What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 March 2018 16:25

ကျန်းမာရေးအယူအဆ အလွဲလေးများ

ကျန်းမာရေးအယူအဆ အလွဲလေးများ google.com

(1)ကိုယ်ဝန်ဆောင်အစား လျှော့စားမှ  ကလေးမွေးရလွယ်မယ်ဆိုတာ

ကိုယ်ဝန်ဆောင်စဉ် အစားအစာတွေကို လျှော့စားပြီး ကလေးမွေးရလွယ်ကူအောင် လုပ်တာမျိုးတွေ ရှိတတ်ကြပါ တယ်။

အဲဒါက လွဲမှားတဲ့အယူပဲဖြစ်ပါ တယ်။

 ကိုယ်ဝန်ဆောင်စဉ်မှာ နှစ်ယောက်စာအတွက် ဖြစ်တာကြောင့် အာဟာရလိုပါတယ်။ ပိုစားမှ မွေးကင်းစကလေး အလေးချိန်ပြည့်မှာဖြစ်ပြီး ကလေးကြီးထွားမှုလည်း မနှောင့်နှေးမှာ ဖြစ်ပါတယ်။

(2) ခေါင်းမူးတိုင်း အချဉ်စားရလား

အကြောင်းအမျိုးမျိုးကြောင့် ခေါင်းမူး ခေါင်းကိုက်ဖြစ်လာပြီဆိုရင် အလွယ်တကူ အချဉ်စားတတ်ကြပါတယ်။ ခေါင်းမူးတာက ရောဂါကြောင့်လည်း ဖြစ်နိုင်သလို သွေးပေါင်ကျရင်လည်း မူးနိုင်ပါတယ်။

သွေးပေါင်ကျလို့ မူးတဲ့အခြေအနေမျိုး မှာဆိုရင် အချဉ်ကို လွန်လွန်ကဲကဲ မစားသုံးသင့်ပါဘူး။ အချဉ်ဓာတ်ကို လွန်ကဲစွာစားသုံးရင် ခန္ဓာကိုယ်အတွင်းသွေး ကျဲစေတာကြောင့် နောက်ဆက်တွဲ ပြဿ နာတွေ ဖြစ်စေနိုင်ပါတယ်။

အချဉ်ဓာတ်ပါတဲ့ အစားအစာတွေက သံဓာတ်ကို ပြည့်ဝစေပေမဲ့ လွန်ကဲစွာ စားသုံးခြင်းကို ရှောင်သင့်တယ်လို့ သိရပါတယ်။

Source: Kumudra

Read times Last modified on Thursday, 08 March 2018 15:58
Rate this item
(0 votes)