What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 February 2017 11:35

ဆောင်းရာသီမှာ အရေပြားကို ရေဓာတ်ထိန်းညှိပေးရ

ဆောင်းရာသီမှာ အရေပြားကို ရေဓာတ်ထိန်းညှိပေးရ Google.com

ဆောင်းတွင်းမှာဖြစ်တဲ့ အရေပြား ရေဓာတ်ခန်းခြောက်ခြင်း ပြဿနာကို ဖြေရှင်းဖို့အတွက် ရေသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ဆည်း တာထက် အရေပြားကို ရေဓာတ်ပြန်လည်ဖြည့်ဆည်းတာက ပိုပြီး ထိရောက်စေပါတယ်။

ဆောင်တွင်းမှာ အရေပြားရေဓာတ်ခန်း ခြောက်တာနဲ့ ခန္ဓာကိုယ် ရေခန်းခြောက်တာနဲ့က မတူပါဘူး၊ ဆောင်းတွင်းမှာ တိုက်တဲ့ လေက အအေးဓာတ်ပါပြီး အရေပြားအကြည်က လေနဲ့ ထိပြီး အရေပြားကို ခြောက်စေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲက ခြောက်တာမဟုတ်တဲ့အတွက် ရေသောက်ခြင်းကြောင့်  ရေဓာတ်ကိုဖြည့်တာ အကျိုးရှိပေမယ့် လုံလောက်မှာမဟုတ်ပါဘူး။

အပြင်ပိုင်းမှာရှိတဲ့ အရေပြားကိုရေဓာတ်ထိန်း သိမ်းပေးဖို့က ပိုပြီးလိုအပ်ပါတယ်။

နွေရာသီမှာ ရေဓာတ်ခန်းခြောက်တယ်ဆိုတာက ချွေးထွက်တာကြောင့် ဖြစ်စေပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ကုန်တဲ့အတွက် ရေပိုသောက်ဖို့ လိုအပ်ပါတယ်။

ရေနွေးနဲ့ ရေချိုးရင်

ချမ်းလို့ရေနွေးတွေနဲ့ ရေချိုးမယ်ဆိုရင်  အသားအရေပိုပြီး ခြောက်စေပါတယ်။

ပိုခြောက်တော့ ယားလို့ကုတ်မယ်ဆိုရင် အနာတွေပိုဖြစ်ပြီး အသားရေတွေ ထူလာပြီးတော့ နှင်းခူအဖြစ်ကို ပြောင်းသွားတတ် စေပါတယ်။

အရေပြားခြောက်နေတာကို ပြန်ကောင်းအောင် အဆီတစ်ခုခုလိမ်းမယ်၊ မျက်နှာဆိုရင် ခရင်မ်လိမ်းရမယ်၊ ဝက်ခြံရှိတဲ့သူတွေဆိုရင် ခရင်မ်အစား ဂျယ်ကို လိမ်းရပါ့မယ်။

ခြေဖနောင့်ကွဲတဲ့သူတွေဆိုရင်

ခြေဖဝါးကွဲတယ်ဆိုတာက အရေပြား အရမ်းအခြောက်လွန်ပြီးကွဲတာဖြစ်ပါတယ်။

ခြေဖဝါးလက်ဖဝါးကွဲတဲ့သူတွေဆိုရင် ညနေဘက် ရေချိုးတာကိုရှောင်ရပါ့မယ်။

ညနေဘက်ရေချိုးတာက ပိုပြီးကွဲစေပါတယ်။ မနက်ပိုင်းရေချိုးတာ အကောင်းဆုံးပါပဲ။ အဆီတစ်ခုခုလိမ်းပါ။ ရေနွေးနွေးလေးစိမ်ပေးလို့ရပါတယ်။

Source: kumudra journal

Read times
Rate this item
(1 Vote)