What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 February 2017 16:45

ကြိုးခုန်ခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူး (၄) ခု

ကြိုးခုန်ခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူး (၄) ခု Google.com

ကြိုးခုန်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကစားနည်းတစ်ခုပါ။ ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါသေးတယ်။

ကျန်းမာရေး လိုက်စားသူတွေ၊ အားကစားသမားတွေက ကြိုးခုန်တဲ့လေ့ကျင့်ခန်းကို အမြဲပြုလုပ်လေ့ရှိ ကြပါတယ်။

၁. ခန္ဓာကိုယ်ကို ကျစ်လျစ်စေ။

ဝိတ်ကျချင်ရင်တော့ ကြိုးခုန်ခြင်းလေ့ကျင့်ခန်းကို ပြုလုပ်ပါ။ ကြိုးခုန်ခြင်းဟာ ခန္ဓာကိုယ်တွင်း ကယ်လိုရီတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေနိုင်ပါ။ တစ်ပေါင်မှာ ကယ်လိုရီ ၃၅၀၀ ရှိပါတယ်။ မိနစ် ၃၀ ကြိုးခုန်ရင် ကယ်လိုရီ ၃၀၀ လောက်ကို ခြေဖျက်နိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ စီ ကြိုးခုန်ပေးရုံနဲ့ တစ်ပတ်ကို တစ်ပေါင် ဝိတ်ကျသွားမည် ဖြစ်ပါတယ်။

၂. ကြွက်သားတွေကိုကောင်းမွန်စေ။

ကြိုးခုန်ခြင်းဟာ ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို ပိုမိုလှပစေပါတယ်။ ပေါင်တံနဲ့ခြေသလုံးက ကြွက်သားတွေဟာ ကြိုးခုန်ခြင်းကြောင့် ကျစ်လျစ်ဖွံ့ဖြိုးကာ ပိုမိုလှပလာပါတယ်။

ပထမဆုံးအကြိမ် ကြိုးခုန်ရင် ခြေထောက်ကြွက်သားတွေ နာကျင်ရတာကို ဖြစ်စေပါတယ်။ ကြွက်သားတွေက ရုန်းကန်ဖွံ့ဖြိုးလာလို့ အတွင်းပိုင်းမှာ အလွန်သေးငယ်တဲ့ ဒဏ်ရာလေးတွေ ဖြစ်သွားလို့ပါ။

ကြွက်သားတည်ဆောက်ပုံစနစ်က သူ့အလိုလို ကုသပေးနိုင်လို့ ရက်ပိုင်းအတွင်းမှာ နာကျင်တာတွေ ပျောက်သွားပါလိမ့်မယ်။

၃. နှလုံးကျန်းမာစေ။

ကျန်းမာရေး ရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ကြိုးခုန်ခြင်းကြောင့် နှလုံးကို ကျန်းမာစေပြီး သက်လုံကောင်းစေပါတယ်။

နှလုံးသွေးကြောတွေကို ပိုမိုကျန်းမာစေပြီး နှလုံးသွေးလည်ပတ်မှုစနစ် အားကောင်းလာပါတယ်။ နှလုံးကို သွေးကြောတွေက တစ်ဆင့် သွေးစီးဆင်းမှု ပိုကောင်းလာပြီး နှလုံးအပါအဝင် အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေပါတယ်။

အထိုင်များတဲ့ အလုပ်ကို လုပ်နေရသူတွေဟာ ကြာလာရင် ခါးတုတ်ဗိုက်ပူလာပြီး သက်လုံမကောင်းတော့ပါဘူး။

နေ့စဉ်နေ့တိုင်းသာ ကြိုးခုန်တဲ့အားကစားကို လုပ်သွားမယ်ဆို ခန္ဓာကိုယ်လည်း ပုံစံမပျက်ဘဲ ကျန်းမာလာမှာပါ။

၎။ အသားအရေကြည်လင်လာစေ။

ကြိုးခုန်တဲ့အခါ ခန္ဓာကိုယ်က အပေါ်၊ အောက် ခုန်နေရသလို လက်တွေရော ခြေတွေပါ လှုပ်ရှားပါတယ်။

ခန္ဓာကိုယ်က ပူလာပြီး ချွေးထွက်လာပါတယ်။ ချွေးပေါက်တွေပွင့်သွားတဲ့အတွက် အသားအရေက ကြည်လင်လာမှာဖြစ်ပါတယ်။

ချွေးများများထွက်ပြီးရင် အုန်းရေလိုမျိုး ဓာတ်ဆားဖြည့်အချိုရည်ကို ပြန်သောက်ပေးသင့်ပါတယ်။

ရေပြန်ချိုးဖို့ကိုလည်း မပျင်းပါနဲ့။ ချွေးစိုနေတုန်း လေထုထဲက ဖုန်တွေနဲ့ထိတွေ့ရင် အသားအရေအတွက် မကောင်းပါဘူး။

Source: lwin pyin

Read times
Rate this item
(5 votes)