What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 February 2017 13:18

မျက်ကပ်မှန်တပ်သူများအတွက် အန္တရာယ်အရှိဆုံး အပြုအမူ (၅) ချက်

မျက်ကပ်မှန်တပ်သူများအတွက် အန္တရာယ်အရှိဆုံး အပြုအမူ (၅) ချက် Google.com

မျက်ကပ်မှန်တပ်သူတွေဟာ မျက်ကပ်မှန်ကို ကိုင်တွယ်တဲ့နေရာမှာ အထူးဂရုစိုက်ဖို့လိုပါတယ်။

၁. ရေ Vs ဆေးရည်

ရေသန့်က ဘယ်လောက်ပဲ သန့်စင်ရေးမှာ အသုံးဝင်တယ်ပြောပြော မျက်ကပ်မှန်အတွက်တော့ လုံးဝမထိသင့်တဲ့အရာပါ။

ရေချိုးတဲ့အခါ ရေကူးတဲ့အခါတွေမှာလည်း မျက်ကပ်မှန်လုံးဝတပ်မထားသင့်ပါဘူး။

မျက်ကပ်မှန်ဆေးရည်ထဲမှာပဲ စိမ်ပြီးတော့ သန့်ရှင်းစေသင့်ပါတယ်။ မျက်ကပ်မှန်ဘူးထဲက ဆေးရည်အဟောင်းထဲကို ဆေးရည်အသစ်နဲ့ ရောပစ်တာမျိုးလည်းမလုပ်သင့်ပါဘူး။

၂. မျက်ကပ်မှန်ဗူး

မျက်ကပ်မှန်ဗူးကို အသုံးပြုချိန်တိုင်းမှာ သန့်ရှင်းပေးခြင်းဖြင့် ဆေးရည်အသစ်ဖြည့် ပေးရမှာပါ။

ပိုးဝင်ပြီး ရောင်ရမ်းတဲ့အဓိက ပြဿနာဟာ မျက်ကပ်မှန်ဘူး မသန့်ရှင်းမှုကြောင့် ဖြစ်တာပါ။

မျက်ကပ်မှန်ဗူးတစ်ဗူးဟာ ၆ လကြာနေပြီဆိုရင် ဗက်တီးရီးယားတွေရှိနိုင်ခြေ အဆများစွာ ပိုလာပါတယ်။

၃. လက်မဆေးခြင်း

တစ်ချို့တွေက မျက်ကပ်မှန်ကို အဆင်ပြေသလို မျက်စိထဲထည့် တတ်ကြပါတယ်။

မျက်ကပ်မှန်သုံးမယ်ဆိုတိုင်း လက်စင်စင်ဆေးရပါ့မယ်။ မျက်ကပ်မှန်သုံးမယ်ဆိုတိုင်း လက်ဆေးတဲ့အကျင့်ကို ပျိုးထောင်ထားပါ။ ဒါမှသင့်မျက်လုံးအတွက် စိတ်ချရပါ့မယ်။

၎. အိပ်ချိန်မချွတ်ခြင်း

မျက်ကပ်မှန်တပ်ရက်နဲ့ အိပ်ပစ်လိုက်တဲ့အနေအထားကတော့ တော်တော်ကိုဆိုးပါတယ်။

သင့်မျက်လုံးအတွက်ရော မျက်ကပ်မှန်အတွက်ရော မကောင်းနိုင်ပါဘူး။

မျက်ကပ်မှန်မချွတ်ဘဲ ညအိပ်တဲ့အခါ Keratitis လို့ခေါ်တဲ့ မျက်ကြည်လွှာနီရဲရောင်ရမ်းနိုင်ခြေ ပိုများပါတယ်။

၅. စိတ်မချရသောဆေးရည်

FDA ထောက်ခံချက်မရှိတဲ့ မျက်ကပ်မှန်ဆေးရည်ဆိုရင် လုံးဝမသုံးပါနဲ့။ မိမိမျက်စိအတွက် စိတ်ချရတဲ့ပစ္စည်း ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။

Source: akhayar

Read times Last modified on Thursday, 09 February 2017 13:26
Rate this item
(1 Vote)