What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 16:29

ကျောက်မဲမြို့နယ်အတွင်း ပိတ်မိနေသောကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၇၇ ဦး အားလုံးပိုးမတွေ့

ကျောက်မဲမြို့နယ်အတွင်း ပိတ်မိနေသောကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၇၇ ဦးကို ကိုဗစ်-၁၉ ပိုးရှိ/မရှိ

rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးရာ အားလုံးပိုးမတွေ့ဟု သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် အောက်တိုဘာလ ၃ ရက်က ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၇၇ သာစစ်ဆေးနိုင်ခဲ့ပြီး ကျန်ရှိသူများကို ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ စတင်ပြီး COVID 19 rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာ ရှိ Check Point -2 အနီးတွင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၇၇ ဦးစစ်ဆေးနိုင်ခဲ့ပြီး အားလုံး ပိုးမတွေ့ Negative ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းနှင့်ပြည်နယ်များမှ ဖြတ်သန်းဝင်ရောက်လာပါက ကုန်တင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးဌာက (၂) ပတ်အတွင်း ထုတ်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုရမည်ဟု ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်ထိန်းချုပ်ရေးကော်မတီမှ စက်တင်ဘာ ၃၀ ရက်နေ့က စာဖြင့်ညွှန်ကြားထားခဲ့ခြင်းများ ရှိခဲ့သည်။
ယင်းကြောင့် ကျောက်မဲမြို့နယ်အတွင်း ပိတ်မိနေသည့် အခြားတိုင်းနှင့် ပြည်နယ်များမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ယမန်နေ့ကစ၍ စတင်စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။

MDN

Read times
Rate this item
(0 votes)