၊ စိတ္ခ်၊ ကိုးစားျခင္းမ်ားကို ေအာက္ဆီတိုစင္က ျဖစ္ေစပါတယ္။

၂။ ေဗစိုပရပ္စင္ ( Vasopressin )

အခ်စ္တစ္ခု ေရရွည္တည္တံ့ ခိုင္ျမဲေစဖို႔အတြက္ အဆိုပါ Vasopressin ဟိုမုန္းလ္က အေရးပါပါတယ္ ။

Source: ondoctor

 

Unicode

ကမ္ဘာဦးအစကတည်းက လူသားတို့သည် အချစ်နဲ့ မကင်းကွာခဲ့ပါ။ ယနေ့အထိလည်း မကင်းကွာသေးပါ ၊နောင်လည်း ကင်းကွာကြဦးမှာ မဟုတ်ပါ ။ အချစ်နဲ့ မကင်းတဲ့ လူသားတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတယ် ။
တချို့က အချစ်မှာ မျက်စိမရှိဘူးတဲ့ ။ တချို့ကျပြန်တော့ ရင်ခုန်တာ အချစ်တဲ့ ။ တချို့ကလည်း အချစ်အတွက်နဲ့ ဓားတောင်ကိုကျော် ၊မီးပင်လယ်ကို ဖြတ်မတဲ့ ။
အချစ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီးရှိပါတယ်။ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ၊မင်းကုသနဲ့ ပပဝတီကစလို့ ရိုမီယိုနဲ့ ဂျူးလီယက် ၊ကလီယိုပတ်ထရာနဲ့ ဂျူးလီယက်ဆီဇာ အစရှိသဖြင့် နာမည်ကျော်ကြား အချစ်ဇာတ်လမ်းတွေကို ဖတ်ဖူး ကြားဖူးကြမှာပါ ။
လူသားတိုင်းနဲ့ မကင်းတဲ့ အချစ်အကြောင်းကို ကျန်းမာရေးပညာရှင်တွေကလည်း စိတ်ဝင်တစား လေ့လာခဲ့ကြပါတယ်။ သူတို့မှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိတာကိုဗျ။ လေ့လာမှုအရ အချစ်ကိုသိပ္ပံနည်းကျ အဓိပ္ပာယ်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အချစ်အကြောင်းကို သိပ္ပံနည်းကျ လေ့လာရင် အဆင့် ၃ဆင့်ရှိပါတယ်။
ပထမအဆင့် -တပ်မက်ခြင်း ( Lust )
တခြားသူအပေါ် တပ်မက်ခြင်းဖြစ်တဲ့အချိန်။ တဏှာ ၊ရာဂမကင်းတဲ့အဆင့်ပေါ့။ တပ်မက်ခြင်း ဖြစ်စေတာက ကျားဟိုမုန်းလ် testosterones တွေနဲ့ မဟိုမုန်းလ် Estrogens တို့ကြောင့်ဖြစ်ပါတယ် ။
ဒုတိယအဆင့် -တစ်ဦးအပေါ် တစ်ဦး ငြိတွယ်ခြင်း ( Attraction )
-ဒီအချိန်မှာ အချစ်ငှက်မောင်နှံတို့ နှစ်ဦးဟာ တီတီတာတာနဲ့ ပတ်ဝန်းကျင်ကို သတိတောင် မထားမိဘဲ အချစ်သွေးကြွချိန် ၊အချစ်ကြောင့် ရူး ၊အချစ်ကြောင့်မူး ဆိုသလို အရူးအမူး သည်းသည်းချစ်ကြချိန်ပေါ့ ။

ဒီလို အရူးအမူးဖြစ်စေတာ ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ဟိုမုန်းလ် ၃မျိုးကြောင့်ပါ ။
၁။ ဒိုပါမင်း ( Dopamine )
ည ည (သူ့အကြောင်းတွေးရင်း) အိပ်မရ၊ သူ့အတွက်စိတ်ပူ ၊ကိုယ် ပြောမှားဆိုမှားဖြစ်မှာစိုးလို့ သောကများ (Anxiety) ၊အစားအသောက်တွေပျက် အချစ်ဝေဒနာတွေခံစားဖူးမှာပါ။
၂။ အက်ဒရီနလင် (Adrenaline )
သူ့မျက်နှာမြင်ရုံနဲ့ ၊ သူ့အသံကြားရုံနဲ့ ၊ သူ့အထိအတွေ့ Adrenaline ၊သူ့ကိုယ်သင်းနံ့လေး ရရုံနဲ့ ၊သူ့အနားရောက်ရုံနဲ့ ရင်ခုန်သံတွေ စည်းချက်မမှန် ၊ဇောချွေးတွေများ ၊ရှက်သွေးတွေဖြာ ၊ခြေတွေလက်တွေအေးစက်ပြီး ဖိန်းတိန်းရှိန်းတိန်းဖြစ်။
၃။ စီရိုတိုနင် ( Serotonin )
အချစ်ဟိုမုန်းလ်တွေထဲက အရေးကြီးဆုံးထဲမှာပါဝင်ပါတယ်။ Serotonin ဒီ ဟိုမုန်းလ်ကတော့ လူသားတွေကို အချစ်နတ်ဘုရား Venus ရဲ့ ပြုစားခြင်း ခံရသလို တစ်ခဏတာမျှ အချစ်မှာရူးသွပ်စေပါတယ် ။
တတိယအဆင့် -သံယောဇဉ်နှောင်ကြိုးရစ်တွယ်ခြင်း ( Attachment )
-အချစ်တစ်ခု ရေရှည်တည်ဆောက်တော့မယ်ဆိုရင် တစ်ဦးအပေါ် တစ်ဦး သံယောဇဉ် နှောင်ကြိုးများ ရစ်တွယ်မိနေပြီလို့ ဆိုနိုင်တယ်။ အချစ်ရူးအဆင့်မှ လွန်မြောက်လာရပါတယ်။ အချစ်ရူးအဆင့်မှာ တာရှည်နေရင် ဘာအလုပ်မှ လုပ်ဖြစ်တော့မှာမဟုတ်ပါ။
ချစ်စိတ်တတ်ခြင်းဟာအဓိက အချစ်ဟိုမုန်းလ် ၂မျိုးကြောင့်ဖြစ်ပါတယ် ။
၁။ အောက်ဆီတိုစင် ( Oxytocin )
အဆိုပါ ဟိုမုန်းလ်ကို ဦးနှောက်ရဲ့ Hypothalamus ကနေ ထွက်ပါတယ်။ ထိုဟိုမုန်းလ်သည်အမျိုးသမီးတွေမှာ ကလေးနို့တိုက်ချိန် ၊အမျိုးသားရော အမျိုးသမီးပါ ချစ်တင်းနှောချိန်တွေမှာ ထွက်တတ်ပါတယ်။ အောက်ဆီတိုစင်သည် Romantic love အဖြစ် ခံစားရစေပါတယ်။ ဘာလို့လဲဆိုရင် တစ်ဦးကို တစ်ဦးချစ်နေရရင် ရွှင်လန်းဝမ်းမြောက်စေခြင်း ၊ဝမ်းသာပီတိဖြစ်စေခြင်း ၊တစ်ဦးအပေါ်တစ်ဦး ယုံကြည်၊ စိတ်ချ၊ ကိုးစားခြင်းများကို အောက်ဆီတိုစင်က ဖြစ်စေပါတယ်။
၂။ ဗေစိုပရပ်စင် ( Vasopressin )
အချစ်တစ်ခု ရေရှည်တည်တံ့ ခိုင်မြဲစေဖို့အတွက် အဆိုပါ Vasopressin ဟိုမုန်းလ်က အရေးပါပါတယ် ။
Source: ondoctor

 

Read times
Rate this item
(0 votes)