What's New




Tuesday, 23 May 2023 13:42

ဗီယက်နမ်မှ အလုပ်ခွင် နေ့လယ်နေ့ခင်း တစ်မှေးအိပ်သည့် အလေ့အထ

ဗီယက်နမ်မှ အလုပ်ခွင် နေ့လယ်နေ့ခင်း တစ်မှေးအိပ်သည့် အလေ့အထ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန်နိုင်ငံမှ ဗီယက်နမ်တွင် အလုပ်လာလုပ်သော  Tomomi သည် ဗီယက်နမ်ရှိ သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် နေ့လယ်စာစားပြီးနောက် အခင်းနှင့် ခေါင်းအုံးများကို ထုတ်ယူကာ အိပ်စက်ကြသည်ကို တွေ့ရသည့်အခါ အံ့သြမိသည်။

“ပြီးခဲ့တဲ့နှစ် အစောပိုင်းက ကျွန်တော် ဟနွိုင်းကို အလုပ်ကိစ္စနဲ့ ပထမဆုံး ရောက်တုန်းက နေ့လည်စာစားချိန် ရုံးခန်းထဲမှာ မီးတွေ ပိတ်လိုက်ကြပြီး လူတိုင်း တစ်ရေးအိပ်ကြတာ တွေ့တယ်" ဟု ဗီယက်နမ်နိုင်ငံရှိ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ် တိုမိုမီက ပြောကြားခဲ့သည်။

တိုမိုမီအဖို့ လုံးဝမမျှော်လင့်ထားသည့် အံ့ဩစရာ ဖြစ်ခဲ့သည်။ ဂျပန်တွင် များသောအားဖြင့်  တစ်နာရီကြာ နေ့လည်စာ နားချိန်တွင် နေ့လယ်စာ စားပြီးလျှင် မွန်းလွဲပိုင်း လုပ်ကိုင်ရမည့် အလုပ်များအတွက် အသင့်ပြင်ဆင်ကြလေ့ ရှိသည်။ 

.

ဗီယက်နမ်မှာ အလုပ်လာလုပ်ကြသည့် နိုင်ငံခြားသားများသည် သူတို့၏ လုပ်ဖော်ကိုင်ဖက်တို့က စောင်နှင့် ခေါင်းအုံးတို့ကို ထုတ်ယူပြီး ရုံးခန်းကြမ်းပြင်မှာ တစ်မှေး အိပ်စက်ကြသည်ကို အံ့အားသင့်ကြပါသည်။ နောက်တော့ သူတို့ကိုယ်တိုင်လည်း အလားတူပင် အိပ်စက်ကြသည်။

“အနောက်တိုင်းသားတစ်ယောက်အတွက်တော့ ဒါဟာ သိပ်ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပါပဲ၊ ရိုးရိုးသားသားပြောရရင် အဲဒါက နည်းနည်းတော့ ရယ်စရာကောင်းနေတယ်။ တကယ်လို့ ခင်ဗျားက အမေရိကန်ရုံးမှာ အလုပ်လုပ်တဲ့အခါ နေ့လည်စာစားချိန် တစ်ရေးတစ်မော အိပ်ရင် ခင်ဗျားကို လူပျင်းလို့ ထင်ကြလိမ့်မယ်။ ခင်ဗျားက အဆန်းပဲလို့  ထင်ကြလိမ့်မယ်"ဟု ဟိုချီးမင်းစီးတီးတွင် အင်္ဂလိပ်စာဆရာအဖြစ် အလုပ်လုပ်နေသော အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား Mark က ပြောသည်။ အမေရိကန်တွင် အလုပ်ခွင်မှာ နေ့လည်တစ်ရေးအိပ်သည်ကို အလုပ်ရှင်အများစုက မနှစ်မြို့ကြကြောင်း သူက ပြောသည်။  

.

တိုမိုမီအဖို့မှာမူ ဟနွိုင်းတွင် တစ်နှစ်ကျော်နေထိုင်ပြီးချိန်တွင်  ဂျပန်မန်နေဂျာများက အစ နေ့လည်စာ စားချိန်တွင် မျက်လုံးများ မှိတ်ပြီး တစ်မှေး အနားယူကြသည်ကို မြင်ခဲ့ပြီးသည့်နောက်တွင်  နေ့လယ်နေ့ခင်း တစ်မှေးအိပ်ခြင်းသည် ဗီယက်နမ် အလုပ်ခွင် ယဉ်ကျေးမှုတွင် အများသူငါ ကျင့်သုံးနေကျ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီး သူမကိုယ်တိုင်လည်း တစ်မှေးအိပ်စက်ခြင်းကို မြည်းစမ်းကြည့်ခဲ့သည်။ 

"ဇူလိုင်လ ရက်တစ်ရက်မှာ ကျွန်မ နေ့လယ်စာ မစားဘဲ နာရီဝက် အိပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမွန်းလွဲပိုင်းမှာ ကျွန်မ မမျှော်လင့်တာကို ကြုံရတယ်။ တစ်မှေးအိပ်ပြီး ပြန်နိုးလာတဲ့အခါ ကြည်လင်လန်းဆန်းနေတယ်။  ခါတိုင်း ကော်ဖီသောက်ပြီး လန်းအောင် လုပ်ထားတဲ့အတိုင်း ဖြစ်နေပါတယ်" ဟု တိုမိုမီက သူမ၏ နေ့လယ်နေ့ခင်း တစ်မှေးအိပ်သည့် ပထမဆုံး အတွေ့အကြုံကို ပြောပြသည်။ 

.

Mark သည် ဟိုချီမင်းစီးတီးတွင် စာသင်ပြခဲ့သည်မှာ ၆ နှစ်ကြာပြီဖြစ်သည်။ သူသည်  မွန်းတည့်ချိန်တွင် မိနစ် ၃၀ တစ်မှေးအိပ်သည့်အကျင့် ရနေသည်မှာ ယခုအထိဖြစ်သည်။ 

“ဆယ်ကျော်သက် ကျောင်းသူကျောင်းသားတွေက ညဘက်မှာ အိပ်ရေးဝဝ မအိပ်တဲ့ညတွေ ရှိတယ်။ ညဉ့်နက်တဲ့အထိ မအိပ်ဘဲ နေကြတယ်။ နောက်နေ့ နေ့လည်ကျတော့မှ တစ်မှေးအိပ်ပြီး အိပ်ချိန်ကို ပြန်ဖြည့်ကြတယ်" ဟူ သူက ပြောသည်။ 

.

နေ့လယ်နေ့ခင်း တစ်မှေးအိပ်ခြင်းသည် ဗီယက်နမ်နိုင်ငံ တစ်နိုင်ငံတည်းမှာသာ ရှိနေသည့် လုပ်ငန်းခွင် ယဉ်ကျေးမှု မဟုတ်ပါ။ အခြားနိုင်ငံ အချို့တို့တွင်လည်း ကျင့်သုံးကြပါသည်။ 

.

စပိန်နိုင်ငံတွင် တစ်နေ့တာ အလုပ်ချိန်ကို နှစ်ပိုင်းခွဲထားသည်။ မနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိကို တစ်ချိန်၊ ထို့နောက် နေ့လယ်နေ့ခင်း တစ်မှေးအိပ်ချိန် ၂ နာရီပေးထားပြီး မွန်းလွဲ ၄ နာရီမှာ အလုပ်ပြန်စပြီး ည ၈ နာရီအထိ လုပ်ကိုင်ကြသည်။ တစ်နေ့တာ၏ အပူဆုံးအချိန်ကို အနားပေးထားလိုက်ခြင်း ဖြစ်သည်။ 

.

Mark  က "အရေးအကြီးဆုံးက အိပ်နေတဲ့သူတွေံ အလုပ်ပြန်စချိန်မှာ အချိန်မီ ပြန်ထကြဖို့ ဖြစ်ပါတယ်။ မွန်းလွဲပိုင်းမှာ နွမ်းနယ်မနေတော့ဘဲ အင်ပြည့်အားပြည့်ဖြင့် အလုပ်ကို ထိထိရောက်ရောက် လုပ်ကြဖို့ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

Source vnexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 23 May 2023 13:43
Rate this item
(0 votes)