What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 August 2021 09:28

လေအေးပေးစက် နှင့် သင့် ကျန်းမာရေး

လေအေးပေးစက်နဲ့ အေးနေအောင် လုပ်ပေးထားတဲ့ အခန်းကို ဖြစ်နိုင်သရွေ့ လေဝင်လေထွက် နည်းအောင် လုပ်ပြီး

အအေးဓာတ်ကို ထိန်းသိမ်းထားကြတော့ လေအေးပေးစက် သုံးတဲ့ အခန်းတွေဟာ များသောအားဖြင့် လေဝင်လေထွက် နည်းတဲ့ အခန်းတွေ ဖြစ်ပါတယ်။
လေအေးပေးစက်ကို အခါအားလျော်စွာ ဆေးကြောပေးဖို့ လိုပါတယ်။ ဖုန်တွေ ကင်းစင်မှ ပေးတဲ့လေလည်း ပိုသန့်မယ်။ လေအေးပေးစက်လည်း အပြည့်အဝ အလုပ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပြင်ပမှ အပူဒဏ် အခန်းတွင် မခံစားရအောင် လေအေးပေးစက်ကို သုံးသင့်တာ မှန်ပါပဲ။ အပူဒဏ်ကြောင့် စိတ်ရော ကိုယ်ပါ နုံးချိစေတာကို ကာကွယ်ပေးတယ်။ အိပ်ချိန်မှာလည်း အရည်အသွေး ပိုမြင့်မားတဲ့ အိပ်စက်ခြင်းကို ရရှိစေတယ်။ လေအေးပေးစက်က ကျန်းမာရေးကို ထောက်ကူပေးပါတယ်။

ဒါပေမဲ့ အခန်းထဲ လေဝင်လေထွက် ကောင်းဖို့ကိုလည်း အအေးဓာတ် လိုအပ်သည့်နည်းတူ လိုအပ်ပါကြောင်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

မြို့ကြီးတွေမှာ ပိုပူတယ်။ နေအပူအပြင် ကားတွေကြောင့်လည်း အပူတိုးတယ်။ လေဝင်လေထွက် မကောင်းတဲ့အတွက်လည်း အပူတိုးတယ်။

နေ့အခါမှာ မျက်နှာပြင်တွေက အပူကို ရယူထားကြတယ်။ ညအခါမှာ အပူတွေ ပြန်လွှတ်တယ်။ လူအများစုအဖို့ အိပ်ချိန် ရောက်တဲ့အခါ မျက်နှာပြင်တွေက အပူတွေ ပြန်လွှတ်တဲ့အချိန် ဖြစ်နေတယ်။ လူတစ်ဦးအဖို့ အခန်းတွင်း အပူချိန် ၂၄ ဒီဂရီ စဲစီးယပ်ဟာ ညဘက် အိပ်ဖို့ အသင့်တော်ဆုံး အပူချိန်ဖြစ်ပါတယ်။
မြို့ပြရဲ့ အခန်းတွေမှာ အပူချိန်က ၃၀ ဒီဂရီ စဲစီးယပ်ကျော်တဲ့အထိ မြင့်တက်နေတတ်တော့ အိပ်ဖို့ အဆင်မပြေတော့ဘူး။ ဒီတော့ အအိုက်ဒဏ်ကို ဖြေဖျောက်ဖို့ လေအေးပေးစက် ဖွင့်ပြီး အိပ်ကြရတယ်။
မီးပျက်တဲ့နေ လေအေးပေးစက် မသုံးနိုင်တဲ့ညမှာ အကင်ခံနေရသလိုမျိုး ပူအိုက်နေပါတယ်။

မြို့ပြတွေမှာ အသုံးများတာ split air-cons တွေ ဖြစ်ပြီး အခန်းတွင်းမှာ ရှိတဲ့လေကို ရယူပြီး အေးအောင် လုပ်ပေးပါတယ်။ လူကနေ ထုတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အခန်းထဲမှာ တဖြည်းဖြည်း ပိုများလာတယ်။ အဲဒီလေကို လေအေးစက်က ရယူပြီး အေးအောင် လုပ်ပေးထားတယ်။ လေထဲပါလာတဲ့ အစိုဓာတ်ကိုလည်း လေအေးပေးစက်က ဖယ်ရှားပေးတယ်။ ဒီတော့ အရေပြား ခြောက်တယ်။ မျက်လုံးတွေ ယားယံစေတတ်တယ်။
ရှုနေရတဲ့ လေကလည်း ကာဘွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု ပိုများလာနေတယ်။ အသက်ရှူရတာ အားမရသလို ဖြစ်လာစေနိုင်တယ်။

အခုလို တဖြည်းဖြည်း ပိုဆိုးလာပြီး "sick building syndrome" ဖြစ်ပွားစေတယ်။ ခေါင်းကိုက်တာ၊ မျက်လုံး ယားယံလို့ ပွတ်နေရတာ၊ နှာခေါင်းနဲ့ လည်းချောင်း ယားယံတာ၊ ချောင်းခြောက်ဆိုးတာ၊ တဝါးဝါးသန်းဝေရင်း ငိုက်လာတာ၊ မလန်းဆန်းတော့တာတွေ ဖြစ်ပွားစေပါတယ်။ အခြေအနေပိုဆိုးရင် ခေါင်းမူတာ ဖြစ်မယ်။ အကြောတွေ တက်မယ်။ ဦးနှောက်က လုပ်ကိုင်နိုင်စွမ်း ကျဆင်းမယ်။

အခုလို ဖြစ်ပွားရတာအတွက် အဓိက အကြောင်းကတော့ လေဝင်လေထွက် မရှိသလောက် ဖြစ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ညဘက်မှာ အိပ်ချိန်ဖြစ်လို့ အခန်းတံခါး အဖွင့်အပိတ် မရှိသလောက် ဖြစ်သွားတော့ လေထုက အခန်းထဲမှာပဲ ပိတ်မိနေတယ်။ အဲကွန်းထဲ ဝင်သွားလိုက် ပြန်ထွက်လာလိုက် လုပ်ရင်း အအေးဓာတ်ကို လေထုထဲ ဆောင်ထားရင်း လေရဲ့ အရည်အသွေးက သိသိသာသာ ကျဆင်းနေတယ်။
တကယ်လို့ လေထုထဲ ဗိုင်းရပ်စ်တွေ ရောက်နေတယ်ဆိုရင်လည်း ဗိုင်းရပ်စ်တွေကို အခန်းထဲ ရှိနေသူတွေ ရှူသွင်းနေရမယ်။ ထွက်လေမှာ ပြန်လိုက်ပါသွားပြီး အခန်းထဲမှာ ရှိတဲ့ လေထုထဲမှာ ဝဲပျံနေမယ်.

လုပ်သင့်တာကတော့ လုံးဝ လေလုံနေအောင် လုပ်မထားပဲ လေအနည်းငယ် ဝင်နေနိုင်ဖို့ စီစဉ်ထားသင့်တယ်။ အဲဒီအတွက် အဲကွန်းက ပိုရုန်းကန်ရမှာ ဖြစ်ပေမဲ့ ကျန်းမာရေးကို ရှေ့ရှုပြီး ပြင်ပမှ လေအနည်းငယ် ဝင်သာအောင် လုပ်ပေးထားသင့်ပါတယ်။

တကယ်လို့ လေအေးပေးစက်မှာ အခန်းတွင်းလေကို သုံးမလား ပြင်ပလေကို ယူသုံးမလားဆိုတာ ရွေးချယ်လို့ ရရင် အဲကွန်းစဖွင့်ခါစမှာ အခန်းတွင်းလေနဲ့ အေးအောင် အရင်လုပ်ခိုင်းထားလိုက်ပါ၊ အအေးဓာတ် ရပြီဆိုတဲ့အခါ ပြင်ပလေ ရယူဖို့ ပြောင်းလဲပေးလိုက်ပါ။
အဲကွန်းရဲ့ ဇကာတွေကို စစ်ဆေးပါ၊ ဖုန်နုနုလေးတွေ ပိတ်ဖုံးနေရင် ဇကာဖြုတ်ယူပြီး ဖုန်စင်အောင် ဆေးကြောပြီး လေအေးစက်မှာ နေသားတကျ ပြန်တပ်ပါ။
အသားအရေ ခြောက်လွယ်သူအဖို့ အခန်းထဲမှာ ရေချိုးရင် သုံးတဲ့ ရေခွက်နဲ့ ရေထည့်ပြီး အခန်းတစ်နေရာရာမှာ ထားပေးပါ။

 

Myanmar HealthGuide

Read times
Rate this item
(0 votes)