What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 January 2018 10:43

သင့်ကို ခြင်ပိုကိုက်ရတဲ့အကြောင်းရင်း (၇) ခု

သင့်ကို ခြင်ပိုကိုက်ရတဲ့အကြောင်းရင်း (၇) ခု google.com

သူများနဲ့ယှဉ်ထိုင်နေရင်း ကိုယ့်တစ်ယောက်ထဲကိုပဲ ခြင်တွေက ရွေးကိုက်ကြတယ်ဆိုရင် အကြောင်းရှိပါတယ်။

ဘာကြောင့် ခြင်ပိုကိုက်တာလဲ

၁. အရောင်ရင့်တဲ့ အဝတ်အစား

ခြင်တွေက အရောင်ရင့်တဲ့ အဝတ်အစားကို ကြိုက်နှစ်သက်ပါတယ်။ အနက်ရောင်ဝတ်တဲ့ သူကို အကိုက်ဆုံးပါပဲ။ ခြင်တွေက အဝေးကနေ ပစ်မှတ်ကို လှမ်းရှာတတ်တာကြောင့် အရောင်ရင့်ရင်ပိုမြင်လွယ်ပါတယ်တဲ့။

၂. ဘီယာနဲ့ အရက် သောက်သုံးခြင်း

ဘီယာသောက်ထားတဲ့ ညနေခင်းတွေမှာ ခြင်ကိုက်ပိုခံရတာ သတိထားမိပါသလား။ သူတို့ ကြိုက်တာက ဘီယာကိုတော့ ဟုတ်ပုံမရပါဘူး။ အရက်ကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပူချိန် မြင့်တက်မှုကို သိကြတာဖြစ်နိုင်ပါတယ်။

၃. အငန်နဲ့အချိုများတဲ့ အစားအစာများ

ကိုယ်စားတဲ့ အစားအစာတွေကြောင့်လည်း ခြင်တွေကို ပိုဆွဲဆောင်နေတာဖြစ်နိုင်ပါတယ်။ သူတို့က လူ့အရေပြားပေါ်မှာ အငန်များတဲ့အစားအစာတွေ၊ အချိုတွေကို အနံ့ခံ သိရှိနိုင်ပါတယ်။

အငန်များတဲ့ အစာကို စားရင် လက်တစ်အက်စစ်ပိုထွက်စေလို့ အာလူးကြော်၊ ငါးခြောက်ဖုတ် စတာတွေကိုစားထားရင် ခြင်တွေဝိုင်းနေမှာပါ။ ကိတ်မုန့်၊ ကွတ်ကီးစတဲ့အချိုများတာတွေကို စားထားရင်လည်း အလားတူပဲ ခြင်တွေ ပိုမျက်စိကျစေပါလိမ့်မယ်။

၎. ရေမွှေးနဲ့တခြားအမွှေးနံ့များ

ရေမွှေးအပါအဝင် အမွှေးနံ့အမျိုးမျိုးက ခြင်တွေကိုဆွဲဆောင်နိုင်ပါတယ်။ အမွှေးနံ့ရတဲ့သူကို ပိုကိုက်ကြမှာဖြစ်ပါတယ်။

၅. ဘက်တီးရီးယား

ခြင်တွေက ဘက်တီးရီးယားကို နှစ်သက်ကြပြီး အရေပြားပေါ်မှာလည်း ဘက်တီးရီးယားက အများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့်ကာကွယ်နိုင်မယ့်နည်းလမ်းက တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ပြီးတတ်နိုင်သလောက် သန့်ရှင်းစွာနေထိုင်ဖို့လိုပါတယ်။

၆. ကိုယ်ဝန်ဆောင်များ

ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ခြင်နှစ်ဆပိုကိုက်တယ်လို့ သုတေသနကဖော်ပြပါတယ်။ ကိုယ်ဝန်ဆောင်တွေက ကိုယ်အပူချိန်ပိုများပြီး ကာဘွန်ဒိုင်အောက်ဆိုက်ရှူထုတ်မှု ပိုများ တာကြောင့်လို့ ဆိုပါတယ်။

၇. ချွေးထွက်ခြင်း

ခြင်တွေက သင့်ရဲ့ချွေးထဲမှာရှိတဲ့ လက်တစ်အက်စစ်၊ အမိုးနီးယားနဲ့ ယူရစ်အက်စစ်တို့ကို အရမ်းကြိုက်ပါတယ်။ ဒါကြောင့်ကိုယ်က လေ့ကျင့်ခန်းလုပ်ထား တယ်ဆိုရင် ကြွက်သားတွေ ကြားမှာ လက်တစ်အက်စစ်က ဖြစ်ပေါ်လာနိုင်ပါတယ်။

ခြင်တွေက ကာဘွန်ဒိုင်အောက်ဆိုက်ကိုလည်း ကြိုက်တာကြောင့် အသက်ပြင်းပြင်း ရှူထုတ်သူတွေ နားကို ဝိုင်းနေတတ်ပါတယ်။ ဒါကြောင့်ပဲ လူကောင်ကြီးတဲ့သူတွေကို ခြင်တွေပိုကိုက်ပါတယ်။

Source: kumudranews

Read times Last modified on Tuesday, 02 January 2018 10:47
Rate this item
(1 Vote)