What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 February 2017 10:41

မာလကာရွက်ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးအတွက် များစွာသော ကောင်းကျိုးများ ရရှိနိုင်

မာလကာရွက်ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးအတွက် များစွာသော ကောင်းကျိုးများ ရရှိနိုင် Google.com

မာလကာရွက်မှာ ဗီတာမင် အေ၊ စီ နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်တဲ့အပြင် ကျန်းမာရေးကောင်းမွန်စေတဲ့ အမျှင်ဓာတ်နဲ့ လိုင်ကိုပင်းတွေ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အောက်ပါအကျိုးများစွာ ရရှိနိုင်ပါတယ်။

၁. မာလကာရွက် ရေနွေးကြမ်းက ဆီးချိုရောဂါသမားတွေအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ သွေးတွင်းသကြားအဆင့်ကို လျော့ကျစေနိုင်တာကြောင့်ပါ။

၂. သွားကိုက်တာ၊ သွားဖုံးရောင်တာနဲ့ ခံတွင်းမှ အနာတွေအတွက် မာလကာရွက်ကို ၀ါးပြီး ငုံထားပေးပါ။

၃. မာလကာရွက်ကို ပြုတ်ပြီး အအေးခံကာ ဦးရေပြားပေါ် နှိပ်နယ်ပြီး လိမ်းပေးပါက ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။

၎. ဓာတ်မတည့်မှုကြောင့် ယားယံတဲ့နေရာပေါ်မှာ မာလကာရွက်ကို ကြိတ်ပြီး လိမ်းပေးပါက ယားယံတာ သက်သာနိုင်ပါတယ်။

၅. လေပြွန်ရောင်နာနဲ့ ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

၆. ပိုးမွှားကိုက်လို့ ယားယံတဲ့ဝေဒနာတွေလည်း သက်သာနိုင်ပါတယ်။

၇. မာလကာရွက်က ကာဗိုဟိုက်ဒရိတ်မှ သကြားအဖြစ် ပြောင်းလဲမှုကို ရပ်တန့်နိုင်တဲ့အတွက် အစာစားချင်စိတ်ကို ချိုးနှိမ်နိုင်ပြီး ကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။

၈. မာလကာရွက် လက်ဖက်ရည်ရေနွေးကြမ်းက လေပွလေနာရောဂါကို သက်သာစေနိုင်ပြီး အစာအဆိပ်သင့်တဲ့ ဝေဒနာလည်း ပျောက်ကင်းနိုင်ပါတယ်။

၉. ၀မ်းပျက်ဝမ်းလျှောရောဂါနဲ့ ၀မ်းကိုက်ရောဂါကို သက်သာစေနိုင်တာက သူ့မှာ ပါဝင်တဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ်္တိကြောင့်ပါ။

၁၀. မာလကာရွက်ရေနွေးကြမ်းဟာ ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင်ဆာရောဂါကို ထိထိရောက်ရောက် ကုသနိုင်ပါတယ်။

၁၁. မျိုးပွားမှုဆိုင်ရာပြဿနာဖြစ်တဲ့ အမျိုးသားတွေအတွက်လည်း မာလကာရွက်က လွန်စွာ အသုံးဝင်ပါတယ်။

၁၂. မာလကာရွက်မှာ ဗီတာမင် စီ တွေ များစွာ ပါဝင်တဲ့အတွက် မျက်နှာပေါ်က ၀က်ခြံတွေ ပျောက်ကင်းဖို့ ကူညီနိုင်ပါတယ်။

၁၃. ခြစ်ရာကုတ်ရာပြတ်ရှရာလိုမျိုး အနာတွေပေါ်မှာလည်း ကြိတ်ပြီးသား မာလကာရွက်နဲ့ အုံထားပေးပါက ရောဂါပိုးမ၀င်ရောက်အောင် ကာကွယ်နိုင်ပါတယ်။ နားပြည်တည်နာရောဂါ (Ear Infection) ကိုလည်း သက်သာစေနိုင်ပါတယ်။ မာလကာရွက်ကို ရေနဲ့ ဆူအောင်ပြုတ်ပြီး အအေးခံကာ ယင်းနားထဲကို အစက်ချပေးပါ။

၁၄. မာလကာရွက် ကိုးရွက်ကို ရေ ငါးခွက်နဲ့ ရောစပ်ကာ နှစ်ခွက်စာ ကျန်အောင် ကျိုပြီး သောက်တာက သွေးလွန်တုပ်ကွေး ရောဂါကုသရာမှာ အသုံးဝင်နိုင်ပါတယ်။

၁၅. မာလကာရွက်ကို ကြိတ်ပြီး ရေနဲ့ ရောမွှေကာ မျက်နှာသစ်ပေးပါက မျက်နှာပေါ်က ဆားဝက်ခြံတွေ ပျောက်ကင်းနိုင်ပါတယ်။ အဲဒီအရည်နဲ့ မျက်နှာသစ်တာက အရွယ်မတိုင်ခင် အရေးကြောင်းတွေ မပေါ်ပေါက်အောင် ကာကွယ်နိုင်ပါတယ်။

Ref: good health journal

Read times Last modified on Tuesday, 28 February 2017 10:49
Rate this item
(1 Vote)